China(Nanning)

တရုတ်နိုင်ငံ၏ ကိုဗစ်ကန့်သတ်ချက်များကြောင့် တရုတ်-ဗီယက်နမ်နယ်စပ်တွင် ကုန်တင်ယာဉ် အစီးနှစ်ထောင်ခန့် စုပုံနေ

Last Updated:

ဗီယက်နမ်နိုင်ငံမြောက်ပိုင်း တရုတ်နိုင်ငံနှင့် နယ်စပ်မြို့ဖြစ်သည့် Lang Son ရှိ နယ်စပ်ဂိတ် (၃) ပေါက်တွင် ဗီယက်နမ်ဘက်မှ ကုန်စည်များကို တင်ဆောင်ထားသည့် ကုန်တင်ယာဉ်စီးရေနှစ်ထောင်ခန့် တန်းစီနေရဆဲဖြစ်ပြီး၊ ၎င်းယာဉ်များ၏ (၈၀) ရာခိုင်နှုန်းမှာ လတ်ဆတ်လယ်ယာစိုက်ပျိုးရေးထွက်ကုန်များကို တင်ဆောင်ထားကြောင်း သိရပါသည်။

တရုတ်နိုင်ငံမှ တင်းကြပ်သည့် Covid-19 စီမံဆောင်ရွက်မှုများကို ဆက်လက်ကျင့်သုံးနေဆဲဖြစ်သဖြင့် ကုန်တင်ယာဉ်တစ်စီး ဖြတ် သန်းသွားရန် (၁၀) ရက်မှ (၁၅) ရက်ကြား ကြာမြင့်နေကြောင်း၊ Lang Son ဒေသအာဏာပိုင်များက နယ်စပ်မှ ကုန်တင်ယာဉ်များ ဖြတ်သန်းရာတွွင် ထိတွေ့မှုမရှိစေရန် ကုန်တင်ယာဉ်တံခါးများကို ချိပ်ပိတ်ပြီးမှ ဖြတ်သန်းမည်ဖြစ်ကြောင်း တရုတ်ဒေသအာဏာပိုင် များထံ အဆိုပြုထားရာ တရုတ်အာဏာပိုင်များက စဉ်းစားနေကြောင်း သိရပါသည်။ Lang Son ဒေသအာဏာပိုင်များက ဖေဖော်ဝါရီ လ (၂၅) ရက်နေ့အထိ လတ်ဆတ်သစ်သီးဝလံများ တင်ဆောင်လာသည့်ယာဉ်များကို ဖြတ်သန်းခွင့်ကို ရပ်နားထားပါသည်။

တရုတ်နိုင်ငံမှ ဗီယက်နမ်မှ လယ်ယာစိုက်ပျိုးရေးထွက်ကုန်များ၊ သစ်တောထွက်ကုန်များနှင့် ရေထွက်ကုန်များကို ဒုတိယအများဆုံး တင်ပို့နေသည့် ဈေးကွက်ကြီးဖြစ်ပြီး၊ ယခင်နှစ် ပထမ (၁၁) လအတွင်း ၎င်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၈.၄) ဘီလီယံရရှိခဲ့ကာ၊ ဗီယက်နမ်၏ စုစုပေါင်းလယ်ယာစိုက်ပျိုးရေးထွက်ကုန်တင်ပို့မှု၏ (၁၉.၂) ရာခိုင်နှုန်းခန့်ရှိကြောင်း သတင်းရရှိပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

 ရင်းမြစ်၊ vnexpress (၁၆-၂-၂၀၂၂)

Category: China(Nanning)