Thailand

ထိုင်းနိုင်ငံ အထည်အလိပ်ကုမ္ပဏီများအနေဖြင့် နှာခေါင်းစည်းများစတင်ထုတ်လုပ်

Last Updated:

အစိုးရအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် နှာခေါင်းစည်းမလုံလောက်မှုကို တိုက်ဖျက်ရန်အတွက် အထညိအလိပ်လုပ်ငန်းများအား လျှော်ဖွတ်နိုင်သည့် အဝတ်ဖြင့် ပြုလုပ်ထားသော နှာခေါင်းစည်း သန်း (၃၀) အား နောက်လမှစ၍ အမြန်ဆုံး ထုတ်လုပ် သွားရန် ညွှန်ကြားချက်အမိန့်ကို ထုတ်ပြန်ခဲ့ပါသည်။ စက်မှုဝန်ကြီးဌာနက အထည်အလိပ်လုပ်ငန်းများအနေဖြင့် ၎င်းတို့ ၏ ထုတ်လုပ်နိုင်စွမ်းပေါ် အခြေခံပြီးတစ်လလျှင် အဝတ်ဖြင့်ပြုလုပ်သော နှာခေါင်းစည်း (၁၀) သန်း ထုတ်လုပ်နိုင်သင့်ကြောင်းကို အသိအမှတ်ပြုပေးခဲ့ပါသည်။

ဝန်ကြီးဌာနအနေဖြင့် လာမည့်သီတင်းပတ်အတွင်း ပြည်တွင်းစက်ရုံများမှ အဝတ်ဖြင့် ပြုလုပ်သော နှာခေါင်းစည်းများ ဝယ်ယူရေးအတွက် အစိုးရအဖွဲ့သို့ ဘတ်ဂျက် အဆိုပြုတင်ပြတောင်းခံရန် မျှော်လင့်ထားပါသည်။ စက်မှုဝန်ကြီး Suriya Jungrungrengkit က နှာခေါင်းစည်းမလုံလောက်မှုအပေါ် တိုင်ကြားချက်များကြောင့် ဝန်ကြီးဌာနအနေဖြင့် နှာခေါင်းစည်း၊ အထည်အလိပ်နှင့် အဝတ်အထည်ကုမ္ပဏီများနှင့် ဆွေးနွေးညိှနှိုင်းဆောင်ရွက်သွားမည်ဖြစ် ကြောင်းပြောကြားခဲ့ပါသည်။

ဝန်ကြီးဌာန အနေဖြင့် နှာခေါင်းစည်းသန်း (၃၀) (သို့မဟုတ်) လူတစ်ဉီးလျှင် နှာခေါင်းစည်း (၃) ခု အခမဲ့ဝေသွားမည်ဟု မျှော်လင့်ကြောင်း၊ မတ်လတွင် အစိုးရ အနေဖြင့် ဗန်ကောက်နှင့် အနီးအနား ပြည်နယ်များရှိလူများကို နှာခေါင်းစည်း (၁၀) သန်းအား ကနဉီးအနေဖြင့် ပေးဝေသွားနိုင်မည်ဟု မျှော်လင့်ကြောင်း စက်မှုဝန်ကြီးကပြောကြားခဲ့ပါသည်။

အစိုးရအနေဖြင့် အစိုးရဌာနများ၊ချည်မျှင်နှင့် အထည်လုပ်ငန်း ကုမ္ပဏီများ၊ အထည်ချုပ်စက်ရုံများ၊ ထိုင်းစက်မှုလုပ်ငန်း အသင်းချုပ်နှင့် ထိုင်းအထည်အလိပ် အသင်း အဖွဲ့များ၊ တက္ကသိုလ်များနှင့် တွေ့ဆုံဆွေးနွေးပွဲအားကျင်းပခဲ့ပါသည်။ ဒုတိယဝန်ကြီးချုပ် ဆုန်ကစ်က ဝယ်လိုအား တိုးပွားလာမှုနှင့် လိုအပ်ချက်ကို ကျော်လွှား နိုင်ရေးအတွက် နှာခေါင်းစည်းများပြုလုပ်ရန် ထိုင်းနိုင်ငံရှိ အထည်ချုပ်နှင့် အထည်အလိပ်စက်ရုံများအား အမိန့်ညွှန်ကြားချက်များထုတ်ပြန်ခဲ့ပါသည်။

အစိုးရအနေဖြင့် ပြည်တွင်းဈေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရေးအတွက် စက်ရုံ (၁၀) ခုအား ထုတ်လုပ်မှုစွမ်းအားမြှင့်တင်ဆောင်ရွက်ရန် ညွှန်ကြားချက် အမိန့်ထုန်ပြန်ခဲ့ပြီး အစိုးရဌာနများနှင့် ပုဂ္ဂလိကများအား ပြည်ပမှ ကုန်ကြမ်းတင်သွင်းမှုကို အစားထိုးနိုင်ရေး ပြည်တွင်း၌ ကုန်ကြမ်းရရှိနိုင်ရေး ရှာဖွေဆောင်ရွက်ရန် အမိန့်ထုတ်ပြန်ခဲ့ပါသည်။

ထိုင်းနိုင်ငံအနေဖြင့် တစ်နှစ်လျှင်နှာခေါင်းစည်း သန်း(၅၀၀)ထုတ်လုပ်လျှက်ရှိပြီး တစ်နေ့လျှင် (၁) သန်းမှ (၁.၂) သန်း ထုတ်လုပ်လျှက်ရှိပြီး၊ တစ်လလျှင် (၃၆) သန်း ထုတ်လုပ်လျှက်ရှိပါသည်။ နှာခေါင်းစည်းများပြုလုပ်ရန် ကုန်ကြမ်းများရှားပါးနေပြီး အစိုးရအနေဖြင့် အစိုးရနှင့်ပုဂ္ဂလိကပူးပေါင်း၍ ပြဿနာကို ဖြေရှင်းစေလို ပါသည်။

ဗိုင်းရပ်စ်ကူးစက်မှု ပိုမိုပြင်းထန်လာပါက အစိုးရအနေဖြင့် အစိုးရအတွက် အီသနောထောက်ပံ့မှုပေးနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရန် အီသနော စက်ရုံ (၂၀)နှင့် ညိှနှိုင်းသွား မည်ဖြစ်ကြောင်း၊ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး Warawan Chitaroon က ပြောကြားခဲ့ပါသည်။ ထိုင်းနိုင်ငံတွင် အရက်မှတစ်ဆင့် ထုတ်လုပ်သော အီသနော ပမာဏများစွာရှိနေကြောင်း၊ အစိုးရအနေဖြင့်  ၎င်းအီသနောဖြင့်ဗိုင်းရပ်စ်ပိုးကိုပက်ဖြန်းပေးနိုင်ပါသည်။

ထိုင်းစက်မှုလုပ်ငန်းအသင်း ဉက္ကဌ Supat Mongkolsuthree က စီးပွားရေးလုပ်ငန်းရှင်များ သည်ဗိုင်းရပ်စ်ကိုကာကွယ်ရန်အတွက် အစိုးရနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ ထိုင်းနိုင်ငံတွင် အထည်အလိပ်နှင့် အထည်ချုပ် စက်ရုံ (၁၀၀) ခန့်ရှိပါသည်။ သို့ရာတွင် ၎င်းတို့၏ ထက်ဝက်ခန့်သာ နှာခေါင်းစည်းများ ထုတ်လုပ်နိုင်ကြောင်းသိရှိရပါသည်။

အကယ်၍ အစိုးရအနေဖြင့် တစ်လလျှင် အဝတ်ဖြင့် ပြုလုပ်သောနှာခေါင်းစည်းသန်း (၃၀) လိုခြင်သည်ဆိုပါက လုပ်ငန်းရှင်များအနေဖြင့် ၎င်းတို့၏ စွမ်းဆောင်ရည် အရလိုအပ်ချက်အပေါ် ဖြည့်ဆည်းနိုင်မည်မဟုတ်ကြောင်း Mr.Supant ကပြောကြား ခဲ့ပါသည်။

 

မြန်မာစီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ

Source:Bangk Post                                                               

Category: Thailand