China(Beijing)

တရုတ်နိုင်ငံသည် အမေရိကန်ပြည်ထောင်စုနှင့် ကုန်သွယ်ရေးစစ်ပွဲ ဖြစ်ပွားနေစဉ်ကာလအတွင်း လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီမှုစာချုပ်အရေအတွက် တိုးတက်ဆောင်ရွက်ခဲ့ခြင်း

Last Updated:

           တရုတ်နိုင်ငံသည် အမေရိကန်ပြည်ထောင်စုနှင့် ကုန်သွယ်ရေးစစ်ပွဲဖြစ်ပွားနေသည့် ကာလအတွင်း နိုင်ငံပေါင်း ၂၅ နိုင်ငံနှင့် လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီမှု ၁၇ ခုအား လက်မှတ်ရေးထိုးခဲ့ကြောင်း၊ အဆိုပါကာလ အတွင်း အမေရိကန်ပြည်ထောင်စုအနေဖြင့်မူ နိုင်ငံပေါင်း ၂၀ နှင့် လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက် ၁၄ ခုသာ လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ကုန်သွယ်ရေးသဘောတူညီမှုများ လက်မှတ်ရေးထိုး နိုင်ခဲ့သည့် နိုင်ငံပေါင်း ၂၅ နိုင်ငံ၏ စုစုပေါင်းလူဦးရေမှာ ၁.၀၅ ဘီလီယံရှိပြီး အမေရိကန်ပြည်ထောင်စုအနေနှင့်မူ လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီမှု လက်မှတ်ရေးထိုးနိုင်ခဲ့သည့် နိုင်ငံပေါင်း ၂၀ ၏ စုစုပေါင်းလူဦးရေမှာ ၄၇၃.၆ သန်းသာရှိကြောင်း၊ အမေရိကန်ပြည်ထောင်စုအနေဖြင့် သမ္မတ ဒေါ်နယ်ထရန့် စတင်တာဝန်ထမ်းဆောင်သည့် အချိန်၌ လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီမှု ၁၅ ခု ရှိခဲ့သော်လည်း ပစိဖိတ် သမုဒ္ဒရာဖြတ်ကျော် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ် (Trans-Pacific Partnership-TPP) မှနုတ်ထွက်ခဲ့သဖြင့် လွတ်လပ်သော ကုန်သွယ် ရေးသဘောတူညီမှု ၁၄ ခုသာ ကျန်ရှိတော့ကြောင်း၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ကုန်သွယ်ရေးတွင် ပြည်တွင်းလုပ်ငန်းများကို ပြည်ပယှဉ်ပြိုင်မှုမှ ကာကွယ်ပေးသည့် မူဝါဒများနှင့် အမေရိကန်သာ ပထမဖြစ်ရမည်ဆိုသည့် မူဝါဒများအား ကိုင်စွဲထားကြောင်း၊ အမေရိကန်နိုင်ငံ၊ ကုန်သွယ်ရေးကိုယ်စားလှယ်အဖွဲ့ရုံး၏ ထုတ်ပြန်ချက်အရ ၂၀၁၇ ခုနှစ်မှစတင်၍ အမေရိကန်နိုင်ငံသည် ဂျပန်၊ ဗြိတိန်၊ တရုတ်နိုင်ငံတို့နှင့် ကုန်သွယ်ရေးအငြင်းပွားမှုများအား ညှိနှိုင်း ဆွေးနွေးလျက်ရှိပြီး လွတ်လပ်သော  ကုန်သွယ်ရေးသဘောတူညီမှုအဖြစ် ကနေဒါ၊ မက္ကဆီကိုနိုင်ငံတို့နှင့် အမေရိကန်-မက္ကဆီကို-ကနေဒါ သဘောတူညီချက် (United States- Mexico-CanadaAgreement-USMC) တစ်ခုသာ လက်မှတ် ရေးထိုးနိုင်ခဲ့ကြောင်း၊ အဆိုပါသဘောတူညီချက်သည် အမေရိကန်သမ္မတ၏ တောင်းဆိုမှုကြောင့် ယခင် သဘောတူညီ ခဲ့သည့် North American Free Trade Agreement  အား မွမ်းမံပြင်ဆင်၍ ၃၀.၁၁.၂၀၁၈ ရက်နေ့တွင် သဘောတူ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း၊ တရုတ်နှင့်အမေရိကန်ကုန်သွယ်ရေးစစ်ပွဲ ဖြစ်ပွားနေသည့် ကာလအတွင်း တရုတ်နိုင်ငံအနေဖြင့် အနာဂတ်တွင် စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှုရှိအောင် ဆောင်ရွက်လျက်ရှိပြီး လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်များရရှိရန် အရှိန်အဟုန်ဖြင့် တိုးချဲ့ဆောင်ရွက်လျက်ရှိကြောင်း၊ တရုတ် နိုင်ငံသည် လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီမှု ၁၂ ခုအား ဆက်လက်ဆွေးနွေးညှိနှိုင်းလျက်ရှိပြီး ဒေသတွင်း ဘက်စုံစီးပွားရေးသဘောတူညီချက်  (Regional Comprehensive Economic Partnership _RCEP) သည်လည်း တစ်ခုအပါအဝင်ဖြစ်ကြောင်း၊ အဆိုပါ RCEP သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်မည်ဆိုပါက စာချုပ်အဖွဲ့ဝင်နိုင်ငံ များ၏ စုစုပေါင်းလူဉီးရေသည် ကမ္ဘာ့လူဦးရေ စုစုပေါင်း၏ ၃ ပုံ ၁ ပုံ (၂.၃၃ ဘီလီယံ) ဖြစ်မည်ဟု သိရှိရပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ ပေကျင်းမြို့)

Category: China(Beijing)