China (Kunming)

တရုတ်နိုင်ငံ၊ယူနန်ပြည်နယ်၊ကူမင်းမြို့တွင် တင်သွင်းလာသော သစ်သီးဝလံများကို ကြီးကြပ်ကွပ်ကဲလျှက်ရှိခြင်း

Last Updated:

တင်သွင်းသော သစ်သီးဝလံများ ထိန်းချုပ်ခြင်းဆိုင်ရာသတိပေးချက်ကို ၁၂-၁-၂၂ ရက်နေ့က တရုတ်နိုင်ငံ၊ ကူမင်းတွင် ထုတ်ပြန်ခဲ့ပါ သည်။

၂၀-၁-၂၂ ရက်နေ့မှစတင်၍ နျူကလိယ-အက်ဆစ် စမ်းသပ်ခြင်းနှင့် ပိုးသတ်ရန်အတွက် တင်သွင်းလာသော သစ်သီးဝလံများကို နမူနာယူမည်ဖြစ်ကြောင်း၊ တင်သွင်းလာသော သစ်သီးဝလံများ သိုလှောင်ရောင်းချခြင်းနှင့် ပြုပြင်ခြင်းအတွက် လိုအပ်သော လက်မှတ်ဆိုင်ရာ အသိပေးစာတွင် ဖော်ပြထားသည်။ တင်သွင်းလာသော သစ်သီးဝလံများ၏ ပင်ရင်းဒေသကိုမသိရှိဘဲ စားသုံးခြင်း မပြုရန်လည်း ပြည်သူများကို အသိပေးတောင်းဆိုထားကြောင်း သိရှိရပါသည်။  

 

(မြန်မာစီးပွားရေးသံမှူး၊ ကူမင်းမြို့)

အရင်းအမြစ်- Kunming steps up oversight on imported fruits - News - Yunnan Express , http://english.yunnnan.cn/html/2022/consulgeneral-0114/27725.html

 

Category: China (Kunming)