China (Kunming)

တရုတ်-တောင်အာရှ ကုန်စည်ပြပွဲတွင် အမေရိကန်ဒေါ်လာ ဘီလီယံပေါင်းများစွာ တန်ဖိုးရှိသော ပရောဂျက်များကို လက်မှတ်ရေးထိုးခဲ့

Last Updated:

ဆဋ္ဌမအကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲနှင့် ၂၆ ကြိမ်မြောက် ကူမင်းသွင်းကုန် ကုန်စည်ပြပွဲတွင် တရုတ်နိုင်ငံ ၊ ယူနန်ပြည်နယ် မြို့တော်ကူမင်းတွင် (၁၉-၁၁-၂၂) ရက်နေ့တွင်  ဖွင့်လှစ်ခဲ့ပြီးရင်းနှီးမြှုပ်နှံမှု ယွမ် ၄၀၀ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၅၆.၃ ဘီလီယံခန့်) စုစုပေါင်းစီမံကိန်း ၁၆၉ ခုကို (၂၁-၁၁-၂၂) ရက်နေ့က လက်မှတ်ရေးထိုးခဲ့ပါသည်။

ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများသည် အစိမ်းရောင်စွမ်းအင်၊ ခေတ်မီစိုက်ပျိုးရေး၊ အဆင့်မြင်ကုန်ထုတ်မှု၊ ပစ္စည်းအသစ်နှင့် ဇီဝဆေးဝါးများအပါအဝင် တရုတ်နိုင်ငံအနောက်တောင်ပိုင်း ယူနန်ပြည်နယ်ရှိ အဓိကစက်မှုလုပ်ငန်း ၁၂ ခုဖြစ်ကြောင်း  အွန်လိုင်းနှင့် အော့ဖ်လိုင်းတွင် ကျင်းပသည့် လေးရက်ကြာ အခမ်းအနားတွင်နိုင်ငံများ၊ တိုင်းဒေသကြီးနှင့် နိုင်ငံတကာအဖွဲ့အစည်း  ၈၀ မှ "ဖွံ့ဖြိုးတိုးတက်မှု အသစ်အတွက် အခွင့်အလမ်းသစ်" ခေါင်းစဉ်အောက်တွင် ကျင်းပဖြစ်ပြီး နှစ်စဉ်ဆောင်ရွက်သော ကုန်သွယ်မှုနှင့် ရင်းနှီးမြုပ်နှံမှုမြှင့်တင်ရေးလှုပ်ရှားဆောင်ရွက်မှုတစ်ခု ဖြစ်ပါသည်။

 

 

 

 

( မြန်မာစီးပွားရေးသံမှူး၊ ကူမင်းမြို့)

ရင်းမြစ် Projects worth billions USD inked at China-South Asia Exposition - News - 云桥网英文 (yunnangateway.com)  

Category: China (Kunming)