Thailand

ထိုင်းနိုင်ငံ၏ ခရီးသွားလုပ်ငန်းများအတွက်အရေးပေါ်အထောက်အပံ့

Last Updated:

ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုကြောင့် ထိခိုက်ရသည့်ခရီးသွားလုပ်ငန်းအတွက် အရေးပေါ် အကူအညီပေးရေးအစီအမံကို သောကြာနေ့ကစီးပွားရေးဆိုင်ရာဝန်ကြီးများအဖွဲ့မှ အတည်ပြု ပေးခဲ့ပါသည်။ အဆိုပါအစီအမံတွင် နိုင်ငံပိုင်ဘဏ်များ အပါအဝင် Krungthai Bank၊ အစိုးရငွေစုဘဏ်၊ လယ်ယာနှင့်လယ်ယာသမဝါယမဘဏ်တို့မှ အတိုးနှုန်းနည်းပါးသည့် ချေးငွေအစီအစဉ်နှင့် အခြေခံမူ၊ (၆)လစာအတိုးနှုန်းဆိုင်းငံ့မှုအစီအစဉ်တို့ပါဝင်ပါသည်။

ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် ဂျက်လေယာဉ်လောင်စာဆီအခွန်ကို လျှော့ချပေးလိမ့်မည်ဖြစ်ကြောင်း၊ ခရီးသွား လုပ်ငန်းလုပ်ကိုင်သူများအတွက် (၆) လစာ ဝင်ငွေခွန်ဆိုင်းငံ့ခြင်းနှင့် ပို့ဆောင်ရေးဌာနအနေဖြင့် လေယာဉ်ဆင်းသက်ခ များကို လျှော့ချပေးမည်ဖြစ်ပါသည်။ အဆိုပါအစီအမံများကို နောက်တစ်ပတ်အင်္ဂါနေ့တွင် အစိုးရအဖွဲ့သို့ နောက်ဆုံးအတည်ပြုချက် အတွက် တင်ပြလိမ့်မည်ဖြစ်ပါသည်။

ဂျက်လေယာဉ်ဆီအပေါ် အထူးကုန်စည်ခွန်လျှော့ချရေးအတွက်အား ပြည်တွင်းလေကြောင်းလိုင်းများအတွက် ကာလတစ်ခုသတ်မှတ်၍ ခွင့်ပြုသင့်ကြောင်းအထူးကုန်စည်ခွန်ဌာနမှ ညွှန်ကြားရေးမှူးချုပ် PatcharaAnuntasilpa က ပြောကြားခဲ့ပါသည်။  ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် ယခုလုပ်ဆောင်မှုသည်  ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့် တိုင်းပြည်၏  ခရီးသွားကဏ္ဍအပေါ် အထောက်အကူဖြစ်မည်ဟု ယူဆစဉ်းစားပါက လေယာဉ်လောင်စာ၏ဆီအခွန် လျှော့ချခြင်းကို ဌာနအနေဖြင့် ကန့်ကွက်မည်မဟုတ်ပါ။

လေယာဉ်လောင်စာဆီအခွန်လျှော့ချခြင်းသည် ဌာန၏ အခွန်ဘဏ္ဍာဝင်ငွေကို ထိခိုက်လိမ့်မည် မဟုတ်သကဲ့သို့ ၎င်းသည်တစ်နှစ်လျှင် ဘတ်ငွေ (၂) ဘီလီယံမျှသာရှိကြောင်း Mr. Patchara က ပြောကြားခဲ့ပါသည်။

ဝန်ကြီးချူပ်၏ နိုင်ငံရေးရာဆိုင်ရာဒုတိယအတွင်းရေးမှူးချုပ် kobsakPootrakool က အစိုးရအနေဖြင့် နှီးနှောဖလှယ်ပွဲ များပြုလုပ်ခြင်းဆိုင်ရာ ကုန်ကျစရိတ်များကို ကုမ္ပဏီ၏ဝင်ငွေမှ နှုတ်ပယ်ခွင့်ကဲ့သို့သော ပြည်တွင်းခရီးသွားလုပ်ငန်း အတွက်အားပေးမြှင့်တင်မည့် အခြားသော အစီအမံများကိုလည်း စဉ်းစားနေကြောင်းပြောကြားခဲ့ပါသည်။ အစိုးရဌာနများနှင့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများအနေဖြင့် မိမိတို့ဌာနတွင်း၌ ဆွေးနွေးပွဲများ ပိုမိုပြုလုပ်ရန် လိုအပ်ကြောင်း ၎င်းကပြောကြားခဲ့ပါသည်။ အခြားအစီအမံများ၏ အသေးစိတ်အချက်အလက် များအားလုံးကို အင်္ဂါနေ့တွင် ကျင်းပမည့် အစိုးရအဖွဲ့အစည်းအဝေးတွင် အပြီးသတ်ဆုံးဖြတ်မည်ဖြစ်ပါသည်။

ထိုင်းနိုင်ငံခရီးသွားအာဏာပိုင်အဖွဲ့၏ အုပ်ချုပ်ရေးမှူး yuthasakSuprasorn က ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုသည် ဇန်နဝါရီလမှ ဧပြီလအထိ တရုတ်ခရီးသွားဧည့်သည် (၈၀%) ၊ အရေအတွက်အားဖြင့် (၂.၃၂) သန်းခန့်ကျဆင်းသွားနိုင်ကြောင်းနှင့် ဝင်ငွေအားဖြင့် ဘတ်ငွေ (၉၈) ဘီလီယံခန့် ထိခိုက်နိုင်ကြောင်း ပြောကြားခဲ့ပါသည်။

သို့ရာတွင် ဌာနအနေဖြင့် ယခုနှစ်အတွက် နိုင်ငံခြားသားခရီးသွားဝင်ရောက်မှုအား (၄၁.၈) သန်း ခန့်ဝင်ရောက်ရန်ဝင်ငွေအားဖြင့်ဘတ်ငွေ (၂.၂၂) ထရီလီယံရရှိရန် ထိန်းသိမ်းဆောင်ရွက် လျက်ရှိကြောင်း၊ ဌာနအနေဖြင့် တရုတ် ဈေးကွက်အစား အာဆီယံအပါအဝင် တောင်ကိုရီးယား၊ ဂျပန်၊ ထိုင်ဝမ်၊ အိန္ဒိယ၊ ရုရှား၊ ယူကရိန်း၊ အရှေ့ဉရောပ၊ အမေရိကန်နှင့် မက္ကဆီကို စျေးကွက်များသို့ ရွှေ့ပြောင်းရရှိရန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

Mr. Yuthasak က ပြောကြားရာတွင် စီးပွားရေးဆိုင်ရာဝန်ကြီးများအဖွဲ့က ခရီးသွားလုပ်ငန်း အထောက်အကူပြုစင်တာအား တစ်နေရာတည်းတွင် ဝန်ဆောင်မှုပေးသည့် One-stop service unit  အဖြစ် မြှင့်တင်ဆောင်ရွက်ရန်၊ သေစေနိုင်သော ဗိုင်းရပ်စ်ပိုးကြောင့် တိုင်းပြည်၏ ခရီးသွားကဏ္ဍအပေါ် ထိခိုက်သက်ရောက်မှုများအား စောင့်ကြည့်လေ့လာ ဆောင်ရွက်ရန် တာဝန်ကိုလည်း ဆောင်ရွက်သွားရန်ယမန်နေ့ (၃၁.၁.၂၀၂၀ရက်နေ့) က သဘောတူခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

၎င်းကစီးပွားရေးဆိုင်ရာဝန်ကြီးများအဖွဲ့က ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်နေသော လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းလုပ်ငန်းစဉ်များနှင့် ဒုတိယအဆင့်ခရီးသွား ပြည်နယ် များသို့ သွားရောက်ရန် စင်းလုံးဌါးလေယာဉ်ဆိုင်ရာ အတားအဆီးများကို ကိုင်တွယ်ဆောင်ရွက်ရန်အတွက် ခရီးသွားလာမှုလွယ်ကူစေရေးကော်မတီ ဖွဲ့စည်းမှုကို လည်းခွင့်ပြုပေးခဲ့ ကြောင်းပြောကြားခဲ့ပါသည်။

အစိုးရအနေ၏ စီးပွားရေးတိုးတက်မှုအလားအလာကို အဓိကအန္တရာယ်ကြီး (၄) ခုက လျှေုာ့ချလိမ့်မည်ဖြစ်ကြောင်း၊ အဓိကမှာ ၂၀၂၀ ခုနှစ် ဘတ်ဂျက်ခွဲဝေမှုနှောင့်နှေးခြင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မိုးခေါင်မှု၊ ကိုရိုနာဗိုင်းရပ်စ် ပြန့်နှံ့မှုနှင့် ပြန့်ကျဲနေသောစီးပွားရေးတို့ကြောင့် ဖြစ်ပါသည်။

နိုဝင်ဘာလတွင် အမျိုးသားစီးပွားရေးနှင့်လူမှုဖွံ့ဖြိုးတိုးတက်ရေးကောင်စီသည် ၂၀၂၀ ခုနှစ် အတွက် စီးပွားရေး တိုးတက်မှုအား (၂.၇%-၃.၇%) ရှိလိမ့်မည်ဟု ခန့်မှန်းခဲ့ပါသည်။ အစိုးရ စီမံကိန်းဌာနအနေဖြင့် ပြီးခဲ့သည့်နှစ်စတုတ္ထ (၃) လပတ်အတွက် စီးပွားရေးဆိုင်ရာ အချက်အလက်များနှင့် စီမံကိန်းအသစ်များအား ဖေဖေါ်ဝါရီလ (၁၇) ရက်နေ့တွင် တင်ပြရန် ပြင်ဆင် ထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ)

Source: Bangk Post                                                          

Category: Thailand