China (Kunming)

တရုတ်နိုင်ငံ၏စံချိန်စံညွှန်းဆိုင်ရာ မဟာဗျူဟာ ၂၀၃၅ - နိုင်ငံခြားကုမ္ပဏီများအတွက် လတ်တလော ဖွံ့ဖြိုးတိုးတက်မှုများနှင့် သက်ရောက်မှုများ

Last Updated:

တရုတ်နိုင်ငံ၊ စျေးကွက်စည်းမျဉ်းများအတွက် နိုင်ငံတော်စီမံခန့်ခွဲရေး (State Administration for Market Regulations) နှင့် အခြားသောဌာန (၁၆) ခုမှ အမျိုးသားစံနှုန်းသတ် မှတ်ရေး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံချက် (the Action Plan) ကို ၈-၇-၂၀၂၂ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး အမျိုး သားစံချိန်စံညွှန်းဖွံ့ဖြိုးတိုးတက်ရေး (အနှစ်ချုပ်) National Standardization Development (NSD) Outline အတွက် တိကျသော အကောင် အထည်ဖော်ရေး လမ်းပြမြေပုံများကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလတွင် ချမှတ်ခဲ့ပါသည်။ လုပ်ငန်းစီမံချက်သည် နည်းပညာဆိုင်ရာစံနှုန်းများဆီသို့ တရုတ်အစိုးရ၏ မဟာဗျူဟာမြောက် ချဉ်းကပ်မှုအား အသိပေးခြင်းလည်းဖြစ်ပါသည်။

“တရုတ်နိုင်ငံတွင် ထုတ်လုပ်သည်- ၂၀၂၅” 'Made in China 2025' မဟာဗျူဟာအစီအစဉ်ကို အကောင်အထည်ဖော်ပြီးနောက် တရုတ်နိုင်ငံသည် ၂၀၁၈ ခုနှစ်တွင် တရုတ်နိုင်ငံစံချိန်စံညွှန်း ၂၀၃၅ 'China Standards 2035' မဟာဗျူဟာကို တရားဝင်ထုတ်ပြန်ခဲ့ပြီး တရုတ်အစိုးရနှင့် ထိပ်တန်း နည်းပညာကုမ္ပဏီများအတွက် 5G၊ အင်တာနက်ဆိုင်ရာပစ္စည်းများ (IoT) နှင့် ဉာဏ်ရည်တု (AI) စသည့် အင်တာနက်ဆိုင်ရာ ထွန်းသစ်စနည်း ပညာများအတွက် ကမ္ဘာလုံးဆိုင်ရာစံချိန်စံညွှန်းများကို သတ်မှတ်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။  ၂၀၂၁ ခုနှစ်တွင် ထုတ်ပြန်ကြေညာခဲ့သော NSD သည် ဤဧရိယာရှိ ပထမဆုံးတရားဝင်စာရွက်စာတမ်းဖြစ်ပြီး တရုတ်ကုမ္ပဏီများအတွက် ၎င်းတို့၏ နည်းပညာပိုင်းဆိုင်ရာ စွမ်းရည်များမြှင့်တင်ရန် နှင့် လာမည့်ဆယ်စုနှစ်အတွင်း စံချိန်စံညွှန်းရေးဆွဲသတ်မှတ်မှုမြှင့်တင်ရန် ရှင်းလင်းပြတ်သားသောအမြင်ကို ပေးဆောင်ပါသည်။ ထို့နောက် Action Plan သည် ၂၀၂၃ ခုနှစ်မကုန်မီ အကောင်အထည်ဖော်ရန်အတွက် သက်ဆိုင်ရာကဏ္ဍများတွင် ခိုင်မာသော ခြေလှမ်းများကို ချမှတ်ခဲ့ပါသည်။

အမျိုးသားစံချိန်နှုန်းများ ဖွံ့ဖြိုးတိုးတက်စေရန် တရုတ်နိုင်ငံ၏ လုပ်ငန်းစီမံချက်တွင်ပါဝင်သော အရာများမှာ လုပ်ငန်းစီမံချက်တွင် ကုန်ထုတ်လုပ်မှု၊ သတင်းအချက်အလက်နည်းပညာ၊ ဝန်ဆောင်မှုလုပ်ငန်း၊ ကာဗွန်စံနှုန်းသတ်မှတ်ခြင်းနှင့် အဆင့်မြှင့်တင်ခြင်း၊ ဂေဟစနစ်ကာကွယ်ခြင်းနှင့် ကျေး လက်ပြန်လည်ထူထောင်ရေးတို့အပါအဝင် ကဏ္ဍစုံစုံလင်စွာပါဝင်သည့် စုစုပေါင်းအပိုဒ်ခွဲပေါင်း ၃၃ ပုဒ်ပါဝင်သည်။ ယင်းတို့ကို အမျိုးအစားသုံးခု အဖြစ် ထပ်မံခွဲခြားထားပြီး အပိုဒ်ခွဲ ၁ မှ ၂၁ အထိပါ၀င်သော ပထမပိုင်းသည် အရည်အသွေးမြင့် စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်ရေး ဝန်ဆောင်မှုများ၏ ထိရောက်သော စံနှုန်းသတ်မှတ်ရေးအတွက် ထောက်ခံသူများ၊ ဒုတိယပိုင်းသည် အပိုဒ်ခွဲ ၂၂ မှ ၃၀ အထိပါဝင်ပြီး အစိုးရမှ ညှိနှိုင်းဆောင်ရွက်မှုများမှတစ်ဆင့် စံချိန်စံညွှန်းများ ဖွံ့ဖြိုးတိုးတက်ရေးအပေါ် အလေးပေးဖော်ပြထားပြီး နောက်ဆုံးပိုင်းတွင် အပိုဒ်ခွဲ ၃၁ မှ ၃၃ အထိဖြစ်၍ စံသတ်မှတ်ခြင်းလုပ်ငန်းစဉ်၏ လမ်းညွှန်မှုနှင့် ကြီးကြပ်မှုကိုတိုးမြှင့်ရန် မက်လုံးပေးမူဝါဒကို ဆွေးနွေး ထားပါသည်။

တရုတ်နိုင်ငံ စံချိန်စံညွှန်းဆိုင်ရာမဟာဗျူဟာ ၂၀၃၅ သည် တရုတ်စီးပွားရေးလုပ်ငန်းများကို လိုင်စင်များနှင့် မူပိုင်အခကြေးငွေများပါရှိသည့် စီးပွား ရေးအမြတ်အစွန်းများမှ အကျိုးခံစားနိုင်စေရန် မက်လုံးဖြင့် စံသတ်မှတ်ခြင်းတွင်ပါဝင်ရန် လုပ်ပိုင်ခွင့်အာဏာပေးထားသည်။ ထို့အပြင် နည်းပညာ ဆိုင်ရာ စံသတ်မှတ်ချက်များအတိုင်း လိုက်ဖက်ညီမှု ပိုမိုကြီးမားသော လိုက်ဖက်ညီမှုရှိသော ကုမ္ပဏီများသည် မတူညီသောကုမ္ပဏီများကို ချောမွေ့ စွာအလုပ်လုပ်နိုင်စေကာ ထောက်ပံ့ရေးကွင်းဆက်တစ်ခုလုံးတွင် စွမ်းဆောင်ရည်ကိုမြှင့်တင်ပေးပြီး ဆန်းသစ်တီထွင်မှုအား တွန်းအားပေးရန်အရင်း အမြစ်များကို ချန်ထားခဲ့မည်ဖြစ်သည်။ စံချိန်စံညွှန်းများသတ်မှတ်ရာတွင် ပါဝင်သည့် တရုတ်ကုမ္ပဏီများအတွက် အရေးကြီးပြီး ၎င်းတို့အား ပိုမို မြင့်မားသော နှိုင်းယှဉ်အားသာချက်များ ရရှိမည်ဖြစ်သည်။

နည်းပညာပိုင်းဆိုင်ရာ ဆန်းသစ်တီထွင်မှုသည် စက်မှုလုပ်ငန်းစံနှုန်းများကို ရေးဆွဲရာတွင် ဦးဆောင်ရန် အဓိကသော့ချက်ဖြစ်ကြောင်း၊ မကြာသေးမီ နှစ်များအတွင်း တရုတ်သည် ၎င်း၏ ISO နှင့် IEC အဆိုပြုချက်အရေအတွက်ကို တိုးမြှင့်ခဲ့ပြီး နှစ်စဉ်တိုးတက်မှုနှုန်း ၂၀ ရာခိုင်နှုန်းအထိ ရောက်ရှိခဲ့ ပြီး စံချိန်စံညွှန်းသတ်မှတ်ရေးနယ်ပယ်တွင် တရုတ်နိုင်ငံ၏ ကြီးထွားလာနေသော ပါဝင်ပတ်သက်မှုကို သက်သေပြခဲ့ကြောင်း၊ ISO သည် အပြည် ပြည်ဆိုင်ရာ စံချိန်စံညွှန်းသတ်မှတ်ရေးအဖွဲ့ကို ရည်ညွှန်းပြီး IEC သည် အပြည်ပြည်ဆိုင်ရာ လျှပ်စစ်နည်းပညာကော်မရှင်ကို ရည်ညွှန်းကြောင်း၊ နှစ်ခုစလုံးသည် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ (ICT) ကို အာရုံစိုက် သည့် နိုင်ငံတကာစံသတ်မှတ်သည့် အေဂျင်စီများဖြစ်ပါ ကြောင်း၊ အလားတူပင် တရုတ်နိုင်ငံမှ နည်းပညာမူပိုင်ခွင့် လျှောက်ထားမှုသည်လည်း အခြားနိုင်ငံအားလုံးထက် ၂၀၂၁ ခုနှစ်တွင် ၂၃.၈ ရာခိုင်နှုန်း တိုးလာသည်ကို တွေ့မြင်ခဲ့ရကြောင်း၊ အိုင်စီတီလုပ်ငန်းတွင် တရုတ်ကုမ္ပဏီကြီးဖြစ်သည့် Huawei သည် Ericsson၊ Qualcomm နှင့် Samsung ကဲ့သို့သော အခြားအမှတ်တံဆိပ်များထက် ၂၀၂၁ ခုနှစ်တွင် တင်သွင်းသည့်လျှောက်လွှာပေါင်း ၃၅၄၄ ဖြင့် ဒစ်ဂျစ်တယ်ဆက်သွယ်ရေးတွင် မူပိုင်ခွင့် လျှောက်လွှာများကို ဆက်လက်ဦးဆောင်နေပါကြောင်း၊ တစ်ချိန်တည်းမှာပင် တိုးတက်ပြောင်းလဲလာသော နည်းပညာများတွင် သိသာထင်ရှား သော ရင်းနှီးမြှုပ်နှံမှုများသည် တရုတ်နိုင်ငံ၏ အဓိကဦးစားပေးလုပ်ငန်းဖြစ်ပါကြောင်း၊ ၂၀၂၁ ခုနှစ်တွင် တရုတ်နိုင်ငံ၏ ဒစ်ဂျစ်တယ်စီးပွားရေး သည် ယွမ် ၄၅ ထရီလီယံ (အမေရိကန်ဒေါ်လာ ၆.၇၂ ထရီလီယံ) ကျော်တန်ဖိုးရှိပြီး GDP ၏ ၃၉.၈ ရာခိုင်နှုန်းရှိကြောင်း တရားဝင်အချက်အလက် များအရ သိရပါကြောင်း၊ (၁၄) ကြိမ်မြောက် ငါးနှစ်စီမံကိန်း (14th FYP) တွင် ဒစ်ဂျစ်တယ်စီးပွားရေးလုပ်ငန်းများ၏ တန်ဖိုးထပ်တိုးမှုကို ၎င်း၏ GDP တွင် ၂၀၂၅ ခုနှစ်တွင် ၁၀ ရာခိုင်နှုန်းအထိ သတ်မှတ်ပေးမည့်အစီအစဉ်များကို ချမှတ်ထားကြောင်း၊ ဤလမ်းညွှန်ချက်အတိုင်း အစိုးရသည် တရုတ်စက်မှုလုပ်ငန်း၏ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုကို အမြင့်ဆုံးသို့ရောက်ရှိစေရန် တွန်းအားပေးလျက်ရှိပြီး လာမည့်ဆယ်စုနှစ်များအတွင်း ကမ္ဘာ့စီးပွားရေးတွင် ပူးပေါင်း ပါ၀င်နေစေရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိပါသည်။

အစိမ်းရောင်အကူးအပြောင်း Action Plan ၏ နောက်ထပ်သော့ချက်မှာ "အစိမ်းရောင်" နှင့် "ဂေဟစနစ်" တို့ကို ဗဟိုပြုကြောင်း၊ တရုတ်နိုင်ငံသည် နည်းပညာစံနှုန်းများကို  အစိမ်းရောင်နှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု၏ မှန်ဘီလူးမှတဆင့် ရှုမြင်ပါကြောင်း၊ လုပ်ငန်းစီမံချက်တွင် စွမ်း အင်ချွေတာရေး၊ ကြီးမားသောစွမ်းအင်သုံးစွဲမှုကို ထိန်းညှိရန်နှင့် စွမ်းအင်ထိရောက်မှုကို ထိန်းသိမ်းရာတွင် အရေးပါသော ကာဗွန်- ကြားနေစံနှုန်း များကို ဖော်ပြထားပါကြောင်း၊ ၎င်းသည် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုအတွက် ထပ်လောင်းပံ့ပိုးပေးသော ကြောင့် တရုတ်နိုင်ငံ၏ ပိုမိုကျယ်ပြန့်သော ကာဗွန်နှစ်ထပ်ရည်မှန်းချက်များနှင့် ကိုက်ညီပါကြောင်း၊ အခြားနိုင်ငံများနှင့်နှိုင်းယှဉ်ပါက သိသာထင် ရှားသော စတင်မှုနှင့်အတူ တရုတ်နိုင်ငံသည် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဈေးကွက်ကို သိမ်းပိုက်ထားပြီး ဆိုလာစွမ်းအင်နှင့် လျှပ်စစ်ကား (EV) ဘက်ထရီများတွင် ကမ္ဘာ့ခေါင်းဆောင်တစ်ဦး ဖြစ်လာခဲ့ကြောင်း၊ လက်ရှိတွင် တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် အကြီးမားဆုံးနှင့် အလျင်မြန်ဆုံး ကြီးထွားလာသော စွမ်းအင်သိုလှောင်မှုဈေးကွက်များထဲမှ တစ်ခုဖြစ်ပြီး ဥရောပနှင့် အမေရိကန်တို့ကို ကျော်တက်သွားခဲ့ကြောင်း၊ နည်းပညာစံနှုန်း များကို ဖော်ဆောင်ခြင်းသည် အလွန်အကျိုးအမြတ်များသော ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် EV စျေးကွက်တွင် ဤလွှမ်းမိုးမှုကိုထိန်းသိမ်းရန် ထိရောက်သောနည်းလမ်းဖြစ်ပါကြောင်း၊ ပိုမိုမြင့်မားသော ပတ်ဝန်းကျင်စံနှုန်းများနှင့် ကိုက်ညီစေရန် အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်သည် အခွင့် အလမ်းသစ်များကို ဖန်တီးပေးပါကြောင်း၊ သို့ဖြစ်ရာ နိုင်ငံခြားကုမ္ပဏီများအတွက် အကျိုးသက်ရောက်မှုများနှင့် အလားအလာများကို ဆန်းစစ်ပါမူ  တစ်ဖက်တွင် အဆိုပြုထားသော တရုတ်စံနှုန်းများသည် နိုင်ငံခြားစီးပွားရေးလုပ်ငန်းများအတွက် ထပ်လောင်းလိုအပ်ချက်များကို ပြဌာန်းနိုင်ပါ ကြောင်း၊ ၎င်းတို့သည် ဤကျယ်ပြန့်သောစျေးကွက်သို့ ရောင်းချရန် သက်ဆိုင်ရာတရုတ်စံနှုန်းများကို လိုက်နာရမည်ဖြစ်ပါကြောင်း၊ မည်သို့ပင်ဆို စေကာမူ ဤသည်မှာ နိုင်ငံခြားမှပေးသွင်းသူများ (suppliers) အတွက်  တံခါးပိတ်သည်ဟု မဆိုလိုပါကြောင်း၊ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုအတွက် အား ပေးသော စက်မှုလုပ်ငန်း Catalog တွင်ဖော်ပြထားသည့်အတိုင်း အထူးသဖြင့် အဆင့်မြင့်ကုန်ထုတ်လုပ်မှု၊ စွမ်းအင်ချွေတာရေးနှင့် ပတ်ဝန်းကျင် ကာကွယ်ရေးနည်းပညာများနှင့် အဆင့်မြင့်ဝန်ဆောင်မှုများကဲ့သို့သော နယ်ပယ်တစ်ခုတွင် ကျွမ်းကျင်သော နိုင်ငံခြားစီးပွားရေးလုပ်ငန်းများကို အထူးကြိုဆိုပါကြောင်း၊ ဖြစ်နိုင်ဖွယ်ရှိသော ဘေးထွက်ဆိုးကျိုးများကို လျှော့ချရန် နိုင်ငံခြားကုမ္ပဏီများသည် တရုတ်နိုင်ငံ၏စံနှုန်းများ ဖွံ့ဖြိုးတိုး တက်ရေးတွင် တက်ကြွစွာပါဝင်ဆောင်ရွက်ရန် အကြံပြုထားပါကြောင်း၊ စံချိန်စံညွှန်းသတ်မှတ်ခြင်းသည် အလွန်ထူးခြားသော လုပ်ငန်းစဉ်ဖြစ်သော ကြောင့် နယ်ပယ်အသီးသီးတွင် ကျွမ်းကျင်သော နိုင်ငံတကာကုမ္ပဏီများသည် ၎င်းတွင် အမှန်တကယ်အားကောင်းသည့် အခန်းကဏ္ဍမှပါဝင်နိုင်ပြီး ယင်းမှ အကျိုးအမြတ်ရရှိရန် ပိုမိုကောင်းမွန်သည့် အနေအထားကို ရရှိစေမည်ဖြစ်ပါကြောင်း၊ အခြားတစ်ဖက်တွင် စံချိန်စံညွှန်းသတ်မှတ်ခြင်းတွင် တရုတ်နိုင်ငံ၏ ပါဝင်ပတ်သက်မှုသည် အများသူငှာကောင်းကျိုးကို အထောက်အကူဖြစ်စေပြီး တရုတ်နိုင်ငံတွင် အခြေစိုက်သော စီးပွားရေးလုပ်ငန်း များ၏ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်ပါကြောင်း၊ နိုင်ငံခြားကုမ္ပဏီများသည် နိုင်ငံ၏ အလုံးစုံစီးပွားရေးစွမ်းဆောင်မှုနှင့် ထောက်ပံ့မှုကွင်းဆက် ထိရောက်မှုတို့မှလည်း အကျိုးဖြစ်ထွန်းနိုင်ကြောင်း ဖေါ်ပြထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ကူမင်းမြို့)

ရင်းမြစ်။ www.china-briefing.com/news/china-standards-2035-strategy-recent-developments-and-their-implications-foreign-companies/

 

Category: China (Kunming)