Thailand

ထိုင်းနိုင်ငံတွင် mask မျက်နှာဖုံးများအတွက်ဈေးနှုန်းထိန်းချုပ်မှု

Last Updated:

အစိုးရအနေဖြင့် သေစေနိုင်သောဗိုင်းရပ်စ် ဖြစ်ပွားပျံ့နှံ့မှုကာကွယ်ရေးကြိုးပမ်းမှု၏ အစိတ်အပိုင်းတစ်ခုအဖြစ် မျက်နှာဖုံးများနှင့်အရက်အခြေပြု လက်သန့်စင် ဆေးများ (Alcohol based hand sanitizer ) တို့ကို နိုင်ငံတော်ဈေးနှုန်းထိန်းချုပ်မှုစာရင်း (State price control list) တွင် ထည့်သွင်းလိုက်ပါသည်။

ယမန်နေ့က ကုန်ပစ္စည်းနှင့်ဝန်ဆောင်မှုများအတွက် ဈေးနှုန်းထိန်းချုပ်ရေးဗဟိုကော်မတီ ဉက္ကဌအဖြစ် ဉီးဆောင်ကျင်းပခဲ့သည့် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ် ရေးဝန်ကြီးဌာနဝန်ကြီး Mr. Jurin Laksanawisit က ကော်မတီအနေဖြင့် မျက်နှာဖုံးများ နှင့် အရက်အခြေပြု လက်သန့်စင်ဆေးများကို ဈေးနှုန်းထိန်းချုပ်မှု စာရင်းတွင် ထည့်သွင်းရန်အတည်ပြုပေးခဲ့ပြီး ယနေ့ (၄.၂.၂၀၂၀ရက်နေ့)တွင် အစိုးရအဖွဲ့သို့ အတည်ပြုရန်တင်ပြမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

ဈေးနှုန်းထိန်းချုပ်မှုစာရင်းအရကုန်ပစ္စည်းထုတ်လုပ်သူများ (Manufacturers)၊ ကုန်ပစ္စည်း ဖြန့်ဝေသူများ (Distributors)၊ ပြည်ပတင်ပို့သူများ၊ ပြည်ပမှကုန်ပစ္စည်း တင်သွင်းသူများအနေဖြင့် ထုတ်လုပ်မှုကုန်ကျစရိတ် (Production cost)၊ ရောင်းဈေးနှုန်းများ (sale prices)၊ ကုန်ထုတ်လုပ်သည့်ပမာဏ (production volume)၊ ပို့ကုန်တင်ပို့မှုနှင့်သွင်းကုန်တင်သွင်းမှု ပမာဏ (export and import volume)နှင့် စတော့များ (stocks) အလားတူဈေးနှုန်းကပ်ပြား (price labels) များကို ပြည်တွင်း ကုန်သွယ်ရေးဉီးစီးဌာနသို့ အကြောင်းကြားရမည် ဖြစ်ပါသည်။

ပြည်ပသို့ အခုရေ (၅၀၀) ကျော် တင်ပို့သူများအနေဖြင့် ဉီးစီးဌာနမှ ကြိုတင်ခွင့်ပြုချက်ရယူရန် လိုအပ်မည်ဖြစ်ပါသည်။ ပြည်တွင်းဝယ်လိုအားအတွက် လုံလောက်သောပမာဏရှိနေသေးသဖြင့် ပြည်ပပို့ကုန်ပမာဏ သန့်သတ်ချက်မှလွဲ၍ လက်သန့်စင် ဆေးရည်များကိုလည်း အလားတူအစီအမံများ ပြုလုပ်သွားမည်ဖြစ်ပါသည်။ ယခုနောက်ဆုံးအစီအမံများသည် ခဏတာမျှသာဖြစ်ပြီး ကပ်ရောဂါ မပြီးမချင်းဆက်လက်တည်ရှိနေလိမ့်မည်ဟု Mr. Jurin ကပြောကြားခဲ့ပါသည်။

အစားအစာ (Food)၊ လူသုံးကုန်ပစ္စည်းများ (consumer goods)၊ လယ်ယာနှင့် ဆက်စပ်သောထုတ်ကုန်ပစ္စည်းများ (farm related products)၊ စက္ကူ (paper)၊ ရေနံနှင့်ဆေးဝါးများ (petroleum and medicine) ကဲ့သို့သော နေ့စဉ်အသုံးပြုရန်လိုအပ်သည့် ကုန်ပစ္စည်း (items for daily use) များကို ဈေးနှုန်းထိန်းချုပ်မှု စာရင်းတွင်ထည့်သွင်းထားပါသည်။ အစိုးရ၏ ဉီးစားပေးစောင့်ကြည့်စာရင်းတွင် ကုန်ပစ္စည်းအမျိုးအမည် (၁၇၀) ရှိပြီး ၎င်းတို့အနက် (၅၂) ခုမှာ ဈေးနှုန်းထိန်းချုပ်မှု စာရင်းတွင် ပါဝင်ပါသည်။

မစ္စတာဂျူရင်က အဆိုပါ မျက်နှာဖုံးနှင့်လက်သန့်စင်ဆေး ထုတ်ကုန်ပစ္စည်း (၂) မျိုးအား ဈေးနှုန်းထိန်းချုပ်မှုစာရင်းတွင်ထည့်သွင်းရန် မဖြစ်မနေလိုအပ်ကြောင်း၊ အကြောင်းမှာ မျက်နှာဖုံးများ၏ ဝယ်လိုအားမှာ ယခင်က တစ်လလျှင် အခုရေ သန်း(၃၀)မှ ဗိုင်းရပ်စ်ဖြစ်ပွားပြီးနောက် တစ်လလျှင် အခုရေသန်း (၄၀-၅၀) အထိ မြင့်တက်လာခြင်းကြောင့်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထိုင်းနိုင်ငံအနေဖြင့်တစ်လလျှင်မျက်နှာဖုံး အခုရေသန်း (၃၀) ထုတ်လုပ်ပါသည်။

ပြည်တွင်းကုန်သွယ်ရေးဉီးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် Whichi Phochanakij က အစိုးရအနေဖြင့် ဝယ်ယူသူတစ်ဉီးမျက်နှာဖုံး (၁၀) ခုသာ ရောင်းချရန် ကန့်သတ်လိမ့်မည်ဖြစ်ကာ ၎င်းမှာ (၁၅) ရက်စာလုံလောက်သည်ဟု ယူဆကြောင်းပြောကြား ခဲ့ပါသည်။ ၎င်းကဈေးနှုန်းထိန်း ချုပ်မှုစာရင်းတွင် ထည့်သွင်းခြင်းခံရ သည်နှင့်တစ်ပြိုင်နက် မမျှတသောဈေးနှုန်းဖြင့်ရောင်းချသူများ၊ သိုလှောင်သိမ်းဆည်းထားသူများကို (၇)နှစ်ထက်မပိုသောထောင်ဒါဏ် (သို့မဟုတ်) ဘတ်ငေွ (၁၄၀,၀၀၀) အထိ ဒဏ်ငွေ (သို့မဟုတ်) ကုန်ပစ္စည်းနှင့်ဝန်ဆောင်မှုဈေးနှုန်းအက်ဉပဒေ (၁၉၉၉) အရ ပြစ်ဒဏ် (၂) ရပ်လုံးကျခံရလိမ့်မည်ဟု ပြောကြားခဲ့ပါသည်။

 ယခုကိစ္စရပ်အပေါ် လိုက်နာရန်ငြင်းဆန်သူများအနေဖြင့် ထောင်ဒဏ်( ၅) နှစ်၊ ဘတ်ငွေ (၁၀၀,၀၀၀) (သို့မဟုတ်) ပြစ်ဒစ်နှစ်ခုစလုံးချခံရမည်ဖြစ်ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ)

Source:Bangk Post   

Category: Thailand