China(Nanning)

တရုတ်-လာအို မီးရထားလမ်းအသစ်ကို အသုံးပြု၍ လုပ်ငန်းဆောင်ရွက်နေပြီဖြစ်သည့် DHL

Last Updated:

ယခုအချိန်မှာ ကုန်စည်ပို့ဆောင်ခများ အမြင့်ဆုံးဖြစ်နေသည့်ကာလဖြစ်သော်လည်း၊ တရုတ်- လာအို မီးရထားလမ်းအသစ်ကို အသုံးပြု၍ ကုန်စည်များပို့ဆောင်ပါက လေကြောင်းမှပို့ဆောင်ခနှင့် နှိုင်းယှဉ်လျှင် ထက်ဝက်မျှသက်သာပြီး၊  ကြာမြင့်ချိန်လည်း ထက်ဝက်ခန့် လျော့နည်းသွားသည့်အတွက် အပြည်ပြည်ဆိုင်ရာ ချောပို့ လုပ်ငန်းဖြစ်သည့် DHL မှာ တရုတ်နိုင်ငံ၊ ကူမင်းမြို့နှင့် လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့တို့အကြား  ဤရထားလမ်းအသစ်ကို အသုံးပြု၍ အပြန်အလှန်ပို့ဆောင်ပေးနေပြီ ဖြစ်ပါသည်။

ဗီယန်ကျင်းနှင့် ကူမင်းတို့မှာ တရုတ်-အာဆီယံအတွက် နည်းလမ်းစုံဖြင့် ကုန်စည်သယ်ယူပို့ဆောင်မှုလမ်းကြောင်းများ၌ အချက်အချာကျသည့်နေရာများပေါ်တွင် အသီး သီးတည်ရှိပါသည်။ တရုတ်-လာအိုမီးရထားလမ်းကို အသုံးပြုပါက လမ်းခရီးတွင်ကြာမြင့်ချိန်မှာ နာရီ (၂၀) မှ (၂၄) နာရီကြားခန့်သာရှိတော့ပြီး၊ ရထားလမ်းဖြင့် သယ် ယူပို့ဆောင်ခြင်းနှင့် ကုန်တင်ကားဖြင့် သယ်ယူပို့ဆောင်ခြင်း ပုံစံ (၂) မျိုးကို ပေါင်းစပ်ထားသည့် ကုန်စည်သယ်ယူမှုဖြစ်ပါသည်။

ဤမီးရထားလမ်းမှာ လေကြောင်းနှင့် ပင်လယ်ရေကြောင်းမှ ပို့ဆောင်မှုများ အခက်အခဲဖြစ်နေချိန်တွင် ပြောင်းလဲသုံးစွဲ၍ရသည့် လမ်းကြောင်းဖြစ်ပါသည်။ ဤရထား လမ်းကို အသုံးပြု၍ တရုတ်နှင့် အာဆီယံဈေးကွက်များအကြား DHL ၏ သယ်ယူပို့ဆောင်ပေးသည့် ဝန်ဆောင်မှုများကို အချိန်တိုတောင်းစွာနှင့် ကုန်ကျစရိတ်သက်သာ စွာ ဆောင်ရွက်ပေးသွားမည်ဟု သိရပါသည်။ ဉပမာအားဖြင့် ဤမီးရထားမှပို့ဆောင်လျှင်

  • ချန်ဒူး-ဘန်ကောက်-ကုန်းလမ်း/ ရထားလမ်းဝန်ဆောင်မှုမှာ လေကြောင်းထက် (၇၈) ရာခိုင်နှုန်း ပိုမိုသက်သာပြီး၊ (၂) ရက်ခန့် ပိုမိုမြန်ဆန်လာ မည် ဖြစ်ပါသည်။
  • ကွာလာလမ်ပူ-ချန်ဒူး-ကုန်းလမ်း/ ရထားလမ်းဝန်ဆောင်မှုမှာ လေကြောင်းထက် (၇၀) ရာခိုင်နှုန်း ပိုမိုသက်သာမည် ဖြစ်ပါသည်။
  • ရှန်ဟိုင်း-စင်ကာပူ-ကုန်းလမ်း/ ရထားလမ်းဝန်ဆောင်မှုမှာ လေကြောင်းထက် (၃၈) ရာခိုင်နှုန်း ပိုမိုသက်သာသော်လည်း၊ (၄) ရက်ခန့် ပိုမိုကြာမြင့် မည် ဖြစ်ပါသည်။

တရုတ်-လာအို မီးရထားလမ်းအသစ်မှာ တရုတ်၏ ရပ်ဝန်းနှင့်ပိုးလမ်းမ စီမံကိန်းအောက်၌ပါဝင်သည့် အပြည်ပြည်ဆိုင်ရာစီးပွားရေးစင်္ကြံ (၆) ခုအနက် တစ်ခုဖြစ်ပါ သည်။  တရုတ် (ကူမင်း) နှင့်ဆက်သွယ်ထားသည့် မီးရထားလမ်း၏ လာအိုအပိုင်းမှာ (၄၁၄) ကီလိုမီတာ ရှည်လျားကာ၊ မြောက်ပိုင်းတရုတ်နှင့် နယ်နိမိတ်ချင်းထိစပ်နေ သည့် Boten မှ ဖြတ်သန်းလျက်၊ တောင်ပိုင်း ထိုင်းနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် ဗီယန်ကျင်းသို့ ဆက်သွယ်ထားခြင်းဖြစ်ပါသည်။  ဤသို့ဆက်သွယ်ထားခြင်း ကြောင့် ဗီယန်ကျင်းမှ တရုတ်နှင့် နယ်စပ်ဒေသသို့ ခရီးသွားလာချိန်မှာ ယခင်က (၁၅) နာရီခန့် ကြာမြင့်ခဲ့ရာမှ၊ ယခု (၄) နာရီခန့်သာ ကြာမြင့်ပါတော့သည်။ Boten မှ ကူမင်းသို့ ဆက်သွယ်ထားသည့်လမ်းပိုင်းမှာ (၅၉၅) ကီလိုမီတာ ရှည်လျားပြီး၊ ကုန်းတွင်းပိတ် လာအိုနိုင်ငံအား တစ်ကမ္ဘာလုံးနှင့် ဒေသတွင်းရှိ ကုန်ထုတ်လုပ်မှု ကွင်းဆက်များဖြင့် ချိတ်ဆက်နိုင်ရေး အထောက်အကူပြုထားပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

 ရင်းမြစ်၊ https://www.dhl.com (၃-၁၂-၂၀၂၁)

Category: China(Nanning)