Japan

တိုယိုတာမော်တာက ကမ္ဘာတစ်ဝှမ်းရှိ ထုတ်လုပ်မှုများ အပြည့်အဝပြန်လည်စတင်ရန် ပြင်ဆင် နေကြောင်းသိရ

Last Updated:

တိုယိုတာမော်တာကော်ပိုရေးရှင်းသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလကတည်းက ရပ်နားထားရသည့် ကမ္ဘာတစ်ဝှမ်းရှိ ၎င်း၏ မော်တော်ကားထုတ်လုပ်မှုများကို အပြည့်အဝပြန်လည်စတင်မည်ဖြစ်ကြောင်း ယခုသီတင်းပတ်တွင် ပြောကြားခဲ့ပါသည်။

ကိုရိုနာကပ်ရောဂါပြန့်ပွားမှုကြောင့် ပိတ်သိမ်းရပ်ဆိုင်းထားရသည့် ဗင်နီဇွဲလားရှိ တိုယိုတာစက်ရုံကို ဇူလိုင်လ ၁၃ ရက်နေ့မှ စတင်၍ လည်ပတ်ဆောင်ရွက်မည်ဖြစ် ကြောင်း သိရပါသည်။ သို့သော်လည်း ကိုရိုနာမပြန်ပွားခင်ကာလမှ ထုတ်လုပ်မှုပမာဏသို့ ရောက်ရှိရန် အလှမ်းဝေးဆဲ ဖြစ်ကြောင်းသိရပါသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်တွင် တိုယိုတာမော်တာသည် ပြည်ပနိုင်ငံများ၌ ကားစီးရေ ၅.၆၃ သန်းခန့် ထုတ်လုပ်နိုင်ခဲ့ပြီး ယခုနှစ်တွင်လည်း ကမ္ဘာတစ်ဝှမ်းထုတ်လုပ်မှုကို တဖြည်းဖြည်းချင်း ပြန်လည်မြင့်တက်လာရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုပါသည်။ ပြီးခဲ့သည့် ဧပြီလအတွင်း တိုယိုတာမော်တာ၏ ကမ္ဘာတစ်ဝှမ်းထုတ်လုပ် နိုင်မှုသည် ယခင်နှစ်များထက် ၆၆.၂ % ခန့် ကျဆင်းခဲ့ပြီး လာမည့်လအနည်းငယ်တွင်လည်း ၅၃ %  ထိ ဆက်လက်ကျဆင်းနေမည်ဖြစ်ကြောင်း သုံးသပ်ခန့်မှန်း ထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဂျပန်နိုင်ငံ)

Category: Japan