Japan

တိုယိုတာကားကုမ္ပဏီ၏ လုပ်ငန်းဝင်ငွေလည်ပတ်မှု ၈၀ ရာခိုင်နှုန်း နီးပါး ကျဆင်းနိုင်မည်ဟု ခန့်မှန်းခဲ့

Last Updated:

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ၏ သက်ရောက်မှုကြောင့် တိုယိုတာကားကုမ္ပဏီအနေဖြင့်လာမည့် ၂၀၂၁ ခုနှစ်၊ မတ်လအထိ တစ်နှစ်တာကာလအတွင်း ၎င်း၏ လုပ်ငန်း လည်ပတ်မှုဝင်ငွေ ၈၀ % ကျဆင်းနိုင်မည်ဖြစ်ကြောင်း ခန့်မှန်းထားကြောင်း သိရပါသည်။

၂၀၂၀ ပြည့်နှစ်၊ မေလ ၁၂ ရက်နေ့တွင် ထုတ်ပြန်လိုက်သည့် ၎င်း၏ဘဏ္ဍာရေး စာရင်းများ အရ တိုယိုတာအနေဖြင့် မူလက တစ်ကမ္ဘာလုံးသို့ မော်တော်ကားစီးရေ ၈.၉ သန်း ထုတ်လုပ် ရောင်းချရန် လျာထားသော်လည်း ယခင်နှစ်ကထက် ၁၄.၉ % ရောင်းအားကျဆင်းခဲ့ကြောင်း၊ ယခုနှစ်ရရှိသည့် ရောင်းရငွေ ယန်း ၂၄ ထရီလီယံသည် ယခင်းနှစ်က ရရှိခဲ့သည့် ယန်း ၂၉ ထရီလီယံထက် ၂၀ % ခန့် လျော့ကျသွားပါကြောင်း၊ ကုမ္ပဏီ၏ လုပ်ငန်းလည်ပတ်မှုဝင်ငွေသည် လည်း အမေရိကန်ဒေါ်လာ ၄.၇ ဘီလီယံသာရှိပြီး ၈၀ % နီးပါးခန့် ဝင်ငွေ ကျဆင်းသွားနိုင် ကြောင်း ခန့်မှုန်းသုံးသပ်ထားပါသည်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါပြန့်ပွားမှုကြောင့် တိုယိုတာကုမ္ပဏီ၏ ကမ္ဘာတစ်ဝှမ်းရှိ စက်ရုံများကို ယာယီပိတ်ထားရမှုနှင့် ရင်ဆိုင်နေရကြောင်း၊ တရုတ်နိုင်ငံအတွင်းရှိ ထုတ်လုပ်မှုများ စတင်လည်ပတ်နေပြီး ဥရောပနှင့် အမေရိကန်ရှိ စက်ရုံများသည် ယခုမေလအတွင်း ပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်နေပါကြောင်း၊ သို့သော်လည်း ကုမ္ပဏီ၏ ရောင်းအားအပေါ် အကျိုးသက်ရောက်မှုကို ရှောင်ရှားနိုင်မည်မဟုတ်ပါကြောင်း၊ ခန့်မှန်းချက်များအရ ဧပြီလ၏ ရောင်းအားမှာ အနိမ့်ဆုံးဖြစ်နိုင်ပါကြောင်း၊ ကမ္ဘာ့ကားစျေးကွက်သည် ကိုရိုနာကပ်ရောဂါဂယက်ကြောင့် ထိခိုက်ခဲ့ရပြီး လာမည့် ဇွန်လနောက်ပိုင်းတွင် ပြန်လည်နာလန်ထူလာမည်ဟု မျှော်လင့်ပါကြောင်း တိုယိုတာကုမ္ပဏီ၏ တာဝန်ရှိသူ စီမံခန့်ခွဲရေးအရှာရှိ  Mr. Kenta Kon က ပြောကြားခဲ့ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဂျပန်နိုင်ငံ)

Category: Japan