Thailand

ထိုင်းခရီးသွားလုပ်ငန်းကောင်စီ Tourism Councilof Thailand (TCT) က ထိုင်းနိုင်ငံအနေဖြင့် ယခုနှစ်အတွက် ခရီးသွားလုပ်ငန်း အဆိုးဆုံးအတွက်ပြင်ဆင်ခြင်း

Last Updated:

ထိုင်းခရီးသွားလုပ်ငန်းကောင်စီ Tourism Councilof Thailand (TCT) ကထိုင်းနိုင်ငံအနေဖြင့် ယခုနှစ်အတွက် ၎င်း၏နယ်စပ်များကို ခရီးသွားများအတွက်ဖွင့်လှစ်သေးမှာမဟုတ်သည့်အတွက်ကြောင့်  အဆိုးဆုံးအခြေအနေ အတွက် ပြင်ဆင်ထားရမည်ဖြစ်ကြောင်း ထိုင်းခရီးသွားကောင်စီ ကပြောကြားခဲ့ပါသည်။မိမိတို့အနေဖြင့် ကိုယ့်ကိုကိုယ်မညာနိုင်ကြောင်း၊ မိမိတို့အနေဖြင့် ယခုနှစ်အတွက် လုပ်ငန်းရှင်များအနေဖြင့် နိုင်ငံတကာဈေးကွက်ကို ဖမ်းဆုပ်နိုင်သော အခွင့်အလမ်းမရှိကြောင်းနှင့် အလားတူပင် နောက်နှစ်အတွက်လည်း သံသယရှိနေကြောင်းပြောကြားခဲ့ပါသည်။ ၎င်းက ယခုနှစ်အတွက် နိုင်ငံတကာမှခရီးသွားဝင်ရောက်မှုမှာ (၇) သန်း အောက်ကျသွားနိုင် ကြောင်း၊ အချို့သော အုပ်စုများကိုသာ ဝင်ရောက်ခွင့်ပြုထားခြင်းကြောင့်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ထိုင်းနိုင်ငံအနေဖြင့် ဇန်နဝါရီလမှ မတ်လအထိ အပြည်ပြည်ဆိုင်ရာခရီးသွား(၆.၇)သန်းသာဝင်ရောက်ခဲ့ကြောင်း၊ ထိုင်းနိုင်ငံလေကြောင်းပျံသန်းမှုအာဏာပိုင် အဖွဲ့က အပြည်ပြည်ဆိုင်ရာလေကြောင်းခရီးစဉ်များအား ပိတ်ပင် ထားသည့် အချိန်မှစ၍ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံတွင် ဧပြီလ မှဇူလိုင်လအထိ အပြည်ပြည်ဆိုင်ရာမှ ခရီးသွားများဝင်ရောက်မှုမရှိခဲ့ကြောင်း သိရှိရပါသည်။ အသစ်ခန့်အပ်လိုက်သော အလုပ်သမားဝန်ကြီး Suchat Chomklin က လူမှုဖူလုံရေးရန်ပုံငွေ Social Security Fund (SSF)အား ရပ်ဆိုင်းထားရန် ရက်ပေါင်း (၉၀)ထက်ကျော်လွန်၍ တိုးမြှင့်ပေးရန် ခရီးသွားလုပ်ငန်းကဏ္ဍ၏ အဆိုပြုချက်ကို ပယ်ချခဲ့ပါသည်။ Mr. Chairat က ခရီးသွားကဏ္ဍအနေဖြင့် ပြဿနာကို လက်တွေ့ကျကျဖြေရှင်းရန် လိုအပ်ကြောင်းပြောကြားခဲ့ပါသည်။

ဝန်ကြီးအသစ်က ကဏ္ဍအားလုံးတွင် အလုပ်ပြုတ်သွားသော အလုပ်သမား(၂-၃)သန်းသာ ရှိမည်ဖြစ်ကြောင်း၊ ထိုင်းစက်မှုလုပ်ငန်းရှင်များအသင်းက ခန့်မှန်းသကဲ့သို့(၆-၇)သန်းမရှိကြောင်း၊ ၎င်းတို့အနေဖြင့် သီးခြားအလွတ်တန်း အဖြစ်လုပ်ကိုင်နေသူများကို ထည့်တွက်ရန်မေ့သွားခြင်းဖြစ်နိုင်ကြောင်း Mr.Chairat ကပြောကြားခဲ့ပါသည်။ မိမိတို့တွင် ခရီးသွားကဏ္ဍ၌ လုပ်ကိုင်နေသူပေါင်း (၁၀၀,၀၀၀)ကျော်ရှိကြောင်း၊ ၎င်းမှာဘတ်စ်ကားမောင်းသူများနှင့် ခရီးသွားလမ်းညွှန်များပါ အပါအဝင်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

TCT ၏ခန့်မှန်းချက်အရ အလုပ်သမားအများစုသည် SSF ထံမှဗိုင်းရပ်စ်ကြောင့် ခံစားရသော အကျိုးသက်ရောက်မှုကို သက်သာစေမည့် လျော်ကြေးငွေမရသောကြောင့် အလုပ်ပြုတ်မှုနှုန်းများ ဆက်လက်မြင့်တက်နေမှာ ဖြစ်ကြောင်းနှင့် ဒေသတွင်းခရီးသွားရေး ဝယ်လိုအားမှာ မြင့်တက်နေသော်လည်း၎င်းတို့အနေဖြင့် အန္တရာယ်များဖြင့် ပြန်လည်ဖွင့်လှစ်မှာကို မလိုလားကြကြောင်း သိရှိရပါသည်။

Mr.Chairat က အစိုးရအဖွဲ့မှ ကြာသပတေးနေ့တွင် အတည်ပြုဖွဲ့စည်းပေးလိုက်သည့် အဖွဲ့သစ်တစ်ခုဖြစ်သည့် စီးပွားရေးအခြေအနေစီမံခန့်ခွဲရေးဗဟိုစင်တာအနေဖြင့်  အစိုးရ၏ အကြွေးအာမခံသူအဖြစ်ဆောင်ရွက်ရင်း ချေးငွေရရှိရေးအပါအဝင် ထိခိုက်နေသော ခရီးသွားကဏ္ဍများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဉီးစားပေးဆောင်ရွက်သင့်ကြောင်း ပြောကြားခဲ့ပါသည်။ ၎င်းက Covid-19 အခြေအနေ စီမံခန့်ခွဲရေး ဗဟိုစင်တာ သည် ဆေးဘက်ဆိုင်ရာကိုယ်စားလှယ်များဖြင်သာ ဖွဲ့စည်းထားခြင်းဖြစ်ပြီး နိုင်ငံ၏ အဝင်အထွက်ပိတ်ရန် နယ်စပ်များပိတ်ပင်ရေးကိုသာ ရွေးချယ်ဆောင်ရွက်လေ့ရှိကြခြင်းကြောင့် စီးပွားရေးအခြေအနေ ဗဟိုစင်တာအသစ် အနေဖြင့် စီးပွားရေးပြန်လည်နာလန်ထူလာမှုကို ဉီးစားပေးဆောင်ရွက်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်းပြောကြားခဲ့ပါသည်။

TCT အမှုဆောင်အရာရှိများအနေဖြင့် ဩဂုတ်လနှင့်စက်တင်ဘာလများတွင် ချင်းမိုင်၊ ဉဒုံဌာနီ၊ ဟွာဟင်း၊ ဖူးခက်၊ ရယောင်းနှင့် ဗန်ကောက်မြို့များရှိ ခရီးသွားအဖွဲ့ဝင်များထံသို့ သွားရောက်ရန် စီစဉ်ထားပါသည်။ ကောင်စီ အနေဖြင့် လက်ရှိပြဿနာအခြေအနေများကို နားထောင်ရန်နှင့် အခြေအနေများကို စီးပွားရေးအခြေအနေစီမံခန့်ခွဲရေးဗဟိုစင်တာ၏ အစိတ်အပိုင်းဖြစ်သော ဝန်ကြီးဌာနသို့ ပြဿနာများကိုဆက်လက်တင်ပြသွားရန်ဖြစ်ကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: Thailand