Thailand

ထိုင်းနိုင်ငံတွင် ဇူလိုင်လတွင် ကုမ္ပဏီများ၏ (၃၈.၄%) ကအလုပ်များပိတ်သိမ်း

Last Updated:

ကပ်ရောဂါအကျပ်အတည်းအတွင်း ဇွန်လမှဇူလိုင်လအတွင်း၌စီးပွားရေးလုပ်ငန်းများ ပိတ်သိမ်းမှုမှာ နှစ်အလိုက်တွင်(၃၈.၄%)မြင့်တက်ခဲ့ပြီး ဒုတိယနှစ်ဝက်တွင်လည်း စီးပွားရေးကျဆင်းမှုကြောင့် ခန့်မှန်းခြေအားဖြင့် ပိုမို မြင့်မားမည်ဟု သုတေသနပြုလုပ်သည့်အဖွဲ့မှ ခန့်မှန်းထားကြောင်းသိရှိရပါသည်။ ဩဂုတ်လပထမ (၁၈) ရက်နေ့အတွင်း စီးပွားရေးလုပ်ငန်းများပိတ် သိမ်းမှု အချိုးမှာနှစ်အလိုက်တွင်(၃၇.၉%)အထိတိုးတက်လာကြောင်း၊ Siam Commercial Bank အောက်ရှိ Research house ၏ စီးပွားရေးသတင်းထောက်လှမ်းရေးစင်တာ၏ပြောကြားချက်အရ သိရှိရပါသည်။

စုစုပေါင်းစီးပွားရေးလုပ်ငန်းများပိတ်သိမ်းမှုမှာ ယခုနှစ်တွင် ဩဂုတ်လ(၁၈)ရက်နေ့အထိ စုစုပေါင်း(၁၃,၄၀၀) ရှိခဲ့ကြောင်းသိရှိရပါသည်။ ပျမ်းမျှအားဖြင့် ဆိုပါက နှစ်လခွဲကာလအတွင်း စီးပွားရေးလုပ်ငန်းများပိတ်သိမ်းမှုမှာ (၃၈%)အထိတိုးတက်ခဲ့ပြီး အဆိုပါအချိုးမှာ ဒုတိယနှစ်ဝက်တွင် ပိုမိုတိုးတက်လာမည်ဟု ခန့်မှန်းရကြောင်းEconomic Intelligence Centre (EIC) ၏ အမှုဆောင်ဒုဥက္ကဌ Yunyong Thaicharoen ကပြောကြားခဲ့ပါသည်။ အကြီး အကျယ်ထိခိုက်နစ်နာမှုများသည့်ကဏ္ဍများမှာ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းနှင့် သက်ဆိုင်သည့်စီးပွားရေးလုပ်ငန်းများ၊ အဝတ်အထည်နှင့်မော်တော်ကားလုပ်ငန်းများဖြစ်သည်ဟု Mr.Yunyong ကပြောကြားခဲ့ကြောင်း သိရှိရ ပါသည်။

စီးပွားရေးပိတ်သိမ်းသည့် ကြေငြာချက်များမှာ စီးပွားရေးကျဆင်းမှုထက်နောက်ကျနေကြောင်း၊ သို့ဖြစ်ရာ၎င်းတို့အနေဖြင့် ယခုနှစ်အတွက် အပျက်သဘော ဆောင်သော စီးပွားရေး အလားအလာအရ ဆက်လက်တိုးတက် အောင်ဆောင်ရွက်သင့်ကြောင်း ၎င်းကပြောကြားခဲ့ပါသည်။ မိမိတို့အနေဖြင့် စီးပွားရေးပိတ်သိမ်းမှုနှုန်းကို မခန့်မှန်းနိုင်ကြောင်း၊ အကြောင်းမှာ ထိုသို့ခန့်မှန်းရန်အတွက် နောက်ဆုံးပေါ် အချက်အလက်များဖြင့် လေ့လာဆန်းစစ် ရန်လိုအပ်ခြင်းကြောင်းဖြစ်ကြောင်း၊ သို့ရာတွင် စီးပွားရေးလုပ်ငန်းများပိတ်သိမ်းမှုနှုန်းမှာ ဂဏန်းနှစ်လုံး (Two Digit) အထိ တိုးတက်လာလိမ့်မည်ဟုမျှော်မှန်းကြောင်း Mr. Yunyong ကပြောကြားခဲ့ပါသည်။ စီးပွားရေး လုပ်ငန်းများပိတ်သိမ်းမှုကြောင့် အလုပ်လက်မဲ့နှုန်းမှာလည်းမြင့်တက်လာကြောင်းသိရှိရပါသည်။

ဒုတိယနှစ်ဝက်တွင် ထိုင်းနိုင်ငံ၏ အလုပ်လက်မဲ့နှုန်းမှာစုစုပေါင်းအားဖြင့် (၇၄၅,၀၀၀) ရှိခဲ့ကြောင်း၊ ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ဂဏန်းနှစ်လုံးနီးပါးတိုးလာခဲ့ကြောင်းသိရှိရပါသည်။ EIC ၏ အဆိုအရ ထိုင်းနိုင်ငံ၏ အလုပ်လက်မဲ့ နှုန်းမှာ ဧပြီ-ဇွန်လတွင် (၁.၉၅%)သို့မြင့်တက်လာခဲ့ပြီး ၂၀၁၉ခုနှစ် ပထမ(၃)လပတ်တွင် စံချိန်တင်မြင့်တက်ခဲ့ကြောင်းသိရှိရပါသည်။

ဝန်ဆောင်မှုကဏ္ဍ၊ ဟိုတယ်နှင့်စားသောက်ဆိုင်လုပ်ငန်းများအနေဖြင့် အလုပ်လက်မဲ့အဖြစ်အများဆုံးအဖြစ်မြင်တွေ့ခဲ့ရကြောင်း၊ အထူးသဖြင့် နိုင်ငံခြားသားခရီးသွားများနှင့် ပြင်ပဝယ်လိုအား Demand အပေါ် မှီခိုနေရသော စီးပွားရေးလုပ်ငန်းများ ဖြစ်ကြောင်း၊၎င်းတို့အနေဖြင့် ကပ်ရောဂါကြောင့်ထိခိုက်ခံစားခဲ့ရကြောင်းသိရှိရပါသည်။

ဧည့်ဝန်ဆောင်မှုလုပ်ငန်းနှင့် စားသောက်ဆိုင်လုပ်ငန်းများတွင် အလုပ်လက်မဲ့ဉီးရေမှာ ဒုတိယသုံးလပတ်တွင် (၈၄,၀၀၀) ခန့်ရှိကြောင်း၊ အခြားသောဝန်ဆောင်မှုလုပ်ငန်းများ Other Services တွင် (၉၁,၀၀၀) ရှိခဲ့ကြောင်း သိရှိရပါသည်။ တစ်ချိန်တည်းမှာပင် ဟိုတယ်နှင့်စားသောက်ဆိုင်လုပ်ငန်းများအနေဖြင့် အလုပ်လက်မဲ့နှုန်း(၂.၉%)ဖြင့်အမြင့်ဆုံးဖြစ်ခဲ့ကြောင်း၊ ၎င်းနောက်တွင် ဆောက်လုပ်ရေး လုပ်ငန်းမှာ(၂.၈%) နှင့် အီလက်ထရောနစ် လုပ်ငန်းများမှာ (၂%) ရှိကြောင်းသိရှိရပါသည်။

Mr. Yonyong က အသက်(၁၅-၂၄)နှစ်အတွင်းရှိအလုပ်လက်မဲ့အများစုမှာ ဘွဲ့ရများအများစု ပါဝင်ကြကြောင်းပြောကြားခဲ့ပါသည်။ ၎င်းမှာ အဓိကအန္တရာယ်ဖြစ်ကြောင်း၊ ၎င်းက အလုပ်လက်မဲ့ပေါင်း (၃၂၄,၀၀၀) ကို ပြသနေ ကြောင်းနှင့် ၎င်းမှာဒုတိယနှစ်ဝက်တွင်စုစုပေါင်း အလုပ်လက်မဲ့ဉီးရေ၏ (၉၈.၂%) နှင့်ညီမျှကြောင်း၊ ပထမနှစ်ဝက်ရှိအလုပ်လက်မဲ့ဉီးရေ(၂၀၉,၀၀၀) ထက် ပိုများခဲ့ကြောင်း၊ ဒုတိယနှစ်ဝက်တွင်လူငယ်အလုပ်လက်မဲ့နှုန်းမှာ (၈.၆%) ရှိကြောင်း ၎င်းကပြောကြားခဲ့ပါသည်။ အချိန်ပြည့်နှင့်အချိန်ပိုအလုပ်ချိန်နှစ်ခုစလုံးအတွက်အလုပ်နာရီချိန် နည်းပါးလာခြင်းကြောင့် အလုပ်လက်မဲ့နှုန်းမှာ ပိုမိုမြင့်တက်လာခဲ့ကြောင်းသိရှိရပါသည်။

ဒုတိယသုံးလပတ်တွင်အပတ်စဉ် အလုပ်လုပ်ချိန်နာရီမှာပျမ်းမျှအားဖြင့် (၃၈.၁) နာရီသို့ ကျဆင်းခဲ့ကြောင်း၊ ပထမသုံးလပတ်တွင် (၄၀.၇) နာရီနှင့် ၂၀၁၉ ခုနှစ်နှစ်ကုန်ပိုင်းတွင် (၄၂.၇) နာရီရှိခဲ့ကြောင်းသိရှိရပါသည်။ ကပ်ရောဂါ သည် အထူးသဖြင့် စီးပွားရေးအပေါ်ထိခိုက်စေခဲ့ကြောင်း၊ အထူးသဖြင့် စီးပွားရေးလုပ်ငန်းများပိတ်သိမ်းခြင်းနှင့် အလုပ်လက်မဲ့များဖြစ်ပေါ်စေခဲ့ကြောင်း၊ ထိခိုက်မခံသောအလုပ်သမားဈေးကွက်၊ အလုပ်လက်မဲ့ဖြစ်မှုများသည် လာမဲ့ကာလတွင် (၃.၅) သန်း အထိရောက်ရှိနိုင်လိမ့်မည်ဟု Mr. Yunyong ကပြောကြားခဲ့ပါသည်။

အိမ်ထောင်စုကြွေးမြီများမြင့်တက်မှုမှာ အခြားသောပြန်လည်နာလန်ထူလာရေး ရပ်တန့်ခြင်းအတွက် လက္ခဏာတစ်ရပ်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံ၏ အိမ်ထောင်စုကြွေးမြီနှင့် GDP အချိုးသည်ပထမသုံးလပတ်တွင် (၈၀.၁%)မှ (၈၈-၈၉%) အထိမြင့်တက်နိုင်ကြောင်း EIC ကပြောကြားခဲ့ပါသည်။ EICအနေဖြင့် ယခုနှစ် GDP ကျဆင်းမှုကို (၇.၃%) မှ (၇.၈%) သို့လျှော့ခန့်မှန်းခဲ့ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ)

                                                                                       

Category: Thailand