China (Kunming)

တရုတ်နိုင်ငံ၏ ယူနန်ကော်ဖီစေ့ဈေး စံချိန်တင်မြင့်တက်ခဲ့ခြင်း

Last Updated:

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်တွင် ကော်ဖီအနာဂတ်ဈေးသည် တစ်ပေါင်လျှင် ၂၂၂.၉၅ ဆင့် ပေါက်ဈေးသို့ ရောက်ရှိနေချိန် တွင် နက်စ်လေ Nestle သည် ယူနန်တောင်သူများအား ကော်ဖီစေ့တစ်ကီလိုဂရမ်အတွက် ၃၅ ယွမ်/ ကီလိုဂရမ်ဖြင့် ၁၄-၃-၂၀၂၂ ရက်နေ့တွင် ကမ်းလှမ်းခဲ့ပြီး ၁၀ နှစ်တာကာလအတွင်း အဆိုပါနှစ်ခုစလုံးသည် အမြင့်ဆုံးသို့ ရောက်ရှိခဲ့ကြောင်း၊ Nestle သည် ဖေဖော်ဝါရီလ ၁၀ ရက်က အများဆုံးဈေး ၃၇.၆ ယွမ်/ ကီလိုဂရမ်စျေးနှုန်းဖြင့် တစ်လကျော် ယူနန်ကော်ဖီစေ့များကို ဝယ်ယူခဲ့ ကြောင်း၊ ကိန်းဂဏန်းအချက်အလက်များအရ အမေရိကန် C ကော်ဖီအမျိုးအစား အနာဂတ်ဈေးသည် ဖေဖော်ဝါရီလ ၂၅ ရက်တွင် တစ်ပေါင်လျှင် ၂၃၈ ဆင့်ဖြင့်ပိတ်ခဲ့ပြီး လွန်ခဲ့သည့် ၁၀ နှစ်အတွင်း စံချိန်တင်မြင့်မားခဲ့ကြောင်း၊ ၎င်းသည် ၂၀၁၉ ခုနှစ် အလားတူနေ့ ထက် အဆပိုများကြောင်း၊ နှစ်စဉ် အထွက်နှုန်း တန်ချိန် ၁၄၀,၀၀၀ ဖြင့် ယူနန်ပြည်နယ်သည် တရုတ်နိုင်ငံ ကော်ဖီစေ့ထုတ်လုပ်မှု၏ ၉၈ ရာခိုင်နှုန်းကျော် ထုတ်လုပ်နေကြောင်း ယူနန်ကော်ဖီအသင်းမှ အချက်အလက်များအရ သိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ကူမင်းမြို့)

ရင်းမြစ်  Coffee-bean price in Yunnan hits record high - News - Yunnan Express

Category: China (Kunming)