China(Beijing)

တရုတ်နိုင်ငံသည် အီကွေဒေါနိုင်ငံနှင့် လုပ်ငန်းများ ပြန်လည်စတင်နိုင်မည့် နည်းလမ်းများ တည်ထောင်သွားမည်ဖြစ်ခြင်း

Last Updated:

တရုတ်နိုင်ငံသည် အီကွေဒေါနိုင်ငံ၏ ကုမ္ပဏီအချို့မှ ပုဇွန်တင်သွင်းမှုကန့်သတ်လိုက်ခြင်းကြောင့် အီကွေဒေါနိုင်ငံဖက်မှ စိုးရိမ်ပူပန်မှုများဖြစ်ပေါ်လျက်ရှိမှုအပေါ်အပြည့်အဝနားလည်ပါကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ကုမ္ပဏီ အနည်းငယ်အတွက်သာ ကန့်သတ်မှုများဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး တရုတ်နိုင်ငံနှင့် အီကွေဒေါနိုင်ငံတို့အကြားတွင် ကန့်သတ်မှုများအား ဖြေလျှော့နိုင်စေမည့်နည်းလမ်းများအား သက်ဆိုင်ရာဌာနများအနေဖြင့် နီးကပ်စွာ ပူးပေါင်းလုပ်ဆောင်လျက်ရှိကြောင်း၊ နှစ်ဖက်စလုံးအနေဖြင့် ဆောင်ရွက်မည့်နည်းလမ်းများ၊ ကုစားနိုင်မည့်စီမံဆောင်ရွက်မှုများအား သဘောတူညီခဲ့ပြီးလည်းဖြစ်ကြောင်း၊ သဘောတူညီထားသည့် အခြေအနေများနှင့် ကိုက်ညီ မှုရှိပါက သက်ဆိုင်ရာကုမ္ပဏီများအနေဖြင့် တရုတ်နိုင်ငံသို့ အေးခဲပုဇွန်များ ပြန်လည်တင်ပို့ခွင့်ရရှိမည်ဖြစ်ပြီး နှစ်နိုင်ငံအကြား စားသောက်ကုန်ပစ္စည်းများ ကူးသန်းရောင်းဝယ်မှုအဆင်ပြေ ချောမွေ့တိုးတက်လာရန် ကြိုးပမ်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် အီကွေဒေါနိုင်ငံမှ တင်သွင်းခဲ့သည့် ပုဇွန်များထုတ်ပိုးခွံများတွင် COVID-19 ရောဂါပိုး စမ်းသပ်တွေ့ရှိခဲ့ရပြီးနောက် အီကွေဒေါကုမ္ပဏီ အများစုအား တင်ပို့ခွင့်လိုင်စင်ဆိုင်းငံ့ ခဲ့ကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ခဲ့ခြင်းသည် တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ကမ္ဘာ့ကုလသမဂ္ဂ၏ အစားအစာနှင့် စိုက်ပျိုးရေးအဖွဲ့အစည်းတို့မှ ပူးတွဲချမှတ် ထုတ်ပြန်ကြေညာခဲ့သည့် “စားသောက်ကုန် လုပ်ငန်းများအတွက် လမ်းညွှန်ချက်”နှင့်အညီ စားသောက်ကုန်လုပ်ငန်းများနှင့်ပတ်သက်၍ ကမ္ဘာ့ကပ်ရောဂါကာကွယ်တားဆီးနိုင်ရေးဆိုင်ရာ ပြည်သူလူထုကျန်းမာရေးနှင့် တင်သွင်းလာသည့် စားသောက်ကုန်ပစ္စည်းများ လုံခြုံစိတ်ချရမှုအပေါ် အာမခံသည့် စီမံဆောင်ရွက်မှုများအား ချမှတ်အကောင်အထည်ဖော်လျက်ရှိကြောင်း၊ ယခုကဲ့သို့ အီကွေဒေါနိုင်ငံမှ တင်ပို့မှုဆိုင်းငံ့ခဲ့ခြင်းသည့်နိုင်ငံအနေဖြင့် ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ သည့် စီမံဆောင်ရွက်မှုများ၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံများအနေဖြင့် နိုဗယ်ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုများအား ထိန်းချုပ်ဆောင်ရွက်နိုင်ရန် အားစိုက်လုပ်ကိုင်နေသကဲ့သို့ စီးပွားရေးပြန်လည်ဉီးမော့ လာနိုင်စေရန် လုပ်ဆောင်နေလျက်ရှိသည်ဟု တရုတ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Wang Wenbin မှ သတင်းစာရှင်းလင်းပွဲ တစ်ရပ်တွင်ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

 

(စီးပွားရေးသံမှူး၊ပေကျင်း)

ရင်းမြစ်: https://www.globaltimes.cn/content/1195258.shtml

Category: China(Beijing)