China (HongKong)

တရုတ်ပြည်မကြီး၏ မော်တော်ယာဉ်ရောင်းချရမှုများ (၂၂) လအတွင်း ပထမဆုံးမြင့်တက်လာခြင်း

Last Updated:

တရုတ်ပြည်မကြီးတွင် COVID-19 ကူးစက်မှု ပြီးဆုံးသွားပြီး စီးပွားရေးလုပ်ငန်းများ ပြန်လည်ဖွင့်လှစ် လုပ်ကိုင်နေပြီဖြစ်သောကြောင့် တရုတ်ပြည်မကြီး၏ မော်တော်ယာဉ်ရောင်းချမှု မှာ (၂) နှစ်အတွင်း ပထမဆုံးအကြိမ် မြင့်တက်ခဲ့ကြောင်း၊ အကယ်၍ COVID-19  ကူးစက်မှုများ ဆက်လက်ဖြစ်ပွားနေမည်ဆိုလျှင် နှစ်စဉ်ရောင်းချရမှု အရေအတွက်မှာ (၂၅) ရာခိုင်နှုန်းကျော် လျော့နည်းနေမည်ဖြစ်ကြောင်း၊ တရုတ်-အမေရိကန် ကုန်သွယ်ရေးစစ်ပွဲနှင့် ကမ္ဘာ့ကျန်းမာရေး အကျပ်အတည်းကြောင့် မော်တော်ယာဉ် ဝယ်လိုအားမှာ ကြာရှည်စွာကျဆင်းလျက်ရှိပြီး ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ဝယ်လိုအား အချက်အလက်များနှင့် စီးပွားရေးခန့်မှန်းချက်များအရ ကမ္ဘာ့အကြီး ဆုံး မော်တော်ကားဈေးကွက်မှာ အခက်အခဲများကြား ရုန်းကန်လှုပ်ရှားနေရမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ မော်တော်ယာဉ်ထုတ်လုပ်သူများအသင်း (China Association of Automobile Manufacturers-CAAM) ၏ခန့်မှန်းချက်အရ ယခုနှစ်အတွင်း မော်တော်ယာဉ်ရောင်းချရမှုမှာ(၁၅) ရာခိုင်နှုန်းလျော့ကျသွားမည်ဟု ခန့်မှန်းထားကြောင်း၊ ဧပြီလအတွင်း မော်တော်ယာဉ်ရောင်းချရမှုမှာ အရေအတွက် (၂.၀၇) မီလီယံရှိပြီး ယခုနှစ်အစောပိုင်း ရောင်းချရမှုထက် (၄.၄) ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း၊ သို့သော် အရေးပေါ်မော်တော်ယာဉ်ရောင်းချရမှုမှာ (၁၀) လအတွင်း (၇၂,၀၀၀) စီးရေလျော့ကျခဲ့ကြောင်း၊ COVID-19  ကူးစက်မှုမှ ကာကွယ်ရန် အိမ်ထဲတွင် နေထိုင်ရန် ညွှန်ကြားချက် များကြောင့် မော်တော်ယာဉ်ရောင်းချမှုမှာ ဖေဖေါ်ဝါရီလတွင်  (၇၉) ရာခိုင်နှုန်း၊ မတ်လတွင် (၄၃) ရာခိုင်နှုန်း အသီးသီးလျော့ကျခဲ့ကြောင်း၊ လစဉ်မော်တော်ယာဉ်ရောင်းချမှု‌မှာ ၂၀၁၈ ခုနှစ်၊ ဇွန်လတွင် နောက်ဆုံးမြင့်တက်ခဲ့ ခြင်းဖြစ်ကြောင်း၊ ယခုနှစ် ဧပြီလတွင် ရောင်းချမှု လျော့ကျခဲ့သော်လည်း အသွားအလာ ကန့်သတ်မှုများ ဖြေလျော့မည် ဖြစ်သောကြောင့် နောင်လာမည့် (၂) လအတွင်း ရောင်းချမှု မြင့်တက်လာမည်ဖြစ်ကြောင်း၊ ဖေဖေါ်ဝါရီလ တွင် ကူးစက်မှုများနေ့စဉ်ရှိခဲ့သော်လည်း ဧပြီလမှ စတင်၍ ကူးစက်မှုအသစ်များမရှိတော့သောကြောင့် ဒေသအာဏာပိုင်များက စီးပွားရေးလုပ်ငန်းများနှင့် ကားရောင်းချမှုများ ပြန်လည်စတင်ရန် ခွင့်ပြုခဲ့ကြောင်း၊ တရုတ်နိုင်ငံ၏ မော်တော်ယာဉ်‌ရောင်းချမှုတွင် Volkswagen နှင့် Nissan ကားကုမ္ပဏီ၏ ဧပြီလအတွင်း ရောင်းချမှုမှာမြင့်တက်ခဲ့ပြီး General Notors’China ၏ ရောင်းချရမှုမှာ ကိန်းဂဏန်းနှစ်နေရာအထိ နှစ်စဉ်တိုးတက်ခဲ့ကြောင်း ၊ COVID-19 ကူးစက်မှုကြောင့် ကမ္ဘာလုံးဆိုင်ရာ ဝယ်လိုအား လျော့ကျမည်ဖြစ်ပြီး မော်တော်ယာဉ်တင်ပို့ရောင်းချမှုမှာ (၂၀၀,၀၀၀) စီးရေ လျော့ကျမည်ဖြစ်ကြောင်း ၂၀၂၀ ပြည့်နှစ်၊ မေလ ၁၀ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌ Phila Siu က “Start-ups Rethinking Plans after Face mask Giveaway” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: China (HongKong)