China (HongKong)

တရုတ်နိုင်ငံ၏ စီးပွား‌ရေးအခြေအနေမှာ ပုံမှန်လမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိလာခြင်း

Last Updated:

ကိုရိုနာဗိုင်းရပ်စ်ရောဂါ COVID-19 ဖြစ်ပွားပြီးနောက် စီးပွားရေးအချိန်မီ ပြန်လည်ဖွံ့ဖြိုးတိုးတက်ရန် တရုတ်နိုင်ငံရှိ စားသုံးသူများမှာ ပုံမှန်အနေအထားဖြင့် ဆောင်ရွက်လာကြကြောင်း၊ မကြာခင်ကာလကအစိုးရမှ ခရီးသွားကန့်သတ်မှုများ ဖြေလျှော့ ပေးလိုက်ပြီးနောက် အလုပ်သမားများ စက်ရုံများနှင့်ရုံးများသို့ ပြန်လည်သွားနိုင်ပြီဖြစ်သဖြင့် လုပ်ငန်းများပြန်လည်လည်ပတ်နိုင်ပြီဖြစ်သဖြင့် ခရီးသွားလုပ်ငန်း၊ စားသောက်ကုန်ပစ္စည်းများနှင့် အလှကုန်ပစ္စည်းများ ဝယ်လိုအားမှာ ရုတ်တရက်မြင့်မား ခဲ့ကြောင်း၊ ချင်းမင်ပွဲတော် (ဘိုးဘွားကန်တော့ပွဲ) အားလပ် ရက် ခရီးသွားကာလအတွင်း ခရီးသွားရန် ကြိုတင်လက်မှတ်ဝယ်ယူမှုများမှာ (၅၀) ရာခိုင်နှုန်းနှင့် ဟိုတယ်အခန်းများ ကြိုတင်မှာယူမှုမှာ (၆၀) ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း၊ e-commerce တွင် လည်း အွန်လိုင်းဝယ်ယူမှုများလည်း မြင့်တက်ခဲ့ကြောင်း၊ COVID-19 ကူးစက်မှုဆက်လက်ဖြစ်ပွားခြင်းမရှိသောကြောင့် စားသုံးမှုနှုန်းမှာလည်း ပုံမှန်မြင့်တက်နေမည်ဖြစ်ကြောင်း၊ လက်လီရောင်းချမှုများ ပြန်လည်ကောင်းမွန်လာရန် ဈေးနှုန်း လျေှာ့ချ ပေးမှုများလည်း ရှိမည်ဖြစ်ကြောင်း၊ ကုမ္ပဏီများကြီး၏ ကုန်ထုတ်လုပ်ရေး လုပ်ငန်းများတွင်လည်း ဖေဖေါ်ဝါရီလက ကျဆင်းခဲ့သော် လည်း ယခုလအတွင်း မမျှော်လင့်ဘဲ မြင့်တက်လာကြောင်း၊ တရုတ်ပြည်မကြီးတွင် COVID-19 ကူးစက်သည် (၈၂,၀၀၀) ဦးကျော်ရှိပြီး၊ သေဆုံးသူ (၃,၃၀၀) ဦးကျော်ရှိကြောင်း၊ သို့သော် အမေရိကန်နှင့် ဥရောပနိုင်ငံတို့တွင် ကူးစက်မှုအသစ်များ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း၊ သို့သော် တရုတ်ပြည်မကြီးတွင် ကူးစက်မှုများ လေျာ့နည်းသွားပြီ ဖြစ်သောကြောင့် ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားခဲ့သည့် စီးပွားရေးအကျပ်အတည်းမှာ မကြာခင် ပြန်လည်ကောင်းမွန် လာမည်ဖြစ်ကြောင်း၊ ချင်မင်းအားလပ်ရက် ကာလအတွင်း ခရီးသွားလက်မှတ်များ ဝယ်ယူမှုမှာ (၂) ဆ မြင့်တက်ခဲ့သော်လည်း ခရီးသွားများ၏ သုံးစွဲနှုန်းမှာ ၂၀၁၉ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် (၈၀) ရာခိုင်နှုန်း လျော့နည်းလျက်ရှိကြောင်း၊ အွန်လိုင်းမှ အလှကုန်ပစ္စည်းများ ရောင်းချရမှုများမှာလည်း ဈေးနှုန်းများလျော့ချရောင်းချလျှက်ရှိခြင်းနှင့် အရောင်းမြှင့်တင်ဆောင်ရွက်မှုများကြောင့် မြင့်တက်လျှက်ရှိကြောင်း၊ မတ်လအစောပိုင်း နိုင်ငံတကာ အမျိုးသမီးများနေ့တွင် အလှကုန် ပစ္စည်းများ ရောင်းချရမှုများမှာ (၁၄၇) ရာခိုင်နှုန်းရှိပြီး နှစ်စဉ်ရောင်းအားမှာ မြင့်တက်လာလျက် ရှိကြောင်း ရှန်ဟိုင်းအခြေစိုက် အသားရေထိန်းသိမ်းသည့် အလှကုန်ပစ္စည်းများ ရောင်းချ သည့်ဆိုင် Lin Qingxuan ကပြောကြားခဲ့ကြောင်း၊ တရုတ်ပြည်မကြီးရှိ လက်လီရောင်းချရမှုတွင်လည်း မတ်လလယ်မှစတင်၍ လက်လီမှာယူမှုများမှာ တစ်နေ့လျှင် (၅၀) မီလီယံကျော်ရှိပြီး ယခင်နှစ် ထက် (၆၀) ရာခိုင်နှုန်း မြင့်တက်ခဲ့ခြင်းကြောင့် တရုတ် ပြည်တွင်း လက်လီဈေးကွက်မှာ ပြန်လည်ကောင်းမွန်သည်ကို ပြသလျက်ရှိကြောင်း၊ နိုင်ငံတစ်ဝန်း စားသောက်ကုန်ပစ္စည်းများ စားသုံးမှုမှာ (၂၄) ရာခိုင်နှုန်း တိုးချဲ့ကျယ်ပြန့်လာကြောင်း၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့မှ ဂျပန်နှင့် စင်ကာပူနိုင်ငံတို့တွင် စီးပွားရေးကျဆင်းမှုဖြစ်နိုင်ရာ COVID-19 ကူးစက်မှုကို ထိန်းသိမ်းရန် ကြပ်မတ်ဆောင်ရွက်ရန် လိုအပ်သည်ဟု သတိပေးထားကြောင်း၊ တရုတ်ပြည်မကြီး အနေဖြင့် အဆိုပါဝယ်ယူမှုများကို ကြာရှည်ထိန်းသိမ်းရန်မှာ စဉ်းစားရန်ရှိကြောင်း၊ တရုတ်ပြည်မ ကြီး၏ စီးပွားရေးမှာ ၂၀၁၉ ခုနှစ် စတုတ္ထလေးလပတ်အတွင်း (၅.၁) ရာခိုင်နှုန်း လျော့ကျနိုင်ကြောင်း၊ ရေရှည်တွင် စားသုံးသူများ၏ ယုံကြည်စိတ်ချရမှု အလယ်အလတ်အဆင့်သို့ ရောက်ရှိရန်မှာ အချိန်ကြာမည်ဖြစ်ကြောင်း၊ တရုတ်ပြည်မကြီး၏ လက်လီရောင်းချရမှုမှာ ၂၀၂၀ ပြည့်နှစ်၊ ပထမ (၂) လအတွင်း (၂၀.၅) ရာခိုင်နှုန်း လျော့ကျခဲ့ကြောင်း၊ စားသောက်ဆိုင်များ၊ အဝတ်အထည်များ ရောင်းချမှုများနှင့် ဓါတ်ငွေ့သုံးစွဲမှုများ လျော့ကျခဲ့ကြောင်း၊ မော်တော်ယာဉ်ရောင်းချရမှုမှာ ၂၀၂၀ ပြည့်နှစ်၊ ဖေဖေါ်ဝါရီလအတွင်း (၇၉) ရာခိုင်နှုန်း လျော့ကျခဲ့ကြောင်း၊ Lin Qingxuan အလှကုန် ပစ္စည်းတည်ထောင်သူသည် ဇန်နဝါရီလအတွင်း အလှကုန်ပစ္စည်းများ၏ ရောင်းချရမှုများ ထိုးကျခဲ့သောကြောင့် ‌ဒေဝါလီခံရန် စတင်ဆောင်ရွက်ခဲ့ကြောင်းနှင့် အွန်လိုင်းရောင်းချမှုလုပ်ငန်း သာ ဆက်လက်ဆောင်ရွက်မည်ဟု အွန်လိုင်းတွင်ဝက်ဆိုဒ်တွင် ဖေဖေါ်ဝါရီလက ရေးသားဖော်ပြ ထားကြောင်း ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၈ ရက်နေ့ထုတ် South China Morning Post  သတင်းစာ ၌ Iris Ouyang  က “Economy Getting Back on Track” ခေါင်းစဉ်ဖြင့် ရေးသား ဖော်ပြထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: China (HongKong)