Thailand

ထိုင်းနိုင်ငံ၏ ၂၀၂၀ ခုနှစ်အတွက် ပို့ကုန်တင်ပို့မှု တိုးတက်မှုအလားအလာ

Last Updated:

သေစေလောက်သော ကိုရိုနာဗိုင်းရပ်စ်အပါအဝင် များပြားလှသော ဆိုးကျိုးများရှိနေသော်လည်း အစိုးရအနေဖြင့် ယခုနှစ်ပို့ကုန်တင်ပို့မှုအတွက် အပြုသဘောဆောင် သော သဘောထားများ ရှိနေဆဲဖြစ်ပါသည်။ ကုန်သွယ်ရေး မူဝါဒနှင့် မဟာဗျူဟာရုံး ညွှန်ကြားရေးမှူးချုပ် Pimchanok Vonkorpon က ပြည်ပတင်ပို့မှုမှာ တစ်လလျှင် ပျှမ်းမျှအမေရိကန်ဒေါ်လာ (၂၀.၆ မှ ၂၁ဘီလီယံ) အထိရှိလျှင် ပို့ကုန်တိုးတက်မှု (၀-၂%) ရှိလိမ့်မည်ဟု ခန့်မှန်းထားကြောင်း ပြောကြားခဲ့ပါသည်။

အားပျော့သောဘတ်ငွေကြေးက ပို့ကုန်ပစ္စည်းအချို့အတွက် ဈေးနှုန်းယှဉ်ပြိုင်နိုင်မှုကို တိုးတက်စေပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီး Mr. Jurin laksanawisit က တောင်အာဖရိက၊ အရှေ့အလယ်ပိုင်း၊ရုရှား၊ ဗြိတိန်၊ ဂျာမဏီ၊ ဩစတြေးလျှ၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ဘင်္ဂလားဒေ့ရှ် နှင့်အိန္ဒိယတို့တွင် ယခုနှစ်၌ ကုန်သွယ်ရေး မစ်ရှင်အဖွဲ့များ ဖွဲ့စည်းပေးခြင်းက ပို့ကုန် တိုးတက်ရေးအတွက် အထောက်အကူဖြစ်စေမည် ဖြစ်ကြောင်းသူမက ပြောကြားခဲ့ပါသည်။

ရေရှည်ကုန်သွယ်ရေး မဟာဗျူဟာအတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနသည် တူရကီ၊ ပါကစ္စတန်၊ သီရိလင်္ကာတို့နှင့် လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီချက် (FTA) ညိှနှိုင်းမှုများကိုပြုလုပ်ရန် နှင့် အလားအလာရှိသော FTA စေ့စပ်ဆွေးနွေး ညိှနှိုင်းခြင်းများအတွက် ပြင်ဆင်ရန်လည်း ရည်ရွယ်ထားပါသည်။

ယမန်နေ့က ဝန်ကြီးဌာနက အကောက်ခွန်ရှင်းလင်းပြီး ပို့ကုန်တင်ပို့မှုသည် ဇန်နဝါရီလ တွင် နှစ်အလိုက်၌ (၃.၃၅%)တိုးတက်ခဲ့ပြီး၊ အမေရိကန်ဒေါ်လာ (၁၉.၆) ဘီလီယံရရှိခဲ့ကြောင်း၊ ၎င်းမှာ (၆) လတာကာလအတွင်း ပထမဉီးဆုံးအကြိမ် မြင့်တက်ခဲ့ခြင်း ဖြစ်ပြီး အဓိကအားဖြင့် ရေနံနှင့်  ရွှေတင်ပို့မှုမြင့်တက်ခဲ့ခြင်း တို့ကြောင့် ဖြစ်ပါသည်။

Ms.Pinchanok က ပို့ကုန်တင်ပို့မှုအနေဖြင့် အမေရိကန်-တရုတ် ပထမအဆင့် (၁) သဘောတူညီချက်မှ အပေါင်းလက္ခဏာသဘောဆောင်သော သဘောထားများကို ထင်ဟပ်စေခြင်း ဖြစ်ကြောင်းပြောကြားပါသည်။ အမေရိကန်နှင့် တရုတ်ဈေးကွက်များ တွင် ကွန်ပျုတာနှင့် အစိတ်အပိုင်းများ ကဲ့သို့သော အမေရိကန်-တရုတ် အကောက်ခွန်နှုန်းထားများနှင့်ဆက်စပ်သော ပို့ကုန်များအား ချဲ့ထွင်လျှက်ရှိပါသည်။ ထို့အပြင် အေးခဲကြက်သား၊ တိရစ္ဆာန်အစားအစာများ၊ စည်သွပ်နှင့်ပြုပြင် ထားသောသစ်သီးများ၊ စားသောက်ကုန်အမှုန့်များ၊ နို့နှင့်နို့ထွက်ပစ္စည်းများ၊အဖျော်ယမကာများ၊ မော်တော်ဆိုင်ကယ်နှင့်အစိတ်အပိုင်းများ၊ ပရိဘောဂနှင့် အစိတ် အပိုင်းများ၊ အလှကုန်များ၊ ဆပ်ပြာများ၊ အသားအရေဆိုင်ရာ ထုတ်ကုန်များအား များစွာတိုးမြင့်လျှက်ရှိပါသည်။

သို့ရာတွင် ရေနံနှင့် ရွှေတို့မပါဘဲ ထိုင်းပို့ကုန်တင်ပို့မှုမှာ ၂၀၂၀ခုနှစ်ဇန်နဝါရီလတွင် ယမန် နှစ်ကာလတူထက်(၀.၆%) ကျဆင်းခဲ့ပါသည်။ ပြီးခဲ့သည့်နှစ်ဇန်နဝါရီလက စစ်ရေးလေ့ကျင့်မှုအတွက် လက်နက်တင်သွင်းမှု မြင့်မားလာခြင်းနှင့် ရွှေတင်သွင်းမှု ကျဆင်းလာခြင်းတို့ကြောင့် ဇန်နဝါရီလတွင် သွင်းကုန်တင်သွင်းမှု (၇.၈၆%) ကျဆင်းခဲ့ပြီး အမေရိကန်ဒေါ်လာ (၂၁.၂) ဘီလီယံ ရှိခဲ့ပါသည်။

ရွှေ၊ ရေနံနှင့် လက်နက်များမှလွဲ၍ ၂၀၂၀ခုနှစ်ဇန်နဝါရီလတွင် သွင်းကုန်တင်သွင်းမှုမှာ (၀.၁၇%)ကျဆင်းခဲ့ပါသည်။ ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းများ တင်သွင်းမှု အနေဖြင့် (၅.၈%) တိုးတက်ခဲ့ ပြီးအထူးသဖြင့် စက်ယန္တယားများနှင့်အစိတ်အပိုင်းများဖြစ်ပြီး (၂) နှစ်အတွင်း အမြင့်ဆုံးတိုးတက်မှုနှုန်းမှာ (၁၈.၇%) ဖြစ်ပါသည်။ အဓိကကုန်သွယ်ဖက်များဖြစ်သော အမေရိကန်နှင့်တရုတ်နိုင်ငံများသို့ တင်ပို့မှုမှာ (၉.၉%) နှင့် (၅.၂%) အသီးသီးတိုးတက်ခဲ့ပါသည်။ ထိုင်ဝမ်နှင့်အရှေ့အလယ်ပိုင်း နိုင်ငံများသို့ တင်ပို့မှုမှာ အရှိန်အဟုန်နှင့်အတူ (၁၃.၁%)နှင့် (၂.၀%) အသီးသီး တိုးတက်ခဲ့ပါသည်။

Ms. Pimchanok ၏ပြောကြားချက်အရ လယ်ယာနှင့် လယ်ယာစက်မှု ထုတ်ကုန်များ တင်ပို့မှုမှာ ဇန်နဝါရီလတွင် (၆.၃%) ကျဆင်းခဲ့ပြီး အမေရိကန်‌ဒေါ်လာ (၃) ဘီလီယံရှိခဲ့ကြောင်း၊ ဆန်တင်ပို့မှုမှာ အဓိကအားဖြင့် (-၃၄%) ကျဆင်းခဲ့ပြီး၊ လတ်ဆတ်၊ အေးခဲနှင့် ပြုပြင်ထားသော သစ်သီး တင်ပို့မှုများမှာ (-၂၀.၃%) ကျဆင်း ခဲ့ကြောင်း၊ ပီလောပီနံထုတ်ကုန်တင်ပို့မှု(-၁၆.၆%) ကျဆင်းခဲ့ပြီး၊ အေးခဲနှင့်ပြုပြင်ထားသော ပုဇွန်တင်ပို့မှု (-၂၈.၇%) ကျဆင်းခဲ့ပါသည်။

စက်မှုထုတ်ကုန်များ အနေဖြင့် (၅.၂%) တိုးတက်ခဲ့ပြီး အမေရိကန်ဒေါ်လာ (၁၅.၇) ဘီလီယံ ရှိခဲ့ကြောင်း ၊ရွှေတင်ပို့မှု (+၃၀၀%)၊ မော်တော်ဆိုင်ကယ်နှင့် အစိတ်အပိုင်းများ (+၃၅.၄%)၊ ပရိဘောဂနှင့်အစိတ်အပိုင်းများတင်ပို့မှု (+၂၉.၉%)၊ အလှကုန်၊ ဆပ်ပြာနှင့် အသားအရေဆိုင်ရာ ထုတ်ကုန်များတင်ပို့မှု (+၁၃.၈%) ဖြင့် အသီးသီး တိုးတက်ခဲ့ပါသည်။

Ms. Pimchanok ၏ပြောကြားချက်အရ ကုန်သွယ်ဖက်နိုင်ငံအများစုသို့ ပို့ကုန်တင်ပို့မှုမှာ အနည်းငယ် ပြန်လည်နာလန်ထူလာကြောင်း၊ အမေရိကန်နှင့် အီးယူ (၁၅ နိုင်ငံ) နိုင်ငံသို့ တင်ပို့မှုမှာ (၉.၉%)နှင့်(၀.၆%)ဖြင့် အသီးသီးတိုးတက်ခဲ့ကြောင်း၊ ထိုင်ဝမ်သို့တင်ပို့မှုမှာ (၇)လဆက်တိုက်တိုး တက်ခဲ့ပြီး (၁၃.၁%) တိုးတက်ခဲ့ ကြောင်းသိရှိရပါသည်။

ထိုင်းအမျိုးသားပို့ဆောင်ရေးကောင်စီဉက္ကဌ အမျိုးသမီး Ghanyapad Tantipipatpong ကတရုတ်နှစ်သစ်ကူးကာလအတွင်း များပြားလှစွာသော ကုန်ဝယ်အမှာစာ များကြောင့် ဇန်နဝါရီလတွင် သင်္ဘောတင်ပို့မှု များတိုးမြင့်ခဲ့ကြောင်း၊ ကိုရိုနာဗိုင်းရပ်စ် ကြောင့် ပို့ကုန်တင်ပို့မှုလုပ်ငန်းများအပေါ် သက်ရောက်မှုများရှိခဲ့ကြောင်း၊ ထိုင်းအမျိုးသားပို့ဆောင်ရေးကောင်စီအနေဖြင့် ယခုနှစ်အတွက် ဘတ်ငွေအားပျော့ခြင်းဖြင့် ပို့ကုန်တိုးတက်မှု (၀ မှ ၁%) အတွင်းရှိလိမ့်မည်ဟု ခန့်မှန်းထားကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ)

Source:Bangk Post   

Category: Thailand