China (Kunming)

တရုတ်အစိုးရ၏ လျှပ်စစ်ယာဉ်ဆိုင်ရာမူဝါဒများ၊ ထုတ်လုပ်သူများ၏ တုံ့ပြန်မှုများနှင့် ယင်းကဏ္ဍဆိုင်ရာ အနာဂတ်မျှော်မှန်းချက်အခြေအနေများ

Last Updated:

တရုတ်နိုင်ငံ၏ မော်တော်ယာဉ်လုပ်ငန်းတွင် တိုးတက်မှုနှေးကွေးခြင်းကို ကိုင်တွယ်ဖြေရှင်းရန်အပြင် အစိုးရက စျေးကွက်လှုံ့ဆော်ရန်လိုအပ်သည် ဟု ယူဆပါက တရုတ်နိုင်ငံ၏ လျှပ်စစ်ယာဉ် EV ထောက်ပံ့ကြေးများကို သက်တမ်းတိုးမည်ဖြစ်ကြောင်း သိရှိရပါသည်။

၂၆-၈-၂၀၂၂ ရက်နေ့ ဘဏ္ဍာရေးဝန်ကြီးဌာန၊ နိုင်ငံတော်အခွန်အကောက်စီမံခန့်ခွဲရေးအဖွဲ့နှင့် စက်မှုနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီး ဌာနတို့ ပူးပေါင်းထုတ်ပြန်သော စွမ်းအင်သစ်သုံးယာဉ်များဝယ်ယူမှုအပေါ် ဆက်လက်အခွန်ကင်းလွတ်ခွင့်ဆိုင်ရာ ကြေညာချက်အရ ၁-၁-၂၀၂၃ ရက်မှ ၃၁-၁၂-၂၀၂၃ ရက်နေ့အထိ စွမ်းအင်သစ်သုံးယာဉ်များ (new energy vehicles -NEVs) များကိုဝယ်ယူပါက မော်တော်ယာဉ်ဝယ်ယူမှု အခွန်ကင်းလွတ်ခွင့်ကို ဆက်တိုက်ရရှိမည်ဖြစ်ပါသည်။

ကင်းလွတ်ခွင့်ပြုထားသော NEV မော်ဒယ်များစာရင်းတွင် ပါဝင်ပြီး အသုတ်အမှတ် (၅၈) အထိ update လုပ်ထားသော NEV များသာလျှင် ယင်း၏ အခွန်ကင်းလွတ်ခွင့်အတွက် အရည်အချင်းပြည့်မီမည်ဖြစ်ကြောင်း၊ အထက်ပါကြေငြာချက်တွင် ၃၁-၁၂-၂၀၂၃ ရက်မတိုင်မီ စာရင်းတွင်ပါဝင်သော NEVs ဝယ်ယူမှုများအတွက် အခွန်ကင်းလွတ်ခွင့်ကိုလည်း ဆက်လက်ထိန်းသိမ်းထားပေးမည်ဖြစ်ကြောင်း၊ မူလက ၂၀၂၂ ခုနှစ်တွင် သက်တမ်းကုန် ဆုံးရန် စီစဉ်ထားသည့် ကုန်ကျစရိတ်များသော လျှပ်စစ်ကား (EV) ထောက်ပံ့ကြေးများတိုးချဲ့ပေးရန် တရုတ်နိုင်ငံမှ ထုတ်လုပ်သူများနှင့် ညှိနှိုင်းနေ လျှက်ရှိကြောင်း ဖေါ်ပြထားပါသည်။

EV ဆိုသည်မှာ တရုတ်နိုင်ငံတွင် ဘက်ထရီလျှပ်စစ်ကားများ (BEVs)၊ plug-in hybrid လျှပ်စစ်ကားများ (PHEVs နှင့် extended-range electric vehicles)  နှင့် လောင်စာဆဲလ်လျှပ်စစ် ယာဉ်များ (fuel cell electric vehicles -FCVs) တို့ ပါဝင်ပါသည်။

ရည်မှန်းချက်မှာ EV စက်မှုလုပ်ငန်းအတွက် ပံ့ပိုးကူညီရန်နှင့် ဤအရေးကြီးသောစျေးကွက်ကို ချဲ့ထွင်ရန်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ စီးပွားရေး သည် မကြာသေးမီလများအတွင်း သိသိသာသာနှေးကွေးသွားခဲ့ပြီး ၎င်းနှင့်အတူ ၎င်း၏ မော်တော်ယာဉ်ရောင်းချမှုများလည်း နှေးကွေးကြောင်း၊ ၂၀၂၂ ခုနှစ်အစပိုင်းမှစတင်၍ ယန်ဇီမြစ် စီးပွားရေးမြစ်ဝှမ်းအပါအဝင် တရုတ်နိုင်ငံတစ်ဝှမ်းရှိ မြို့ကြီးများနှင့် စက်မှုဇုန်အများအပြားတွင် ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးစည်းမျဉ်းများ၏ အကျိုးဆက်ကြောင့် ၎င်းတို့၏ထုတ်လုပ်မှုကို တလှည့်စီရပ်ဆိုင်းခဲ့ကြရကြောင်း၊ ကူးစက်ရောဂါ ဆိုင်ရာ ကန့်သတ်ချက်များကြောင့် စတိုးဆိုင်များပိတ်ခြင်း၊ ထောက်ပံ့ရေးကွင်းဆက်များ ပြတ်တောက်ခြင်းနှင့် စားသုံးမှုအသုံးစရိတ်များ လျှော့ချ ခြင်းတို့ဖြစ်ပေါ်ခဲ့ရာ တရုတ်နိုင်ငံ၏ EV စျေးကွက်တွင် စားသုံးသူများ၏စိတ်ဝင်စားမှုကို မြှင့်တင်ရန်အတွက် သတင်းအချက်အလက်နှင့် စက်မှုနည်း ပညာဝန်ကြီးဌာန (MIIT) ကဲ့သို့သော အစိုးရ၀န်ကြီးဌာနအသီးသီးသည် EV သုံးစွဲသူများအား မက်လုံးများကို ၂၀၂၃ ခုနှစ်အထိ တိုးချဲ့ရန် စဉ်းစား နေပြီဖြစ်သည်။

၂၀၀၉ ခုနှစ်သည် တရုတ်နိုင်ငံ၏ EV ထောက်ပံ့မှုများ၏ မူလအစ

၂၀၀၉ ခုနှစ်သည် တရုတ်နိုင်ငံ၏ EV ထောက်ပံ့မှုများ၏ မူလအစဖြစ်၍ တရုတ်နိုင်ငံသည် EV စျေးကွက်တွင် ကမ္ဘာလုံးဆိုင်ရာဦးဆောင်သူဖြစ်လာ ရန် ကြိုးပမ်းနေခဲ့ကြောင်း၊ EVs များသုံးစွဲခြင်းကို အားပေးရန်အတွက် တရုတ်အစိုးရသည် EV များသည် သမားရိုးကျ အတွင်းလောင်ကျွမ်းသော အင်ဂျင် (internal combustion engine -ICE) ကားများထက် စျေးပိုကြီးသောကြောင့် EV များဝယ်ယူမှုအတွက် ရက်ရက်ရောရောထောက်ပံ့မှုများ ၂၀၀၉ ခုနှစ်တွင်စတင်ခဲ့ကြောင်း၊ ထိုအချိန်မှစ၍ ဗဟိုအစိုးရသည် EV ထောက်ပံ့မှုများတွင် ယွမ် ၂၀၀ ဘီလီယံကျော်သုံးစွဲခဲ့ပြီး ဒေသဆိုင်ရာ အစိုးရ များက နောက်ထပ်ယွမ် ၁၀၀ ဘီလီယံ သို့မဟုတ် စုစုပေါင်း US$ ၄၇ ဘီလီယံကို ဖြည့်စွက်ခဲ့ကြောင်း၊ ၂၀၁၄ ခုနှစ်တွင် တရုတ်နိုင်ငံသည် အဆိုပါ ထောက်ပံ့ကြေးများကို မူလ ၂၀၁၅ သက်တမ်း ကုန်ဆုံးရက်ထက်ကျော်လွန်သည့်အစီအစဉ်ကို ကြေငြာခဲ့ကြောင်း၊ ၂၀၁၃ ခုနှစ်တွင် ၆ ရာခိုင်နှုန်း သာရှိခဲ့ရာမှ ၂၀၁၆ ခုနှစ်တွင် တရုတ်နိုင်ငံတွင် EV နှင့် PHEV များ ပေါင်းစပ်ရောင်းချမှုသည် အစီးရေ ၃၃၆,၀၀၀ (၆၂ ရာခိုင်နှုန်း) အထိတိုးလာပြီး ကမ္ဘာတစ်ဝှမ်းလုံးတွင် ဟိုက်ဘရစ်ကားများအတွက် အကြီးမားဆုံးစျေးကွက်ဖြစ်လာကာ ကမ္ဘာလုံးဆိုင်ရာရောင်းအား၏ ၄၄ ရာခိုင်နှုန်းအထိရှိပါ သည်။ 

၂၀၁၅-၂၀၂၀ အတွင်း EV ထောက်ပံ့မှုများအပေါ် တရုတ်နိုင်ငံအစိုးရ၏ ပြောင်းလဲလာသော သဘောထား

အရောင်းများတက်လာသည်နှင့်အမျှ EV ထောက်ပံ့ကြေးများ ပေးဆောင်ခြင်းသည် အစိုးရအတွက် အလွန်ကုန်ကျစရိတ်များလာကြောင်း၊ တစ်ချိန် တည်းတွင် စက်ရုံအများအပြားသည် ထောက်ပံ့ကြေးများအတွက် အရည်အချင်းပြည့်မီစေရန် အာဏာပိုင်များကိုလှည့်ကွက်” သုံးခုဖြင့် လှည့်စားခဲ့ ကြောင်း၊ ယင်းတို့မှာ-

(က) တရားမဝင် မှတ်ပုံတင်ထားသောမော်တော်ယာဉ်များ- တရုတ်နိုင်ငံတွင် ထုတ်လုပ်သူများရောင်းချသည့် EV အရေအတွက်ပေါ်မူတည်၍ မက်လုံးများပေးအပ်ခြင်းဖြစ်ရာ ဒေသန္တရအစိုးရအေဂျင်စီများသည် ထုတ်လုပ်သူမှပေးဆောင်သော ရောင်းချမှုပမာဏကို စစ်ဆေးရန်အတွက် ထုတ် ပေးသော မော်တော်ယာဉ်လည်ပတ်ခွင့်ပါမစ်အရေအတွက် ယေဘုယျအားဖြင့် အကဲဖြတ်ရာ အချို့သောထုတ်လုပ်သူများသည် လျှပ်စစ်မော်တော် ယာဉ်များမထုတ်လုပ်ဘဲ ဘက္ထရီနှင့် မော်တာထိန်းချုပ်ကိရိယာများကဲ့သို့သော အဓိကအစိတ်အပိုင်းများမပါဘဲ ဒေသဆိုင်ရာ မှတ်ပုံတင်အာဏာပိုင် များကို လာဘ်ထိုးခြင်း သို့မဟုတ် လှည့်ဖြားခြင်းများမှတစ်ဆင့် လိုင်စင်များရရှိခဲ့ကြကြောင်း၊ ထို့ကြောင့် အချို့သောထောက်ပံ့ထားသော ယာဉ် များသည် လမ်းပေါ်တွင်မဟုတ်ဘဲ စာရွက်ပေါ်တွင်သာ ရှိနေကြကြောင်း၊

(ခ) ဘက်ထရီလဲလှယ်ခြင်း- လျှပ်စစ်ကားများအတွက် တရုတ်နိုင်ငံမှ ထောက်ပံ့ငွေများသည် ဘက်ထရီပမာဏအားဖြင့် အများစုသတ်မှတ်ပြီး ၎င်း တို့၏ ခရီးမိုင်အကွာအဝေးအပေါ် အခြေခံသောကြောင့် ခရီးအကွာအဝေးပိုရှည်သော မော်တော်ယာဉ်များသည် လုပ်ငန်းသုံးကား အမျိုးအစားများ တွင် ဘက္ထရီအရွယ်အစားမှ တိုက်ရိုက်တွက်ချက်သည့် ပမာဏပိုမိုမြင့်မားသော ထောက်ပံ့ကြေးများအတွက် အရည်အချင်းပြည့်မီရာ ရလဒ်အနေ ဖြင့် ထုတ်လုပ်သူအများအပြားသည် ၎င်းတို့၏ စမ်းသပ်ကားများကို အတည်ပြုချက်စမ်းသပ်မှုများအတွက် ကြီးမားသောဘက္ထရီများဖြင့် ပံ့ပိုးပေးပြီး နောက် အမှန်တကယ်ထုတ်လုပ်မှုတွင် ဘက္ထရီအသေးများဆီသို့ ပြန်ပြောင်းခဲ့ကြသည်။ ထိရောက်သောလိုက်နာကျင့်သုံးမှုမရှိခြင်းကြောင့် သေးငယ် သော၊ ဘက္ထရီပါသော EV များသည် ပိုကြီးသော၊ ခွင့်ပြုထားသော ဘက္ထရီများနှင့် ညီမျှသော ထောက်ပံ့ကြေးများ ရရှိခဲ့ကြောင်း၊

(ဂ) အတုအယောင်ဖောက်သည်များ- တရုတ်နိုင်ငံရှိ ထောက်ပံ့ကြေးများကို ရောင်းချသည့် EV ထုတ်လုပ်သူများအတွက်သာခွင့်ပြုထားရာ ရလဒ် အနေဖြင့် ထောက်ပံ့ထားသော မော်တော်ယာဉ်အများအပြားကို တည်ဆောက်ပြီး ရောင်းချခဲ့သော်လည်း ဝယ်ယူသူများလက်သို့ မရောက်ခဲ့ ကြောင်း၊ ထုတ်လုပ်သူအများအပြားသည် ၎င်းတို့၏ မော်တော်ယာဉ်များကို ရောင်းချခဲ့ကြသော်လည်း နောက်ဆုံးအသုံးပြုသူများအား ဘယ်တော့မှ မရောင်းချခဲ့ကြောင်း အစိုးရ၏ စုံစမ်းစစ်ဆေးမှုတွင်  ဖေါ်ပြထားပါသည်။

လိမ်လည်မှုဆိုင်ရာ အငြင်းပွားမှုများသည် တရုတ်နိုင်ငံ၏ EV မူဝါဒအပေါ် ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်မှုများဖြစ်ပေါ်စေခဲ့ပြီး အချို့က ထောက်ပံ့ ကြေးများကို ဆက်လက်ထားရှိသင့်သလားဟု မေးခွန်းထုတ်ခဲ့ကြကြောင်း၊ အမေရိကန်နှင့် ဥရောပရှိ ဘဏ္ဍာရေးထောက်ပံ့မှုများသည် EV အသုံးပြု ခြင်းကို အဓိကမောင်းနှင်စေသောအားဖြစ်ပြီး တရုတ်နိုင်ငံတွင်လည်း အလားတူပင်ဖြစ်ကြောင်း၊ အခြားတစ်ဖက်တွင်မူ ထောက်ပံ့ကြေးလိမ်လည် မှုမှာ မူဝါဒရေးဆွဲခြင်းနှင့် အကောင်အထည်ဖော်ခြင်းတို့၏ ချို့ယွင်းချက်များကြောင့် အများစုဖြစ်ကြောင်း၊ အရေးကြီးသော ချို့ယွင်းချက်တစ်ခုမှာ ထောက်ပံ့ကြေးအဆင့်များသည် အလွန်မြင့်မားနေပြီး နည်းပညာဆိုင်ရာ ရှုပ်ထွေးမှုရှိသောကားများနှင့် သက်ဆိုင်ပါသည်။ ဥပမာအားဖြင့် အရှည် 6 မီတာရှိသော ဘက္ထရီအားဖြင့် လျှပ်စစ်ဘတ်စ်ကားတစ်စီးသည် ထောက်ပံ့ငွေ ယွမ် ၀.၆ သန်း (အမေရိကန်ဒေါ်လာ ၈၇,၀၀၀) အထိရရှိနိုင်ပြီး နိုင်ငံတော်အစိုးရထံမှ ထက်ဝက် နှင့် ဒေသန္တရအစိုးရထံမှ တစ်ဝက်ဖြစ်သည်။ ဤကြီးမားသော ထောက်ပံ့ကြေးသည် ကုန်ကျ စရိတ်နည်းပြီး နည်းပညာနိမ့်သော ဘတ်စ်ကားတစ်စီး၏ အလုံးစုံကုန်ကျစရိတ်ထက် သာလွန် နေ၍ ထုတ်လုပ်သူများအား အစိုးရထံမှ ထောက်ပံ့ကြေးရရှိစေရေး လှည့်ဖြားရန် မက်လုံး ပေးကြောင်း၊ နောက်ထပ်ချို့ယွင်းချက်တစ်ခုမှာ ထိရောက်သောအရေးယူမှု ယန္တရားများ မရှိခြင်းဖြစ်ပါသည်။
မသမာသော လှုပ်ရှားမှုများကြားတွင် တရုတ်အစိုးရသည် လုပ်ငန်းကိုစုစည်းရန်နှင့် ထောက်ပံ့ ကြေးအစီအစဉ်ကို လိမ်လည်မှုကျူးလွန်သူများကို တရားစွဲဆိုရန် စည်းမျဉ်းစည်းကမ်းအစီအမံများ ဆက်တိုက်ထုတ်ပြန်ခဲ့ကြောင်း၊ ၎င်းတို့တွင် တရုတ်နိုင်ငံရှိ စွမ်းအင်သုံးကားသစ်များ (NEVs) ထုတ် လုပ်သူအဖြစ် အရည်အချင်းပြည့်မီရန် အရည်အချင်းပြည့်မီမှုစံနှုန်းများ မြှင့်တင်ခြင်းပါဝင်ကြောင်း၊ ထို့အပြင် ပေဂျင်းသည် ၂၀၁၇ မှ ၂၀၁၈ ခုနှစ် အထိ ၂၀ ရာခိုင်နှုန်းထောက်ပံ့ကြေး ဖြတ်တောက်ခြင်း၊ ၂၀၁၉ မှ ၂၀၂၀ ခုနှစ်အထိ ၄၀ ရာခိုင်နှုန်း ဖြတ်တောက်ခြင်းဖြင့် EV ထောက်ပံ့မှုများကို လျှော့ချရန်အစီအစဉ်နှင့် EV ခရက်ဒစ်စနစ်ဖြင့် နှစ်စဉ် ထုတ်လုပ်သူမှရောင်းချသော ကားအားလုံး၏ ရာခိုင်နှုန်းအချို့သည် ဘက္ထရီအားသုံးရမည်ဟု ဆိုသော EV ခရက်ဒစ်စနစ်တစ်ခု တရုတ်အစိုးရက တည်ထောင်ခဲ့ခြင်းတို့ကို ထုတ်ဖော်ခဲ့ကြောင်း၊ မူလစိတ်ကူးမှာ တိုက်ရိုက်ဘဏ္ဍာရေးအကူအညီမှ စျေးကွက်အခြေ ပြု ချဉ်းကပ်မှုသို့ ကူးပြောင်းရန်ဖြစ်သည်။ 

မော်တော်ယာဉ်လျှပ်စစ်ဓာတ်အားရရှိရေးတွင် တရုတ်နိုင်ငံ၏ အောင်မြင်မှုသည် အဓိကအားဖြင့် နိုင်ငံတော်နှင့် ပြည်နယ်အဆင့်တွင် EV ထုတ်လုပ် ခြင်းနှင့် ရောင်းချခြင်းတို့ကို ပံ့ပိုးပေးသော အစိုးရ၏ အစပျိုးမှုများကြောင့်ဖြစ်ကြောင်း၊ အစိုးရ၏ပံ့ပိုးကူညီမှုကြောင့် EV စရိတ်စကများကို ရိုးရာ ယာဉ်များ ကုန်ကျစရိတ်အဆင့်ကဲ့သို့ တွန်းပို့ခဲ့ပြီး တရုတ်သည် ထိုကဲ့သို့သောနည်းပညာကို အလုံးအရင်းဖြင့် လက်ခံကျင့်သုံးမှုဆီသို့ လမ်းကြောင်း ပေါ်သို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ သို့သော်လည်း တရုတ်နိုင်ငံ၏ EV စက်မှုလုပ်ငန်းသည် ပိုမိုခိုင်မာလာသည်နှင့်အမျှ ပေကျင်းသည် စွမ်းအင်သုံး ကားသစ်များအတွက် မက်လုံးများကို တဖြည်းဖြည်းဆုတ်ခွာလာခဲ့ကြောင်း၊ ထို့အပြင် ချပ်စ်ပြတ်တောက်မှုများသည် COVID-19 ကပ်ရောဂါအစမှ စတင်၍ ထုတ်လုပ်သူများအပေါ် သက်ရောက်မှုရှိခဲ့ပြီး ဝယ်လိုအားကျဆင်းခြင်းနှင့် ထောက်ပံ့ရေးကွင်းဆက်ရှိ အထွေထွေပြဿနာများကဲ့သို့သော အခြားသော အချက်များစွာနှင့်အတူ လျှော့ချထောက်ပံ့မှုများနှင့်အတူ တွဲထားသည့်ဤအခြေအနေများသည် လျှပ်စစ်ကားများ၏ ကုန်ကျစရိတ်ကို တိုးစေကြောင်း၊ ၂၀၂၂ အတွက်မျှော်လင့်ထားသည့် NEV ထောက်ပံ့မှုများ၏ ၃၀ ရာခိုင်နှုန်းကျဆင်းမှုသည် ဝယ်ယူစျေးနှုန်းကိုတက်စေပြီး စားသုံး သူများ၏ ရွေးချယ်မှုများကို ပြန်လည်စဉ်းစားစေကြောင်း၊ EV စျေးနှုန်းများအပေါ်တွင် ကျဆင်းလာသော ထောက်ပံ့ကြေးများ၏ အလားအလာ သက်ရောက်မှုကို ထေမိရန် XPeng ကဲ့သို့သော ကုမ္ပဏီများသည် ထောက်ပံ့ကြေးဆုံးရှုံးမှုကို စုပ်ယူခြင်း (သို့မဟုတ်) အလားအလာရှိသော ဝယ်ယူ သူများအတွက် ချေးငွေဦးစားပေးအစီအစဉ်ကို ပယ်ဖျက်ခြင်း စသည့်မဟာဗျူဟာနှစ်ခုလုံးသည် ထိုသို့သော အပြောင်းအလဲများကို ကိုင်တွယ်ဖြေ ရှင်းရာတွင် အထောက်အကူဖြစ်စေပါသည်။

တစ်ချိန်တည်းတွင် ထောက်ပံ့မှုများသည် EV စျေးကွက်ကိုလှုံ့ဆော်ရန် တစ်ခုတည်းသော နည်းလမ်းမဟုတ်ပါကြောင်း၊ တရုတ်အစိုးရသည် စျေး ကွက်မြှင့်တင်ရန်နှင့် ၎င်း၏ ရည်မှန်းချက်များ အောင်မြင်ရန် အခြားလှုံ့ဆော်မှုအစီအမံများကို ချမှတ်ထားပါသည်။

အခွန်ကင်းလွတ်ခွင့်

၂၂-၄-၂၀၂၀ ရက်နေ့တွင် ဘဏ္ဍာရေးဝန်ကြီးဌာန (MOF)၊ နိုင်ငံတော်အကောက်ခွန်ဦးစီးဌာန (STA) နှင့် MIIT တို့ ပူးပေါင်း၍ စွမ်းအင်သုံးယာဉ် အသစ်များအတွက် မော်တော်ယာဉ်ဝယ်ယူခွန် ကင်းလွတ်ခွင့်ဆိုင်ရာ ကြေငြာချက်ထုတ်ပြန်ခဲ့ကြောင်း၊ ၂၀၂၂ နှစ်ကုန်အထိ မော်တော်ယာဉ်ဝယ်ယူ ခွန်မှ NEV များကို သက်ဆိုင်ရာအာဏာပိုင်များမှ ဖယ်ထုတ်မည်ဖြစ်ကြောင်း၊ စာတမ်းတွင် ဖော်ပြထားကြောင်း၊ အခွန်ကင်းလွတ်ခွင့်တွင် PEV နှင့် PHEV နှင့် FCV များပါဝင်ကြောင်း၊ EV လုပ်ငန်းများသည် ၎င်းတို့၏ မော်တော်ကားစက်ရုံ အရည်အချင်းစစ်လက်မှတ်ကို MIIT သို့ အတည်ပြုချက် အတွက် upload တင်ခြင်းဖြင့် အခွန်ကင်းလွတ်ခွင့် လျှောက်ထားနိုင်ပါသည်။

EV အခြေခံအဆောက်အအုံအတွက် ရင်းနှီးမြှုပ်နှံမှု

လာမည့်စီးပွားရေးနှိုးဆွမှုအစီအမံများတွင် အခြားသောအရာများအပြင် NEV အားသွင်းစခန်းများ၊ ရေရှည်တည်တံ့သော စွမ်းအင်နှင့် Internet of Things တို့ပါ၀င်သည့် “အခြေခံအဆောက် အအုံသစ်” တွင် ရင်းနှီးမြှုပ်နှံမှုများကို ဦးစားပေးလုပ်ဆောင်မည်ဟု အစိုးရတာဝန်ရှိသူများက အကြံပြု ထားကြောင်း၊ အကယ်၍ အစိုးရသည် NEV အားသွင်းရုံများတွင် ကြီးမားသော ရင်းနှီးမြုပ်နှံပါက ကဏ္ဍအား အားကောင်းလာမည်ဖြစ်ပြီး NEV များသည် သာမန်ဖောက်သည်များအတွက် ပိုမိုဆွဲဆောင်မှုရှိလာမည်ဖြစ်ကြောင်း၊ ထို့အပြင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ နည်းပညာမြင့်နှင့် သုတေ သနနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် အပိုမက်လုံးများကို NEV ထုတ်လုပ်သူများအတွက် ရရှိနိုင်ပါကြောင်း၊ EV ထုတ်လုပ်မှုနှင့် သုံးစွဲမှုသည် တရုတ် နိုင်ငံ၏ စီးပွားရေး၊ စက်မှုလုပ်ငန်းနှင့် ကာဗွန်လျှော့ချရေးရည်မှန်းချက်များတွင် အပြည့်အ၀ကိုက်ညီသောကြောင့် စက်မှုလုပ်ငန်းသည် အစိုးရ အတွက် အရေးကြီးသော လုပ်ငန်းတစ်ခု ဖြစ်လာစေသည်။

ယခုအချိန်အထိ ပေကျင်းသည် ၂၀၂၅ ခုနှစ်တွင် EV ဖြန့်ကျက်မှု ၂၀ ရာခိုင်နှုန်းရရှိရန် ၎င်း၏ ပန်းတိုင်ကို အရောက်လှမ်းနိုင်ရန် ခိုင်ခိုင်မာမာ ရပ်တည်နေပါကြောင်း၊ တရုတ်နိုင်ငံသည် ကမ္ဘာတစ်ဝှမ်းတွင် လျှပ်စစ်ကားအများစုတွင် အသုံးပြုသည့် လီသီယမ်- အိုင်းယွန်း ဘက္ထရီထုတ်လုပ် ရေးတွင် ထိပ်တန်းနိုင်ငံဖြစ်ပြီး ကမ္ဘာ့လစ်သီယံ သယံဇာတအများစုကို အခြားနိုင်ငံများက ချုပ်ကိုင်ထား၍ တရုတ်နိုင်ငံသည် ၎င်း၏ လိုအပ်ချက်၏ ၈၀ ရာခိုင်နှုန်းကို တင်သွင်းနေသော်လည်း အနာဂတ်ထုတ်လုပ်မှုအတွက် လစ်သီယံသတ္တုတွင်းအများစုကို ဝယ်ယူထားပြီးဖြစ်သည်။ တရုတ်နိုင်ငံ အတွက် ၎င်း၏ အနာဂတ်သည် လျှပ်စစ်ဖြစ်မည်ဟု ညွှန်ပြနေပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ကူမင်းမြို့)
ရင်းမြစ်: www.china-briefing.com/news/china-considers-extending-its-ev-subsidies-to-2023/

 

Category: China (Kunming)