Thailand

ထိုင်း လယ်ယာထွက်ကုန်များအား တရုတ် e-commerce sitesများတွင် အဆင့်မြှင့်တင်ရောင်းချရန် ရည်ရွယ်ချက်

Last Updated:

ထိုင်းနိုင်ငံ၏ ရာသီအလိုက်သီးနှံများနှင့် ဆန် တို့ကဲ့သို့သော လယ်ယာစိုက်ပျိုးရေးထွက်ကုန်များမှာ တရုတ်ပိုင် e-commerce ပလက်ဖေါင်းများတွင် ရေပန်းစားလျှက်ရှိပါသည်။ ဘဏ္ဍာရေးဝန်ကြီးသည် ထိုင်းလယ်ယာစိုက်ပျိုးရေးနှင့်သမဝါယမဘဏ် Bank of Agricultural and Agricultural Cooperative (BAAC) အား ၎င်း၏ လက်ရှိလယ်ယာစိုက်ပျိုးရေး ထွက်ကုန်များအတွက် ပြုလုပ်ထားသော အွန်လိုင်းပလက်ဖေါင်းကို တရုတ် e-commerce sites များတွင် ရောင်းချနိုင်အောင် တန်ဖိုးမြှင့်တင် အဆင့်မြှင့်ရန် ညွှန်ကြားခဲ့ပါသည်။

ထိုင်းလယ်ယာထွက်ကုန်များကို Lazada (သို့မဟုတ်) Alibaba e-commerce ပလက်ဖေါင်းများတွင် အဆင့်မြှင့်တင်ရောင်းချသင့်ကြောင်း ဘဏ္ဍာရေးဝန်ကြီး ဉတ္တမ ကပြောကြားခဲ့ပါသည်။ ပြည်တွင်းသတင်းများအရ ဉတ္တမ၊ ဒုတိယဝန်ကြီးချုပ်ဆုန်ကစ်၊ ဝန်ကြီးချုပ်ရုံး နိုင်ငံရေးရာဆိုင်ရာ ဒုတိယအတွင်းရေးမှူးချုပ် Kobsak နှင့် အခြားစွမ်းအင်ဝန်ကြီးနှင့် အဆင့်မြင့်ပညာရေး သိပ္ပံနှင့် တီထွင်မှုရေးရာဆိုင်ရာဝန်ကြီးတို့ မှာ ၎င်းတို့၏ အလုပ်မှ ဗုဒ္ဗဟူးနေ့တွင် နှုတ်ထွက်ခဲ့ကြပါသည်။
အစောပိုင်းက မစ္စတာဉတ္တမ၊ စွမ်းအင်ဝန်ကြီး Sontijirawong နှင့် အဆင့်မြင့်ပညာရေး သိပ္ပံနှင့်တီထွင်မှုရေးရာဆိုင်ရာဝန်ကြီး Sivit Maesincee တို့မှ ၎င်းတို့အနေဖြင့်  ပလန်ပရာချာရတ်ပါတီမှ နှုတ်ထွက်ကြောင်း ပြောကြားခဲ့ကြပါသည်။ BAAC အနေဖြင့် အနာဂတ်တွင် လယ်ယာထွက်ကုန်များရောင်းချရန် လက်ရှိ အွန်လိုင်းပလက်ဖေါင်းအား ဖွံ့ဖြိုးတိုးတက်ပြီး အရည်အသွေးရှိသောလမ်းကြောင်း(Channel)တစ်ခုဖြစ်လာစေရေး ဆောင်ရွက်သွားရန် အမိန့်ပေးခဲ့ကြောင်း ဉတ္တမ က ပြောကြားခဲ့ပါသည်။ လိုချင်သောရလဒ်မှာ လယ်ယာထွက်ကုန်များအား Lazadaနှင့် Alibaba တို့ကဲ့သို့သော အဆင့်မြှင့်တင်ထားသည့် e-commerce ပလက်ဖေါင်းတွင် အဆင့်မြှင့်တင်ရောင်းချသွားနိုင်ရန် ဖြစ်ပါသည်။

BAAC ၏ အကြီ;အကဲ အမှုဆောင်ဒုက္ကဌ Somkiat Kimawaha က ဘဏ်၏အွန်လိုင်း ကုန်သွယ်မှုပလက်ဖေါင်းဖြစ်သော Thai Agri Business နှင့် Information Technology Group တို့၏ ပူးပေါင်းဆောင်ရွက်မှုဖြစ်ကြောင်း၊ ၎င်းကို ယမန်နှစ်က ထုတ်ကုန် (၁,၂၄၇) မျိုးနှင့် စတင်မိတ်ဆက်လွှင့်တင်ခဲ့ခြင်း ဖြစ်ပါသည်။

Mr.Somkiat က အစိုးရ၏ ယခင်က  ပိတ်ဆို့မှုအစီအမံများကြောင့် ထုတ်ကုန်များအနေဖြင့် ရောင်းအားတက်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ ထို့အပြင် ပြည်နယ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေး အခက်အခဲများနှင့် စားသုံးသူများ၏ ဝယ်ယူနိုင်စွမ်းအားတို့ ကလည်း နောက်ထပ်အွန်လိုင်းလယ်ယာထွက်ကုန်များ ရောင်းချမှုထိုင်းမှိုင်းရခြင်း၏ အကြောင်းတရားတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

BAAC အနေဖြင့် ပလက်ဖေါင်းပေါ်ရှိ ထုတ်ကုန်အရေအတွက်အားအမည်ပေါင်း (၁,၇၅၀) အထိ တိုးမြှင့်သွားရန်ရည်ရွယ်ထားပြီး ယမန်နှစ်က စုစုပေါင်းရောင်းအားဖြစ်သောဘတ်ငွေ (၁၆၁) ဘီလီယံထက် (၅-၁၀%) အထိ မြှင့်တင်သွားရန် ရည်မှန်းသတ်မှတ် ခဲ့ပါသည်။ ပြည်နယ်တစ်ခုစီရှိ BAAC အရာရှိများအနေဖြင့် ကုန်ပစ္စည်းများသည် အွန်လိုင်းမှရောင်းချရန် အရည်အသွေးစံချိန်စံညွှန်းနှင့် ကိုက်ညီမှုရှိ/မရှိ စစ်တမ်းများ အမြန်ကောက်ယူတင်ပြရန် ညွှန်ကြားခဲ့ပါသည်။ ယခင်က အရောင်းရဆုံးသော ကုန်ပစ္စည်း များမှာ ဆန်လုံးညို (Brown Rice)၊ Riceberry ၊ အေ-အမှတ်တံဆိပ် စံပယ်ဆန်(A Brand Jasmine rice)နှင့် ရာသီအလိုက် သစ်သီးဝလံများဖြစ်ပါသည်။

 

 

Source:Bangk Post     

( မြန်မာစီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)                                                         

Category: Thailand