China(Nanning)

တရုတ်နိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးထွက်ကုန် လက်ကားဈေးနှုန်းများ ဆက်လက်ကျဆင်းဖွယ်ရှိ

Last Updated:

တရုတ်နှစ်သစ်ကူးကာလအပြီး ပထမရက်သတ္တပတ်ဖြစ်သည့် ဖေဖော်ဝါရီလ (၁၀) ရက်နေ့တွင် တရုတ်နိုင်ငံ၏ လယ်ယာစိုက်ပျိုး ရေးထွက်ကုန် လက်ကားဈေးနှုန်းများမှာ အကျဘက်သို့ ဦးတည်နေကြောင်း တရုတ်လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာ ဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရပါသည်။ ၎င်းနေ့တွင် လယ်ယာစိုက်ပျိုးရေးထွက်ကုန် လက်ကားဈေးနှုန်းအညွှန်းကိန်းမှာ (၁၃၄.၅၉) မှတ်ရှိခဲ့ကာ ယခင်နေ့ကထက် (၀.၈၆) ရာခိုင်နှုန်းကျဆင်းခဲ့ပါသည်။

၎င်းနေ့တွင် ဝက်သားလက်ကားဈေးနှုန်းတွင် (၀.၇) ရာခိုင်နှုန်းကျဆင်းခဲ့ပြီး၊ ဆိတ်သားနှင့် အမဲသားဈေးနှုန်းများမှာမူ (၀.၄) ရာခိုင် နှုန်းစီ မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ဟင်းသီးဟင်းရွက် (၂၈) မျိုးတို့၏ ပျမ်းမျှဈေးနှုန်းမှာ (၀.၉) ရာခိုင်နှုန်းကျဆင်းခဲ့ပြီး၊ သစ်သီး ဝလံ (၆) မျိုးတို့၏ ဈေးနှုန်းမှာလည်း (၀.၆) ရာခိုင်နှုန်းကျဆင်းခဲ့ပါသည်။

အဆိုပါလက်ကားဈေးနှုန်းအညွှန်းကိန်းမှာ တရုတ်နိုင်ငံ လယ်ယာစိုက်ပျိုးရေး လက်ကားဈေးကွက်ရှိ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံစသည့် ကုန်စည်အမျိုးအမယ်ပေါင်း (၂၀၀) ခန့်၏ အခြေခံအချက်အလက်များအပေါ် စုစည်းတွက်ချက်ထားခြင်းဖြစ်ပြီး၊ နေ့စဉ်အပြောင်းအလဲများအပေါ် အခြေခံ၍ ထုတ်ပြန်ခြင်းဖြစ်ပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

ရင်းမြစ်၊ Xinhua (၁၁-၂-၂၀၂၂)

Category: China(Nanning)