Thailand

ထိုင်းနိုင်ငံ၏ စီးပွားရေးတိုးတက်မှုသည် (၂.၅ ရာခိုင်နှုန်း) အောက်သို့ ကျဆင်းထိခိုက်သွားနိုင်သည်ဟု ထိုင်းကုန်သည်ကြီးများအသင်းက ပြောကြား

Last Updated:

ကြီးမားသောမိုးခေါင်မှု၊ ဘတ်ငွေတန်ဖိုးမြင့်တက်မှု၊ နှစ်စဉ် ဘတ်ဂျက်ကစဉ့်ကလျားဖြစ်မှု၊ အဆိပ် အတောက်ဖုန်မှုန့်များနှင့် နောက်ဆုံးဖြစ်ပွားလျှက်ရှိသော သေစေနိုင်သည့် ဗိုင်းရပ်စ်ပိုး ပျံ့နှံ့မှု၊ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားနေသော မိုးခေါင်မှုတို့ကြောင့် ထိုင်းနိုင်ငံ၏ စီးပွားရေးတိုးတက်မှုသည် (.%) အောက်သို့ ကျဆင်းထိခိုက်သွားနိုင်သည်ဟု ထိုင်းကုန်သည်ကြီးများ အသင်းကပြောကြားပါသည်။

ကုန်သည်ကြီးများအသင်းဉက္ကဌ Kalin Sarasin ကစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ စက်မှုနှင့်ဘဏ်တို့ပါဝင်သော အမြဲတမ်းပူးတွဲကော်မတီအနေဖြင့် ယခုနှစ်အတွက် ခန့်မှန်းထားသည့် (.%-%) အထိ စီးပွားရေးတိုးတက်မှု ခန့်မှန်းချက်အပေါ် ပြန်လည်သုံးသပ်နေကြောင်း၊ သေစေနိုင်သော ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုသည် ထိုင်းစီးပွားရေးအလား အလာကို အခြားအရာများထက် ထပ်ဆုံးမှနေ၍ ဖိအားပေးလျှက်ရှိကြောင်းပြောကြားခဲ့ပါသည်။

ထိုင်းကုန်သည်ကြီးများအသင်းတက္ကသိုလ်၏ ခန့်မှန်းချက်အရသေစေနိုင်သော ဗိုင်းရပ်စ်ပိုး ပေါ်ပေါက်ဖြစ်ပွားမှုကြောင့် ထိုင်းနိုင်ငံအနေဖြင့် ခရီးသွားလုပ်ငန်းမှ ဝင်ငွေဘတ်သန်း (၈၀) မှ (၁၀၀) အထိ ထိခိုက်နိုင်ကြောင်းခန့်မှန်းထားပါသည်။ ထိုသို့ကျဆင်းထိခိုက်မှုက ထိုင်းစီးပွားရေး တိုးတက်မှုကို (.%-.%) အထိထိခိုက်စေမည်ဖြစ်ကြောင်း ထိုင်းကုန်သည်ကြီးများ အသင်းမှ ပြောကြားပါသည်။

ထိုင်းစီးပွားရေးတိုးတက်မှုနှင့်ပုဂ္ဂလိက ကဏ္ဍအတွက် အဓိကအကျဆုံးစွန့်စားရမှု အန္တရာယ် (Risk) မှာ ၂၀၂၀ခုနှစ်အတွက် ဘတ်ဂျက်ခွဲဝေမှုနှောင့်နှေးခဲ့ခြင်းဖြစ်သည်ဟု Mr. Kalin ကပြော ကြားခဲ့ပါသည်။ ယခင်နှစ်ရေလွှမ်းမိုးမှုကြောင့် ဆောက်လုပ်ရေးလုပ်ငန်းများအတွက် လေလံ ပွဲတွင်အနိုင်ရခဲ့သော ပုဂ္ဂလိကကဏ္ဍမှ စီမံကိန်း (၂၀၀)ကျော်အတွက် တန်ဖိုးအားဖြင့် ဘတ်ငွေ (၄၀) ဘီလီယံကျော်အား မပေးဆပ်ရသေးကြောင်း၊ အစိုးရအနေဖြင့် ယခုနှစ်အတွက် ဘတ်ဂျက်အား ဖေဖေါ်ဝါရီလတွင် ခွဲဝေချထားပေးသင့်ကြောင်း ၎င်းကပြောကြားခဲ့ပါသည်။

၎င်းကဆက်လက်၍ စီးပွားရေးလုပ်ငန်းရှင်များအပိုင်းအနေဖြင့် အစိုးရအားမိုးခေါင်မှုပြဿနာကို ဖြေရှင်းရန် ရေှလှောင်ကန်များနှင့်ရေတိမ်ပိုင်းတူးမြောင်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့များသိူ့ ဘတ်ဂျက်ခွဲဝေပေးမှုအား အရှိန်မြှင့်တင်ဆောင်ရွက်ရန် တောင်းဆိုကြောင်းပြောကြားခဲ့ပါသည်။

Mr. Kalin ကဖုန်မှုန့်များနှင့် မိုးခေါင်ခြင်းပြဿနာများကို ဖြေရှင်းရန် တန်ဖိုးမြင့်သော သစ်ပင်များ စိုက်ပျိုးလိုသော ပုဂ္ဂလိကပိုင်ရှင်များအား ကော်ပိုရိတ်ဝင်ငွေခွန်၊ မြေယာနှင့် အဆောက်အဉီခွန်တို့အား လျှော့ချပေးရန်အစိုးရအား အကြံပြုတိုက်တွန်းခဲ့ပါသည်။ ပုဂ္ဂလိကများအနေဖြင့် တန်ဖိုး ကြီးမြင့်သော အပင်များစိုက်ပျိုးရန် ကျယ်ဝန်းသောမြေများ ပိုင်ဆိုင်ထားကြကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။ အစိုးရအနေဖြင့် အခြားအခွန်ဆိုင်ရာ မက်လုံများ ထပ်ပေးမည် ဆိုပါက ပို၍ဆွဲဆောင်နိုင်မည်ဖြစ်ကြောင်း ၎င်းကပြေကြားခဲ့ပါသည်။

အခွန်ဉီးစီးဌာနအနေဖြင့် လာမည့်ဆယ်စုနှစ်အတွင်း အစိုးရ၏ ထိုကဲ့သို့သော တန်ဖိုးကြီးမြင့် သည့်အပင်များအရေအတွက်ကို () ဘီလီယံအထိ တိုးမြှင့်လာစေရန် ကျိုးပမ်းမှုနှင့်အညီ တန်ဖိုး ကြီး သစ်ပင်များစိုက်ပျိုးခြင်းအတွက် ကုန်ကျစရိတ်များကို တစ်ဉီးချင်းနှင့် ကော်ပိုရေးရှင်းမှ အခွန်ထမ်းများအတွက် ၎င်းတို့၏ပေးဆောင်ရမည့် ဝင်ငွေမှနှုတ်ပယ်ခွင့်အပေါ် ဖြစ်နိုင်ချေကို လေ့လာလျှက်ရှိပါသည်။

အစိုးရအနေဖြင့်တစ်နှစ်အတွင်း တန်ဖိုးမြင့်သစ်ပင်များ စိုက်ပျိုးခြင်းကို လူမှုအဖွဲ့အစည်း (၂၀၀၀) ကို အာရုံစိုက်လာစေရန်နှင့် လာမည့် (၁၀) နှစ်အတွင်း (၂၀,၀၀၀) အထိ တိုးမြှင့်သွားရန် ရည်ရွယ် ထားပါသည်။

 

 

 

Source: Bangk Post                                                               

(မြန်မာစီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ)

 

 

 

Category: Thailand