China (Kunming)

တရုတ်နိုင်ငံသည် အလုပ်အကိုင်များထိန်းထားရန်အတွက် စီးပွားရေး လုပ်ငန်းများအား အမေရိကန်ဒေါ်လာ ၉ ဘီလီယံခန့် ပေးအပ်ရန်စီစဉ်

Last Updated:

တရုတ်နိုင်ငံသည် ယခုနှစ် ၂၀၂၂ နှစ်တွင် စီးပွားရေးလုပ်ငန်းများအတွက် ယွမ်ငွေ ၆၄.၆၃ ဘီလီယံ (အမေရိကန်ဒေါ်လာ ၉.၁၉ ဘီလီယံ) ကို ပေးအပ်ရန် ကမ်းလှမ်း ထားပြီး ယခုနှစ်တွင် အလုပ်လက်မဲ့ဖြစ်မှုမှ သက်သာစေရန် ကြိုးပမ်းမှုများ အရှိန်မြှင့် လုပ်ဆောင်လျက်ရှိကြောင်း၊ အလုပ်လက်မဲ့ အာမခံပြန်အမ်းငွေ စုစုပေါင်း ယွမ် ၄၄.၈၄ ဘီလီယံကို လုပ်ငန်းပေါင်း ၇.၂၁ သန်း (သို့မဟုတ်) လူမှုဖူလုံရေးကွန်ယက် social security net  အစီအစဉ်တွင် အကျုံးဝင်သည့် အလုပ်ရှင်အားလုံး၏ ထက်ဝက်ကျော်ကို ယခုနှစ် ပထမရှစ်လအတွင်း ပေးအပ်ခဲ့ကြောင်း လူ့စွမ်းအားအရင်းအမြစ်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရှိရသည်။

၂၀၂၁ ခုနှစ်တစ်ခုလုံးအတွက် ငွေကြေးပမာဏနှင့် အကျိုးခံစားခွင့်ရှိသူအရေအတွက်သည် ၁.၉ နှင့် ၁.၈ ဆ အသီးသီးရှိကြောင်း၊ တစ်ကြိမ်တည်းထောက်ပံ့မှုတွင် ယွမ် ၁၉.၆၈ ဘီလီယံခန့်ကို COVID-19 ဖြစ်ပွားမှု ဒဏ်ခံရသောဒေသများရှိ ကုမ္ပဏီပေါင်း ၃.၉၆ သန်းနှင့် အစားအသောက်ကဏ္ဍအပါအဝင် COVID-19 ဖြစ်ပွားမှုဒဏ် အပြင်းထန်ဆုံးခံစားရသော စက်မှုလုပ်ငန်းငါးခုတွင် ပေးအပ်ခဲ့ကြောင်း၊ ကောလိပ်နှင့် တက္ကသိုလ်ဘွဲ့ရများအား အလုပ်အကိုင်ရှာဖွေရာတွင် ကူညီပေးရန်အတွက် အစိုးရက ကုမ္ပဏီပေါင်း ၃၃,၀၀၀ အတွက် စုစုပေါင်းထောက်ပံ့ငွေ ယွမ် သန်း ၁၁၀ ကို ပေးအပ်ခဲ့ပြီး ဘွဲ့ရ ၁၀၃,၀၀၀ ခန့်ကို အကျိုးပြုခဲ့ပါသည်။

တရုတ်နိုင်ငံ၏ သန်း ၁၆၀ ထက်ပိုသော စျေးကွက်အဖွဲ့အစည်းများသည် စီးပွားရေး၏အုတ်မြစ်ဖြစ်ပြီး အလုပ်အကိုင်ပေါင်း သန်း ၆၀၀ ကို ပေးနေရာ အလုပ်အကိုင် တည်ငြိမ်မှုအတွက် အရေးကြီးကြောင်း၊ အလုပ်အကိုင်ရရှိရေး ထောက်ပံ့ပေးသော ရန်ပုံငွေများသည် အလုပ်ရှင်များအား အလုပ်အကိုင်များ ထိန်းသိမ်းရန်၊ စီးပွားရေး ယုံကြည်မှုမြှင့်တင်ရန်နှင့် စီးပွားရေးတည်ငြိမ်စေရန် တွန်းအားပေးလိမ့်မည်ဖြစ်ကြောင်း Capital University of Economics and Business မှ Zhang Chenggang ၏ ပြောကြားချက်အရ သိရသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ကူမင်းမြို့)
ရင်းမြစ်-yunnangateway.com/html/2022/editorspick_0927/25895.html

 

Category: China (Kunming)