Thailand

ထိုင်းနိုင်ငံအနေဖြင့် ခရီးသွားများပြန်လည်ဝင်ရောက်ရန်လိုအပ်ကြောင်း ဝန်ကြီးချုပ်ပြောကြား

Last Updated:

ထိုင်းနိုင်ငံအနေဖြင့် နိုင်ငံခြားသားခရီးသွားများအား ပြန်လည်ဆွဲဆောင်ရန်နှင့် Covid-19 ရောဂါ ထိန်းချုပ်ရေးစနစ်ရှိရန်လိုအပ်ကြောင်းနှင့် ဒေသခံများအနေဖြင့် ဝင်ငွေများ ပြန်လည်၍ စတင်ရရှိလာနိုင်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ပရာယွန်ချန်အိုချာက ဗုဒ္ဗဟူးနေ့(၂၆-၈-၂၀၂၀ ရက်)တွင် ပြောကြားခဲ့ပါ သည်။ နိုင်ငံခြားခရီးသွားများအနေဖြင့် အကန့်အသတ်ဖြင့်သာ ပြန်လည်ရောက်ရှိလာမှာဖြစ်ကြောင်း၊ တိုင်းပြည်၏ ရောဂါထိန်းချုပ်ရေး အစီအမံများကို စမ်းသပ်ရန်ဖြစ်ကြောင်း၊ ၎င်းမှာ ကျယ်ကျယ်ပြန့်ပြန့်ရှိလိမ့်မည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့ပါသည်။

၎င်းက ကမ္ဘာလှည့်ခရီးသွားများအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါသစ်တစ်ခုကို ၎င်းတို့နှင့်အတူယူဆောင်လာမည်ကို စိုးရိမ်မိကြောင်းပြောကြားခဲ့ပါသည်။ ဗိုလ်ချုပ်ကြီး ပရာယွတ်က ပြောကြားရာတွင် အစိုးရအနေဖြင့် ခရီးသွား ဧည့်သည်များကို ၎င်းတို့နှစ်သက်သည့်အတိုင်း လာခွင့်ပြုမည်မဟုတ်ကြောင်း၊ ၎င်းတွင်ဖြည့်စွက်စရာပုံစံများ ရှိလိမ့်မည်ဖြစ်ကြောင်း၊ လေယာဉ်ခရီးစဉ်အား ခြေရာခံနိုင်ရမည်ဖြစ်ကြောင်း၊ ၎င်းတို့၏သွားရောက်မည့် ခရီးစဉ် နေရာများသို့ ရောက်ရှိသည့်အခါ ၎င်းတို့၏ တည်နေရာကို အတည်ပြုရန်လိုအပ်မည်ဖြစ်ကြောင်းနှင့် ၎င်းတို့အား အခြားသူများနှင့် ခွဲခြားထားလိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဗိုလ်ချုပ်ကြီး ပရာယွတ်က ကမ္ဘာလှည့်ခရီးသွားများပြန်ရောက်လာရေးမှာ တိုင်းပြည်အတွက် မရှိမဖြစ်လိုအပ်ကြောင်း၊ အကယ်၍ ဘာမှမလုပ်နိုင်ဘူးဆိုပါက အခြေအနေမှာ ပိုမိုဆိုးဝါးလာမှာဖြစ်ကြောင်း၊ အဆောက်အဉီ:များကို ပိတ်လိမ့်မည်ဖြစ်ကြောင်း၊ အလုပ်သမားများ အလုပ်ပြုတ်ကြလိမ့်မည်ဖြစ်ကြောင်း၊ အစိုးရအနေဖြင့် ၎င်းတို့ကို မည်သို့ကယ်တင်နိုင်မည်နည်းဟူ၍ မေးခွန်းထုတ်ရင်း ၎င်းကပြောကြားခဲ့ပါသည်။

၎င်းကဧည့်သည်များကို စောင့်ကြည့်မည်ဖြစ်ကြောင်း အာမခံချက်ပေးခဲ့ပြီး ဒေသခံများအနေဖြင့် ၎င်းတို့ကို ကြိုဆိုလိမ့်မည်ဟု မျှော်လင့်ကြောင်းပြောကြားခဲ့ပါသည်။ ဒေသခံများအနေဖြင့် ဧည့်သည်များကို ဂရုစိုက်သင့်ကြောင်း၊ အကြောင်းမှာ အကျိုးအမြတ်ကို ၎င်းတို့ကခံစားရမည်ဖြစ်ကြောင်းနှင့် အစိုးရမှ ခံစားရမှာမဟုတ်ကြောင်း၊ ရောဂါကုသမှုအတွက် တွေ့ရှိပါက မိမိတို့အနေဖြင့်လည်း ၎င်းကို ထိန်းချုပ်နိုင်လိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဝန်ကြီးချုပ်က ဆက်လက်၍ပြောကြားရာတွင် လာရောက်ကြမည့် ခရီးသွားများကို ကိုင်တွယ်ရန်အတွက် လုပ်ထုံးလုပ်နည်းများကို ရေးဆွဲလျှက်ရှိနေကြောင်းနှင့် မည်သည့်နေရာကို ပထမဉီးစားပေးလာရောက်စေမည်ကိုလည်း စဉ်းစားလျှက်ရှိကြောင်း ပြောကြားခဲ့ပါသည်။ Covid-19 ၏ အကြီးမားဆုံးစီးပွားရေးအကျိုးသက်ရောက်မှုမှာ နိုင်ငံခြားခရီးသွား အများအပြား လာရောက်ကြသည့် ပြည်နယ်များဖြစ်ကြောင်း ၎င်းကပြောကြားခဲ့ပါသည်။  အစိုးရအနေဖြင့် Covid-19 အခြေအနေစီမံခန့်ခွဲရေးဗဟိုဌာန(CCSA)မှ မည့်သည့်နေရာများသည် ပြန်လည်ဖွင့်လှစ်ရန် အသင့်တော်ဆုံးနေရာများဖြစ်ကြောင်းကို ဆုံးဖြတ်နိုင်ရန် အစိုးရသို့ အကြံများပေးခဲ့ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။

ကပ်ရောဂါကြောင့် ပြင်းထန်စွာထိခိုက်နေသော နေရာများနှင့် အရေးပေါ် ကယ်ဆယ်ရေး လိုအပ်နေသောနေရာများကို ဉီးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့ပါသည်။ ဉပမာအားဖြင့် ဖူးခက်ကျွန်းဒေသဖြစ်ကြောင်း၊ ၎င်းမှာ ဒေသခံများနှင့် နိုင်ငံခြားခရီးသွားများ နှစ်ဘက်စလုံးမှ နိုင်ငံခြားသားဧည့်သည်များအား ဝင်ရောက်ရန် သဘောတူညီကြသည့် ဖူးခက်အပန်းဖြေစခန်းအား ၎င်းက ဉပမာပေး၍ ဖေါ်ပြခဲ့ပါသည်။ ၎င်းက ခရီးသွားဧည့်သည်အုပ်စုငယ်များအား"Sandbox Concept”ရှေ့ပြေးစီမံကိန်းအရ ခွင့်ပြုလိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါ အယူအဆ (Concept)အရ ဧည့်သည်များအနေဖြင့် ၎င်းတို့နိုင်ငံမှ မထွက်ခွာမီနှင့် ထိုင်းနိုင်ငံသို့ရောက်ပြီးနောက် Covid-19 ဆိုင်ရာစစ်ဆေးမှုများကို အစစ်ဆေးခံရန် လိုအပ်ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။

ထိုင်းနိုင်ငံတွင်ရှိနေစဉ်အတွင်း ၎င်းတို့အနေဖြင့် ၎င်းတို့၏ ကျန်းမာရေးစောင့်ရှောက်မှုကို အနှောင့်အယှက်မဖြစ်စေရေး သေချာစေရန်အတွက် သတ်မှတ်ထားသော နေရာများတွင်သာ နေထိုင်ရန်လိုအပ်မည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့ပါသည်။ ခရီးသွားလာမှုပိတ်ပင်ထားမှုအပေါ် ဖြေလျှော့ပေးမှုက ခရီးသွားလုပ်ငန်းအပေါ် မှီခိုအားထားပြုနေကြသူများအတွက် လွန်စွာအရေးပါကြောင်း၊ ၎င်းက စီးပွားရေးလုပ်ငန်းများစွာကို ပြန်လည်ရှင်သန် အားဖြည့်ပေးစေမည်ဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်အလုပ်အကိုင်များအား ပြန်လည်ဖန်တီးပေးမည်ဖြစ်ကြောင်းနှင့် ဝင်ငွေများလည်းတိုးလာစေမည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့ပါသည်။

အစိုးရအနေဖြင့်် ဘတ်ဂျက်မှာ အကန့်အသတ်နှင့်သာရှိနေခြင်းကြောင့် လူတိုင်းအတွက် Covid-19 ကြောင့် စီးပွားရေးအပေါ် အကျိုးသက်ရောက်မှုများကို ရှည်ကြာစွာတာဝန်ယူနိုင်လိမ့်မည် မဟုတ်ကြောင်း ၎င်း ကပြောကြားခဲ့ပါသည်။ ခရီးသွားဧည့်သည်များကို ဝင်ခွင့်မပြုသေးဘဲ ယခုအချိန်တွင် အစိုးရအတွက် အကောင်းဆုံးဆောင်ရွက်နိုင်သည်မှာ စီးပွားရေးလုပ်ငန်းများကို လုံခြုံစိတ်ချရသော အစီအမံများဖြင့် တစ်ဆင့်ပြီးတစ်ဆင့် ခွင့်ပြုပေးသွားခြင်းဖြင့် ကယ်ဆယ်ရေးလုပ်ငန်းအစီအမံများကို ဆောင်ရွက်သွားရန်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့ပါသည်။ ဤအတောအတွင်း ဖူးခက်ရှိဟိုတယ်လုပ်ငန်းရှင်များက နိုင်ငံခြားသားခရီးသွားများကို လွတ်လပ်စွာ ခရီးသွားမှုအား ပယ်ချခြင်းအားဖြင့် Villa Qurantine အတွက် တင်းကြပ်သော စည်းမျဉ်းစည်းကမ်းများဖြင့် ဆောင်ရွက်သွားခြင်းဖြင့် ဒေသခံများ၏ စိုးရိမ်မှုများအား လျှော့ချနိုင်ရန် ကြိုးပမ်းလျှက်ရှိပါသည်။

ဖူးခက် Model အား မရေမရာမသေမချာဖြင့် မိတ်ဆက်ဖွင့်လှစ်ချိန်မှစ၍ ဟိုတယ်များက ပြည်တွင်းခရီးသွားများ၏ အောက်တိုဘာလတွင် ကြိုတင်မှာကြား စာရင်းသွင်းထားမှု Bookings များအား ဖျက်သိမ်းကြောင်း အစီရင်ခံ ခဲ့ကြပါသည်။ ပြည်နယ်များက နိုင်ငံတကာ ခရီးသွားများအား ပြန်လည်ကြိုဆိုကြတဲ့အခါ ၎င်းတို့အနေဖြင့် ကျန်းမာရေးနှင့်လုံခြုံမှုဆိုင်ရာ အစီအမံများအပေါ် စိုးရိမ်မိကြောင်း အသင်းဉက္ကဌ Kongsak Khoopongskorn က ပြောကြားခဲ့ပါသည်။

၎င်းက အဓိကပြဿနာမှာ အချို့သော အေဂျင်စီများမှ ဆက်သွယ်မှုသည် ပုဂ္ဂလိကများ၏အဆိုပြုချက်များနှင့် ဆန့်ကျင်နေခြင်းဖြစ်ကြောင်း၊ အဓိကမှာ (၁၄)ရက်ကြာ Quarantine ကိစ္စဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ အသင်းအနေဖြင့် အခြေခံမူဘောင် (၅) ချက်အားတိုက်တွန်းခဲ့ကြောင်း၊ အန္တရာယ်နည်းပါးသော Low Risk တိုင်းပြည်များကို Target ထားရွေးချယ်ခြင်း၊  ရောက်ရှိချိန်နှင့် နေထိုင်နေစဉ်အတွင်း Testing ပြုလုပ်ခြင်း၊ GPS မှတစ်ဆင့် ခရီးသွားများ၏ ရောက်ရှိနေရာများကို Tracking ပြုလုပ်ခြင်း၊ တစ်နေ့လျှင် အများဆုံးလူနာ (၁၀,၀၀၀) ခန့်အား လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှုအတွက် သေချာစေခြင်း၊ ကပ်ရောဂါကာလအတွင်း ပြည်သူအများ၏ လူမှုဖူလုံရေးအား စောင့်ရှောက်နိုင်ရေးအတွက် ရန်ပုံငွေထူထောင်ခြင်းဖြင့် ယုံကြည်မှုတည်ဆောက်ခြင်းတို့ဖြစ်ပါသည်။

လက်ရှိအားဖြင့် ပြည်နယ်အတွင်း၌ အစိုးရ Quarantine ဟိုတယ်နှစ်ခုသာရှိသေးကြောင်း၊ သို့ရာတွင် ဖူးခက် Villa Qurantine အစီအစဉ်အား ဖြေလျှော့ပေးခဲ့ပြီးနောက် နောက်ထပ် (၅၆)ခုမှာ စစ်ဆေးမှုနှင့် အတည်ပြုမှုကို စောင့်ဆိုင်းနေကြောင်း၊ ဉပမာအားဖြင့် ပထမ(၅)ရက်အတွင်း ရောဂါကင်းရှင်းကြောင်း  စမ်းသပ်ပြီးသော ခရီးသွားများအား Social Distancing rules များအရ ကမ်းခြေတွင်နေထိုင်ခွင့်ပြုခြင်းတို့ဖြစ်ပါသည်။ အသင်းအနေဖြင့် နိုင်ငံခြားသား ခရီးသွားများသည် ဤခရီးစဉ်ကို ဘတ်ငွေ(၁၀၀,၀၀၀)မှ (၂၀၀,၀၀၀) အထိ ကုန်ကျမည့် (၁၄) ရက်ကြာ Quarantine အတွက် ဈေးသက်သာသော ဟိုတယ်ခနှင့် ခုနှိမ်ရန်စဉ်းစားကြလိမ့်မည်ဖြစ်သည်ဟု ယုံကြည်လျှက်ရှိကြောင်းသိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: Thailand