Japan

တိုကျိုစတော့ရှယ်ယာတန်ဖိုး တစ်ဟုန်ထိုး မြင့်တက်လာခဲ့

Last Updated:

ယန်းငွေတန်ဖိုး အားနည်းလာခြင်းနှင့် ဧပြီလ ၇ ရက်နေ့ အစောဆုံးထားပြီး အရေးပေါ် စီးပွားရေးလုပ်ငန်းစဉ်များကို ဆုံးဖြတ်ရန်ရှိကြောင်း ခန့်မှန်းချက်များကြောင့် တိုကျိုစတော့ရှယ်ယာစျေးများသည် ဧပြီ ၆ ရက်နေ့တွင် တဟုန်ထိုး မြင့်တက် လာခဲ့ပါသည်လက်ရွေးစင်ရှယ်ယာ ၂၂၅ မျိုး၏ နစ်ကေးပျမ်းမျှအညွှန်းကိန်းသည် ဧပြီ ၆ ရက်နေ့တွင်  ၁၈၅၇၆ မှတ် နှင့် ဈေးပိတ်ခဲ့ပြီး ပြီးခဲ့သော အပတ်ကထက် ၇၅၆ မှတ် မြင့်တက်ခဲ့ပါသည်။ နိုင်ငံအတွင်း အရေးပေါ်အခြေအနေကြေငြာမည်ဆိုပါက  ပြည်တွင်း စီးပွားရေး ဆောင်ရွက်ချက်များ ယခုထက်ပိုမို၍ နှေးကွေးလာနိုင်မည်ဟု စိုးရိမ်မှုများ ရှိနေ ကြောင်း  စျေးကွက်လေ့လာသုံးသပ်သူများက ပြောဆိုသုံးသပ်ကြပါသည်။

ရင်းနှီးမြှုပ်နှံသူအများစုသည်  စတော့ရှယ်ယာအရောင်းအဝယ်များကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ခြင်းမပြုကြဘဲ အရေးပေါ်ကြေညာချက်တွင် ပါဝင်မည့်  အကြောင်း အရာများကိုသာ လေ့လာစောင့်ကြည့်နေကြကြောင်း စျေးကွက်လေ့လာသူများက ပြောကြား ခဲ့ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဂျပန်နိုင်ငံ)

Category: Japan