China (Kunming)

တရုတ်နိုင်ငံ၏ ကိုရိုနာဗိုင်းရပ်ထိန်းချုပ်မှုအစီအမံများ ကုန်စည်သယ်ယူပို့ဆောင်ရေးကို အနှောက်အယှက်ဖြစ်စေ၍ လယ်သမားများ ဟင်းသီးဟင်းရွက်ပုပ်မည့်အချိန်ကိုသာ စောင့်ကြည့်နေရ

Last Updated:

တရုတ်နိုင်ငံတစ်ဝှမ်း ဗိုင်းရပ်စ်ထိန်းချုပ်မှုများက ကုန်စည်များဈေးကွက်သို့ ပို့ဆောင်ခြင်းကို ဟန့်တားထားသောကြောင့် လယ်သမားများသည် ကောက်ပဲ ခင်းများကို ဖျက်ဆီးပစ်ရန် ဖိအားပေးခံနေရကြောင်း တရုတ်နိုင်ငံ၏ စားနပ် ရိက္ခာဖူလုံရေး ရည်မှန်းချက်များကို ထိုးနှက်ချက်တစ်ခု ဖြစ်လာနိုင်ကြောင်း  ယင်းအရှုံးကို လျှော့ချရန်အတွက် လာမည့်နှစ်တွင် ထုတ်လုပ်မှုကို လျှော့ချရန် လယ်သမားအများအပြား စိုးရိမ်နေကြကြောင်း သိရှိရပါသည်။

ပြင်းထန်သော ကိုရိုနာဗိုင်းရပ် ကန့်သတ်ချက်များကြောင့်  ထွက်ကုန်များကို မရောင်းချနိုင်ဘဲ စိတ်ပျက်အားငယ်နေသော တရုတ်လယ်သမားများအား ၎င်းတို့၏ ကောက်ပဲသီးနှံများကို ဖျက်ဆီးပစ်ရန် တွန်းအားပေးနေပြီး တင်းကြပ်သော စီးပွားရေး ပိတ်ပင်မှုများနှင့် စားနပ်ရိက္ခာဖူလုံမှု အပေါ်ခြိမ်းခြောက်မှုတို့ကို မီးမောင်းထိုးပြနေသည်။

ဒေသဆိုင်ရာ ဗိုင်းရပ်စ်ထိန်းချုပ်မှုများက ကျေးလက်ဒေသများစွာကို ဖြတ်သန်းသွားလာခြင်းကို တားဆီးထားသောကြောင့် လယ်သမားများ ရိတ်သိမ်းထားသော သီးနှံများရောင်းချရန် ရုန်းကန်နေရကြောင်း  ဟီနန်၊ ဂန်းဆု၊ ရှန်ဒုံးနှင့် ဟီဘေး ပြည်နယ်များမှ လယ်သမားများအား နောက်သီးနှံအတွက် မျိုးစေ့များကြဲရန် ဟင်းသီးဟင်းရွက်စိုက်ခင်းများကို ဘူဒိုဇာဖြင့် ဖျက်ဆီးခိုင်းခဲ့ကြောင်း သတင်းများအရ သိရသည်။

ဟီနန်ပြည်နယ် Ruzhou မြို့တွင်  နွေကြက်သွန်နီ ကီလိုဂရမ် ၃.၅ သန်း၊ ဟင်းနုနွယ် ကီလိုဂရမ် ၁ သန်းနီးပါးနဲ့ တရုတ်ဂေါ်ဖီထုပ် ကီလိုဂရမ် ၁၉၁ သန်းကို ထုတ်လုပ်ခဲ့ပြီး ဒေသခံတွေဟာ ဆယ်ပုံတစ်ပုံလောက်သာ စားသုံးနိုင်ခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ကြောင်း ကျန်အများစုမှာ ဟင်းသီးဟင်းရွက်များ ကောက်ယူရန် ကုန်တင်ယာဉ်များ မဝင်ရောက်နိုင်သောကြောင့် အနီးနားကျေးရွာများတွင် ပိတ်မိနေကြောင်း ရှန်ဒုံးရှိ လယ်သမားတစ်ဦးသည် ဟင်းသီး ဟင်းရွက်များကို မည်သူမျှ ရိတ်သိမ်း၍ စျေးကွက်သို့ မပို့ဆောင် နိုင်သောကြောင့် သောင်းနှင့်ချီသော ဟင်းသီးဟင်းရွက်များကို ဘူဒိုဇာဖြင့် ဖျက်ဆီးခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။

ဗိုင်းရပ်စ်ကန့်သတ်ချက်များသည် တရုတ်နိုင်ငံရှိ စားသုံးသူများထံ စတင်ပြန့်နှံ့လာသည်ကိုတွေ့ရကြောင်း စားသုံးသူစျေးနှုန်းညွှန်းကိန်းသည် ယခင်နှစ်ထက် အောက်တိုဘာလတွင် ၂ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး စားသောက်ကုန် စျေးနှုန်းများသည် စက်တင်ဘာလတွင် ၈ ဒသမ ၈ ရာခိုင်နှုန်းနှင့် ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက အလားတူကာလတွင် ၇ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ စားသုံးသူများ သည် အောက်တိုဘာလကုန်မှ နိုဝင်ဘာလဆန်းပိုင်းမှစပြီး ဟင်းသီး ဟင်းရွက်များအတွက် ၁၀ ရာခိုင်နှုန်းနီးပါး ပိုမိုပေးဆောင်ကြသော်လည်း လယ်သမားများသည် လက်ကားဈေးများ ကျဆင်းသွားသည်ကို တွေ့မြင်ခဲ့ရကြောင်း  မြို့တော်ဘေဂျင်း၏ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ၏ ၉၀ ရာခိုင်နှုန်းကျော်ကို ထောက်ပံ့ပေးသော Xinfadi စူပါမားကတ်မှ စစ်တမ်းတစ်ခုကို Farmers' Daily မှ ကိုးကားဖော်ပြခဲ့သည်။

စီးပွားရေးတိုးတက်မှုကို တည်ငြိမ်စေရန် ဗိုင်းရပ်စ်ထိန်းချုပ်မှုအချို့ကို ဖြေလျှော့ရန် ဘေဂျင်းက ဒေသဆိုင်ရာအာဏာပိုင်များကို တိုက်တွန်းခဲ့သော်လည်း ကျေးလက်ဒေသအများအပြားတွင် လမ်းပိတ်ဆို့မှုများသည် ဘုံအင်္ဂါရပ်များဖြစ်ပြီး အချို့သောဒေသများတွင် ကုန်တင်ကားများသွားလာနိုင်မှုကို ကန့်သတ်ထားသည်။ ဆိုရှယ်မီဒီယာနှင့် နိုင်ငံပိုင်မီဒီယာများတွင် ဖြတ်သန်းသွားလာနေသော ကားများရပ်တန့်ရန် ကျေးလက်လမ်းအချို့၏အလယ်တွင် အမှိုက်များ ပုံထားတာကို မြင်တွေ့နိုင်သည်။ သီးနှံစိုက်တောင်သူ အများအပြားသည် အရှုံးကို လျှော့ချရန် လာမည့်နှစ်တွင် ထုတ်လုပ်မှု လျှော့ချရန် စိုးရိမ်နေကြကြောင်း အကယ်၍ အဲဒီလိုလုပ်ဆောင်ပါက တရုတ်နိုင်ငံ၏ စားနပ်ရိက္ခာဖူလုံရေး ရည်မှန်းချက်တွေ နောက်ပြန်ဆုတ်သွားနိုင်ကြောင်း တရုတ်အာဏာပိုင်များသည် မကြာသေးမီနှစ်များအတွင်း စားနပ်ရိက္ခာဖူလုံရေးနှင့်ပတ်သက်၍ ကျယ်ကျယ် ပြန့်ပြန့်ပြောဆိုခဲ့ပြီး သမ္မတရှီ သည် ၂၀၂၀ ခုနှစ် သြဂုတ်လတွင် စားနပ်ရိက္ခာ စွန့်ပစ်မှုနှင့် ပတ်သက်၍ထိုးစစ်ဆင်တိုက်ဖျက်ရန် ကြေညာခဲ့သည်။

လွန်ခဲ့သည့် ရက်ပိုင်းက ကွန်မြူနစ်ပါတီမှ ထိန်းချုပ်ထားသော People's Daily သတင်းစာမှ လယ်သမားများ၏ ကောက်ပဲသီးနှံများ ရောင်းချရာတွင် ကူညီပေးရန် ဒေသအာဏာပိုင်များကို တောင်းဆိုခဲ့ကြောင်း  ၎င်းသည် ကိုဗစ်သုညမူဝါဒများကို အကောင်အထည်ဖော်ရာတွင် ဒေသန္တရအစိုးရများ ရင်ဆိုင်နေရသော စိန်ခေါ်မှုများနှင့် ထောက်ပံ့ပို့ဆောင်မှုကို ပိတ်ဆို့ထားခြင်းကြောင့် ထိခိုက်မှုကိုလည်း မီးမောင်းထိုးပြခဲ့သည်။ ထောက်ပံ့ပို့ဆောင်ရေးပြဿနာများကြောင့် ဟင်းသီးဟင်းရွက်များ ပုပ်ပွနေချိန်တွင် အုပ်ချုပ်မှုဆိုင်ရာ ထိရောက်မှုပြဿနာ တစ်ခုရှိနေကြောင်း "ကူးစက်ရောဂါထိန်းချုပ်ရေး အကဲဖြတ်ခြင်းနှင့် အချို့သော နေရာများတွင်မူဝါဒများထုတ်ပြန်ခြင်းတွင် အတားအဆီးများစွာ ရှိနေသေးသည်ကိုထင်ဟပ်ကြောင်း “ဒီပြဿနာကိုဖြေရှင်းဖို့ အထက်လူကြီးတွေက လက်အောက်ငယ်သားတွေကို အပြည့်အဝလုပ်ဆောင် ထိန်းချုပ်ခွင့် ပေးသင့်ကြောင်း အောက်ခြေကေဒါများကို စနစ်တကျ အခွင့်အာဏာပေးစေပြီး တာဝန်ခံမှုသည် ကျိုးကြောင်းဆီလျော်စွာ ကင်းလွတ်သင့်ပါကြောင်း ထိုသို့ဆောင်ရွက်စေပါက အထက်လူကြီးများ၏ ပံ့ပိုးမှုဖြင့် အောက်ခြေအရာရှိများ ဝန်ထုပ်ဝန်ပိုး လျော့ပါးသွားမည်ဖြစ်ပါကြောင်း” People's Daily မှ Xiakedao က ပြောကြားခဲ့သည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ကူမင်းမြို့)

ရင်းမြစ် Coronavirus: Chinese farmers watch vegetables rot as zero-Covid curbs disrupt transport | South China Morning Post (scmp.com)

Category: China (Kunming)