China(Beijing)

တရုတ်နိုင်ငံသို့ ဝင်ရောက်မည့် လေကြောင်းခရီးစဉ်အားလုံးအနေဖြင့် COVID-19 ရောဂါ ကင်းစင်ကြောင်း ပြသရန်လိုအပ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ခြင်း

Last Updated:

တရုတ်အာဏာပိုင်များသည် နိုင်ငံအတွင်းသို့ ကမ္ဘာ့ကပ်ရောဂါကူးစက်ပျံ့နှံ့မှုမှ ကာကွယ်နိုင်ရန် ကြိုးပမ်းအားထုတ်မှုတစ်ရပ်အနေဖြင့် ပြည်ပနိုင်ငံများမှ နိုင်ငံအတွင်းသို့ လာရောက်မည့်သူအားလုံးအား သက်ဆိုင်ရာနိုင်ငံမှ တရုတ်နိုင်ငံသို့ ခရီးမထွက်ခွာမီ (၅) ရက်ကြိုတင်၍ သက်ဆိုင်ရာနိုင်ငံအသီးသီးရှိ တရုတ်နိုင်ငံဆိုင်ရာ သံရုံးများမှ သတ်မှတ် (သို့) အသိအမှတ်ပြုထားသည့် ကျန်းမာရေးစင်တာများ၌ စစ်ဆေးထားသည့် nucleic acid စစ် ဆေးမှု အဖြေအား ပြသရန်လိုအပ်သည့် ကြေညာချက်အား (၂၁-၇-၂၀၂၀) ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း၊ အဆိုပါထုတ်ပြန်ကြေညာချက်အား တရုတ်နိုင်ငံမြို့ပြလေကြောင်း စီမံခန့်ခွဲမှုအဖွဲ့ (CAAC)၊ အကောက်ခွန် အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့မှ ပူးတွဲထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ ကြေညာချက်အရ တရုတ်နိုင်ငံသို့ ပြန်လည်ဝင်ရောက်လာမည့် နိုင်ငံသားများအနေဖြင့် wechat တွင် ပါရှိသည့် health mini-program တွင် negative nucleic acid test results အား တင်ပြထားရန်လိုအပ်ကြောင်း၊ နိုင်ငံခြားသားများအနေဖြင့် negative nucleic acid test results များတင်ပြ၍ သက်ဆိုင်ရာ တရုတ်သံရုံး/ ကောင်စစ်ဝန်ချုပ်ရုံးများထံတွင် ကျန်းမာရေးလက်မှတ်လျှောက်ထားရန် လိုအပ်ကြောင်း၊ သက်ဆိုင်ရာလေကြောင်းလိုင်းများ အနေဖြင့် ခရီးသည်၏ ကျန်းမာရေး codes (သို့) အသိအမှတ်ပြုလက်မှတ်များအား စစ်ဆေးရမည်ဖြစ်ပြီး အဆိုပါ သတ်မှတ်ချက်များ တင်ပြနိုင်ခြင်းမရှိပါက တရုတ်နိုင်ငံသို့ ထွက်ခွာမည့် လေကြောင်းခရီးစဉ်သို့ လိုက်ပါခွင့်ပြုမည်မဟုတ်ကြောင်း၊ ယခုကဲ့သို့ဆောင်ရွက်ခြင်းသည် နိုင်ငံဖြတ်ကျော်၍ လူပုဂ္ဂိုလ်များ ရွှေ့လျားသွားလာမှုများ တိုးတက် လျင်မြန်စေရန်နှင့် အာမခံချက်ရှိစေရန်ဖြစ်ပြီး လုပ်ငန်းများ၊ ထုတ်လုပ်ရေးများ ပြန်လည်စတင်နိုင်စေရန်၊ people-to-people exchanges များ ဆောင်ရွက်နိုင်စေရန် ဖြစ်ကြောင်း၊ သက်ဆိုင်ရာ တရုတ်သံရုံးများ အနေဖြင့် တည်ရှိသည့် နိုင်ငံများတွင် nucleic acid  စစ်ဆေးပေးနိုင်မှုအပေါ်  မူတည်၍ အထူးစီမံဆောင်ရွက်မှုများအား သီးခြားထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း၊ တရုတ် နိုင်ငံအနေဖြင့် ပြည်တွင်း၌ ကူးစက်မှုအား ထိန်းချုပ်ထားနိုင်သော်လည်း ပြည်ပမှ ရောဂါကူး စက်မှုများဝင်ရောက်လာမှုအား တားဆီးနိုင်ရန်မှာ ကြီးမားသည့်ဖိအား ဖြစ်သည့်အတွက် လို အပ်သည့်စီမံဆောင်ရွက်မှုများအား အချိန်နှင့်တပြေးညီ ချမှတ် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှပြောရေးဆိုခွင့်ရှိသူ Wang Wenbin မှ သတင်းစာရှင်းလင်းပွဲ တစ်ရပ်တွင် ပြောကြားခဲ့ကြောင်း၊ တရုတ်နိုင်ငံမြို့ပြလေကြောင်း စီမံခန့်ခွဲမှုအဖွဲ့ (CAAC) မှ ထုတ်ပြန်ခဲ့သည့်အချက်အလက်များအရ တရုတ်နိုင်ငံလေကြောင်းလိုင်းများသည် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လအတွင်း၌ အပြည်ပြည်ဆိုင်ရာလေကြောင်းခရီးစဉ်များဖြင့် ခရီးသည်ပေါင်း (၁၄၀, ၀၀၀) ဉီးအား ပို့ဆောင်ပေးခဲ့ပြီး အဆိုပါပမာဏသည် ပြီးခဲ့သည့်နှစ်ကာလတူ၏ (၂.၃) ရာ ခိုင်နှုန်းသာရှိကြောင်း သိရှိပါသည်။

 

(စီးပွားရေးသံမှူး၊ပေကျင်း)
ရင်းမြစ်: https://www.globaltimes.cn/content/1195213.shtml

Category: China(Beijing)