China (Kunming)

တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှု ပမာဏသည် ၂၀၂၂ ခုနှစ် ပထမ (၇) လအတွင်း ယွမ် ၂၃.၆ ထရီလီယံ ($ ၃.၄၉ ထရီလီယံ) အထိ ရောက်ရှိခဲ့ပြီး တိုးတက်မှုဂဏန်းနှစ်လုံး ထိန်းသိမ်းထား

Last Updated:

ကိုဗစ်-၁၉ ရောဂါပျံ့နှံ့မှုကို ထိရောက်စွာထိန်းချုပ်ခြင်းနှင့် ပေကျင်း၏ စီးပွားရေးလှုံ့ဆော်မှုမူဝါဒများကြောင့် တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှု ပမာဏသည် ၂၀၂၂ ခုနှစ် ပထမ (၇) လအတွင်း ယွမ် ၂၃.၆ ထရီလီယံ (ဒေါ်လာ ၃.၄၉ ထရီလီယံ) အထိရောက်ရှိခဲ့ပြီး ဂဏန်းနှစ်လုံးတိုးတက်မှုကို ထိန်းသိမ်းထားနိုင်ကြောင်း တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုသည် ယခုနှစ် ပထမ (၇) လတွင် တစ်နှစ်ထက်တစ်နှစ် ၁၀.၄ ရာခိုင်နှုန်း တိုးတက်ခဲ့ ပြီး ယခုနှစ် ပထမနှစ်ဝက်ထက် ၁ ရာခိုင်နှုန်း ပိုမိုတိုးတက်မှုနှုန်းမြန်ဆန်ခဲ့ကြောင်း၊ ဒဏ်ခံနိုင်ရည်မှုနှင့် တရုတ်နိုင်ငံ၏ ဧရာမပို့ကုန် ထုတ်လုပ်မှုများ ကြောင့်ဖြစ်ကြောင်း အလေးထားဖော်ပြခဲ့သည်။

တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုသည် ယခုနှစ် ပထမနှစ်ဝက်တွင် ကိုဗစ်-၁၉ ရောဂါ၏ သက်ရောက်မှုကို ကျော်လွှားနိုင်ခဲ့ပြီး တစ်နှစ်ပတ်လုံး အရှိန်အဟုန်ဖြင့် တိုးတက်မှုနှုန်းကို တဖြည်းဖြည်းမြှင့်တင်နိုင်မည်ဖြစ်ကြောင်း နိုင်ငံတကာကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင် ရာ တရုတ်အကယ်ဒမီမှ နိုင်ငံတကာစျေးကွက်ရှာဖွေရေးအင်စတီကျု၏ လက်ထောက်ညွှန်ကြားရေးမှူး မင် ကပြောကြားခဲ့ပါသည်။

၂၀၂၂ ခုနှစ်၊ဇန်နဝါရီလနှင့် ဇူလိုင်လများတွင် တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုပမာဏသည် ယွမ် ၂၃ ဒသမ ၆ ထရီလျံ (ဒေါ်လာ ၃ ဒသမ ၄၉ ထရီလီယံ) ရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၁၀ ဒသမ ၄ ရာခိုင်နှုန်းတိုးလာကြောင်း အကောက်ခွန်အထွေထွေအုပ်ချုပ်ရေးအဖွဲ့ (GAC) မှ အချက် အလက်များအရ  တိုးတက်မှုနှုန်းရာခိုင်နှုန်းသည် ယခုနှစ် ပထမနှစ်ဝက်တွင် ၉ ဒသမ ၄ အထက်တွင်ရှိကြောင်း ၇-၈-၂၀၂၂ ရက်၊ တနင်္ဂနွေနေ့တွင် ထုတ်ပြန်သော ဒေတာများကပြသခဲ့သည်။ ယခုနှစ် ပထမခုနစ်လတာကာလအတွင်း နိုင်ငံ၏ ပို့ကုန် သည် ယွမ် ၁၃ ဒသမ ၃၇ ထရီလျံသို့ ရောက်ရှိ ကာ တစ်နှစ်ထက်တစ်နှစ် ၁၄ ဒသမ ၇ ရာခိုင်နှုန်းတိုးလာပြီး သွင်းကုန်မှာ ၅ ဒသမ ၃ ရာခိုင်နှုန်းတိုးလာကာ ယွမ် ၁၀ ဒသမ ၂၃ ထရီလျံသို့ ရောက်ရှိခဲ့ကြောင်း အကောက်ခွန်ဆိုင်ရာ အချက်အလက်များက ဖေါ်ပြထားပါသည်။

အခွန်လျှော့ချခြင်းအပါအဝင် အသေးစားနှင့် အလတ်စားလုပ်ငန်းများအတွက် တရုတ်၏ အထူးသက်သာခွင့်များပေးဆောင်မှုကြောင့် ယခုနှစ် ပထမခြောက်လတွင် ၁ ရာခိုင်နှုန်း တိုးလာခြင်းဖြစ်ကြောင်း ယွမ်ငွေတန်ဖိုးမှာ ပထမနှစ်ဝက်မှ တန်ဖိုးကျဆင်းသွားခြင်းဖြစ်ကြောင်း၊ ထောက်ပံ့ ပို့ဆောင်ရေးစရိတ်များ သိသိသာသာကျဆင်းခြင်းသည် ပို့ကုန်တိုးတက်မှုအတွက် အခွင့်သာသောအခြေအနေများကို ပေးခဲ့ကြောင်း မင်က ပြော ကြားခဲ့ပါသည်။ အာဆီယံသည် ပထမ (၇) လတာကာလအတွင်း တရုတ်နိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက်အဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံ တွင်း နိုင်ငံခြားကုန်သွယ်မှုစုစုပေါင်း၏ ၁၅ ရာခိုင်နှုန်းရှိကြောင်း GAC အရ သိရှိရပါသည်။

အာဆီယံ၊ အီးယူ၊ အမေရိကန်နှင့် တရုတ် တို့၏ကုန်သွယ်မှုသည် လွန်ခဲ့သည့်နှစ်ကထက် ၁၃.၂ ရာခိုင်နှုန်း၊ ၈.၉ ရာခိုင်နှုန်းနှင့် ၁၁.၈ ရာခိုင်နှုန်း အသီးသီးတိုးတက်ခဲ့ကြောင်း၊ Belt and Road နိုင်ငံများနှင့် တရုတ်နိုင်ငံ၏ ကုန်သွယ်ရေးသည် တစ်နှစ်ထက်တစ်နှစ် ၁၉.၈ ရာခိုင်နှုန်းခုန်တက်ခဲ့ပြီး ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု (RCEP) ၁၄ နိုင်ငံများနှင့် ကုန်သွယ်မှုမှာ ဇန်နဝါရီမှ ဇူလိုင်လအထိ ၇.၅ ရာခိုင်နှုန်း တိုးတက်ခဲ့ ကြောင်း၊ တရုတ်ပို့ကုန်များအပေါ် အမေရိကန်နိုင်ငံ၏ အခွန်အချို့ဖယ်ရှားနိုင်ပြီး RCEP ကုန်သွယ်ရေးသဘောတူညီချက်မှ ရရှိလာသော အကျိုး အမြတ်များသည် တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုကို တစ်နှစ်တာလုံး အရှိန်အဟုန်ဖြင့် ဆက်လက်တိုးစေနိုင်မည်ဖြစ်ကြောင်း၊ သို့သော်လည်း ဥရောပနှင့် အမေရိကန်တွင် စီးပွားရေးကျဆင်းမှုကဲ့သို့သော စိန်ခေါ်မှုများအပြင် ဗီယက်နမ်ကဲ့သို့ အရှေ့တောင်အာရှနိုင်ငံများမှ ပြိုင်ဆိုင်မှုများ မြင့်တက်လာခြင်းသည် ယခုနှစ် ဒုတိယနှစ်ဝက်တွင် တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုအပေါ် ဖိအားအချို့ကို တိုးလာစေနိုင်ကြောင်း မင်က ပြောကြားခဲ့သည်။

၂၈-၇-၂၀၂၂ ရက်နေ့က ကျင်းပခဲ့သည့် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၏ နိုင်ငံရေးဗျူရိုအစည်းအဝေးတွင် သွင်းကုန်နှင့် ပို့ကုန်မြှင့်တင်ရေး ကြိုးပမ်းအားထုတ်မှုများအပြင် နိုင်ငံခြားအရင်းအနှီးနှင့် နည်းပညာများမိတ်ဆက်ခြင်းကိုလည်း အလေးထားဆောင်ရွက်သွားရန် တိုက်တွန်းခဲ့ ကြောင်း ဖေါ်ပြထားပြီး မသေချာမရေရာမှုများကြားတွင် တရုတ်နိုင်ငံသည် ၎င်း၏ ခံနိုင်ရည်အားခိုင်မာစေရန် ယခုနှစ် ဒုတိယနှစ်ဝက်တွင် နိုင်ငံခြား ကုန်သွယ်မှုအရည်အသွေးကို တည်ငြိမ်ရန်နှင့် မြှင့်တင်ရန်အစီအမံများကို ဆက်တိုက်ဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ငံတကာ စျေးကွက်ရှာဖွေရေး နှင့် ချဲ့ထွင်ရာတွင် နိုင်ငံခြားကုန်သွယ်မှုလုပ်ငန်းများကို လမ်းညွှန်ရန် တာဝန်ရှိသူများက လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် နိုင်ငံတကာသွင်းကုန် ကုန်စည်ပြပွဲနှင့် တရုတ်သွင်းကုန် ကုန်စည်ပြပွဲများကဲ့သို့သော နိုင်ငံတကာပြပွဲများကို ဆက်လက်ကျင်းပသွားမည် ဖြစ်ပြီး အွန်လိုင်းပြပွဲများကျင်းပရန် ဒေသခံများနှင့် စက်မှုအသင်းအဖွဲ့များအား တွန်းအားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Shu Jueting က ပုံမှန်ကျင်းပပြုလုပ်သော အစည်းအဝေးတွင် ပြောကြားခဲ့ပါသည်။  

 

(မြန်မာစီးပွားရေးသံမှူး၊ ကူမင်းမြို့)
ရင်းမြစ်: www.globaltimes.cn/page/202208/1272354.shtml

 

 

 

 

 

 

 

 

 

Category: China (Kunming)