Thailand

ထိုင်း အမျိုးသားဆန်စပါးမူဝါဒကော်မတီအနေဖြင့် ဆန်စပါးအာမခံဈေးနှုန်းကို အတည်ပြု

Last Updated:

ဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာ ဉက္ကဌအဖြစ်ဆောင်ရွက်သည့် အမျိုးသား    ဆန်စပါးမူဝါဒကော်မတီ( National Rice Policy Committee ) သည် ၂၀၂၀-၂၀၂၁ ခုနှစ် သီးနှံရာသီနှစ်အတွက် ဆန်စပါးဈေးနှုန်း အာမခံချက်အစီအစဉ်ကို ယမန်နှစ်ရာသီကာလ ကနှင့်တူညီသော အာမခံဈေးနှုန်းများဖြင့် (၁၇-၇-၂၀၂၀)ရက်နေ့တွင် အတည်ပြုပေးခဲ့ပါသည်။ အစိုးရအဖွဲ့၏ ဒုတိယအဆင့်ပြောရေးဆိုခွင့်ရှိသူ Rachada Dhanadirek က  အဆိုပါအစီအစဉ်ကို အကောင်အထည်ဖေါ်ရန်  ၂၀၂၀-၂၀၂၁ ခုနှစ် စက်တင်ဘာလ (၁) ရက်နေ့မှ ၂၀၂၁ခုနှစ် ၊ မေလ(၃၁)ရက်နေ့အတွင်း ဘတ်ဂျက် ငွေဘတ်(၈၅)ဘီလီယံကို အသုံးပြုသွားမည်ဟု ခန့်မှန်းရကြောင်း ပြောကြားခဲ့ပါသည်။

အချို့သောဘတ်ငွေ(၂၃.၅)ဘီလီယံအား ဈေးနှုန်းအာမခံချက်အတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း၊ ဘတ်ငွေ(၅၆)ဘီလီယံအား လယ်သမားများအတွက် အရည်အသွေးဖွံ့ဖြိုးတိုးတက်မှုနှင့် စီမံခန့်ခွဲရေးအတွက် အထောက်အကူပြုရန် အသုံးပြုသွားမည် ဖြစ်ကြောင်း၊ ဘတ်ငွေ(၅.၇၂) ဘီလီယံအား ပြည်တွင်းဆန်ဈေးနှုန်း တည်ငြိမ်စေရေးအတွက် သက်တမ်းထပ်တိုးပေးထားသော ချေးငွေများ၏ အတိုးနှုန်းများအတွက် ထောက်ပံ့ပေးရန်အသုံးပြုသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

အကယ်၍ အစိုးရပိုင်စိုက်ပျိုးရေးနှင့်စိုက်ပျိုးရေးသမဝါယမဘဏ်မှ ထုတ်ချေးမည့် ဘတ်ငွေ (၃၀.၃)ဘီလီယံတန်ဖိုးရှိ ချေးငွေများပါဝင်မည်ဆိုပါက အဆိုပါ အစီအစဉ်အတွက် စုစုပေါင်း ဘတ်ငွေ (၁၁၅)ဘီလီယံ ရှိလိမ့်မည်ဖြစ်ကြောင်း Ms.Rachada ကပြောကြားခဲ့ပါသည်။ ဤအစီ အစဉ် တွင် အဓိကအားဖြင့် ဆန်စပါး အမျိုးအစား(၅)မျိုးပါဝင်ကြောင်း၊ အစိုဓါတ် (Moisture) ပါဝင်မှု(၁၅%)ဖြင့် ဆန်ဖြူစပါး(white rice  paddy)၊ ဟုမ်းမလိစပါး(hom mali rice paddy)၊ အစိုဓါတ်(Moisture)ပါဝင်မှု (၁၅%) ဖြင့် ပထုန်ဌာနီဆန်မွှေးစပါး( Fragrant Pathum Thani rice Paddy)၊ အစိုဓါတ်(Moisture)ပါဝင်မှု (၁၅%) ဖြင့် ကောက်ညှင်းစပါး (Glutinous rice paddy with 15% moisture)နှင့် ပြည်နယ်အသီးသီးမှ ဆန်မွှေးစပါး (Provincial fragrant rice paddy)တို့ ဖြစ်ပါသည်။

အကယ်၍ စပါးဈေးနှုန်းသည် သတ်မှတ်ထားသည့်ဈေးအောက်သို့ကျရောက်သွားပါက စပါးဈေးနှုန်းအာမခံချက် Rice Price Gurantee မှ လျှော်ကြေးအဖြစ်ပေးပါသည်။ ဤအစီ အစဉ်အရ လယ်သမားများအားအစိုဓါတ်(Moisture)(၁၅% ဖြင့် ဆန်ဖြူ စပါး (white rice paddy) တစ်တန်လျှင်ဘတ်ငွေ(၁၀,၀၀၀)( 10,000 Baht per tonne)နှုန်းဖြင့် မိသားစု တစ်စုလျှင် (၃၀) တန်(သို့မဟုတ်) မြေ(၄၀)ရိုင်(Rai)နှုန်းဖြင့် ပေးအပ်လိမ့်မည်ဖြစ်ပါသည်။

အာမခံဈေးနှုန်းများအနေဖြင့် ဟုမ်းမလိစပါး (hom mali rice paddy)အတွက် တစ်တန်လျှင် ဘတ်ငွေ(၁၅,၀၀၀)ဖြင့် မိသားစုတစ်စုလျှင်(၁၄)တန် (သို့မဟုတ်) မြေ(၄၀)ရိုင်(Rai) အထိလည်းကောင်း၊ အစိုဓါတ်(Moisture)ပါဝင်မှု(၁၅%) ဖြင့် ပထုန်ဌာနီဆန်မွှေးစပါး( Fragrant Pathum Thani rice Paddy)အတွက် တစ်တန်လျှင် ဘတ်ငွေ(၁၁,၀၀၀)နှုန်းဖြင့် မိသားစု တစ်စုလျှင်(၂၅)တန်(သို့မဟုတ်)မြေ(၄၀)ရိုင်(Rai) အထိလည်းကောင်း၊ အစိုဓါတ် (Moisture) ပါဝင်မှု(၁၅%)  ဖြင့် ကောက်ညှင်းစပါး(Glutinous rice paddy with 15% moisture) တစ်တန်လျှင် ဘတ်ငွေ(၁၂,၀၀၀)နှုန်းဖြင့် မိသားစုတစ်စုလျှင်(၁၆)တန် (သို့မဟုတ်) မြေ(၄၀)ရိုင်(Rai) အထိလည်းကောင်း၊ ပြည်နယ်အသီးသီးမှ ဆန်မွှေးစပါး (Provincial fragrant rice paddy) အား တစ်တန်လျှင် ဘတ်ငွေ(၁၄,၀၀၀)နှုန်းဖြင့် မိသားစုတစ်စုလျှင်(၁၆)တန် (သို့မဟုတ်) မြေ(၄၀)ရိုင်(Rai)အထိလည်းကောင်း အသီးသီးသတ်မှတ်ခဲ့ပါသည်။

Mr. Rachada က စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် မကြာမီ အစိုးရအဖွဲ့၏ အတည်ပြုချက်ရရှိရေးအတွက် တင်ပြလိမ့်မည်ဖြစ်ကြောင်း   ပြောကြားခဲ့ပါသည်။ ဆက်စပ် ဖွံ့ဖြိုးတိုးတက်မှုအနေဖြင့် ဇန်နဝါရီလ(၁)ရက်နေ့မှ ဇူလိုင်လ(၈)ရက်နေ့အထိ ထိုင်းနိုင်ငံ အနေဖြင့် ဆန်တန်ချိန်(၃.၁၅)သန်း တင်ပို့ခဲ့ပြီး ဆန်တင်ပို့မှု အများဆုံး တတိယနိုင်ငံ ဖြစ်ခဲ့ကြောင်း၊ အိနိ္ဒယနိုင်ငံအနေဖြင့် ဆန်တန်ချိန်(၄.၆၅)သန်း တင်ပို့ခဲ့ပြီး အများဆုံးဆန်တင်ပို့သည့် ထိပ်ဆုံးကနိုင်ငံဖြစ်ကြောင်း၊ ၎င်းနောက်တွင် ဗီယက်နမ်နိုင်ငံအနေဖြင့် ဆန်တန်ချိန် (၄.၁၇) သန်း တင်ပို့ခဲ့ပြီး ဒုတိယအများဆုံး ဆန်တင်ပို့သည့်နိုင်ငံဖြစ်ကြောင်း သိရှိရပါသည်။

ထိုင်းပြည်ပဆန်တင်ပို့သူများအသင်းဉက္ကဌ Charoen Laothammatas က ကိုရိုနာဗိုင်းရပ်စ် အကျပ်အတည်းကြောင့် ကမ္ဘာလုံးဆိုင်ရာဝယ်လိုအားနှေးကွေးနေချိန်တွင် ဒုတိယနှစ်ဝက်အတွက် ဆန်တင်ပို့မှုအလားအလာမှာ မှေးမှိန်လျှက်ရှိကြောင်း ယခုအပတ်အစောပိုင်းက ပြောကြားခဲ့ပါသည်။ အသင်းအနေဖြင့် တစ်နှစ်ပတ်လုံးအတွက် ဆန်တန်ချိန် (၇.၅)သန်းတင်ပို့ရန် ရည်မှန်းထားသော်လည်း ဇူလိုင်လ(၂၂)ရက်နေ့တွင် ပြန်လည်ချိန်ညိှသွားရန်ရည်မှန်းထားကြောင်း ပြောကြားခဲ့ပါသည်။ ထိုင်းနိုင်ငံအနေဖြင့် ၂၀၁၉ ခုနှစ်တွင် ပြည်ပသို့ဆန်တန်ချိန် (၇.၅၈)သန်း၊ တန်ဖိုးအားဖြင့် ဘတ်ငွေ (၁၃၁)ဘီလီယံဖိုးတင်ပို့ခဲ့ပြီး ၎င်းမှာ၂၀၁၈ခုနှစ်ကထက် (၃၂%)နှင့်(၂၅%) အသီးသီး ကျဆင်းခဲ့ခြင်းဖြစ်ပါသည်။

 

Source:Bangk Post

(မြန်မာစီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)                                                              

Category: Thailand