Thailand

ထိုင်းနိုင်ငံ၏ ပုဂ္ဂလိကကဏ္ဍအနေဖြင့် ပြည်ပပို့ကုန်တင်ပို့မှု ပိုမိုကျဆင်းမည်ခန့်မှန်း

Last Updated:

ကမ္ဘာ့စီးပွားရေးနှေးကွေးခြင်း၊ ကျယ်ပြန့်စွာမိုးခေါင်မှုနှင့် သေစေနိုင်သော ဗိုင်းရပ်စ် ပျံ့နှံ့မှုတို့ကပုဂ္ဂလိကများအနေဖြင့် ယခုနှစ်အတွက် ပို့ကုန်ခန့်မှန်းချက်အား ချက်ချင်းဆိုသလို (၁.၈%) ထိ ကျဆင်းနိုင်ကြောင်းလျှော့ချရန် တွန်းအားပေးသလိုဖြစ်ခဲ့ပါသည်။ ထိုင်းကုန်သည်ကြီးများအသင်း ဒုတိယဥက္ကဌ Sanan Angubolkul က ပို့ကုန်တန်ဖိုး ခန့်မှန်းချက်အမေရိကန်ဒေါ်လာ(၂၄၅) ဘီလီယံ ကိုမဆုံးဖြတ်မီ သက်ဆိုင်ရာ ထိုင်းကုန်သွယ်မှုလုပ်ငန်းလုပ်ကိုင်သည့် အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

ပြီးခဲ့သည့်နှစ်နှောင်းပိုင်းတွင် Mr. Sanan က ပို့ကုန်သည် အကောင်းဆုံး တိုးတက်မှု မရှိခဲ့ဟူ၍ ခန့်မှန်းခဲ့ပါသည်။ ယခုနှစ်တွင် စွန့်စားရမှု အန္တရာယ်များ၊ အထူးသဖြင့် ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့ခြင်း၊ ကမ္ဘာ့စီးပွားရေးနှေးကွေးခြင်း၊ မိုး‌ခေါင်မှု ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခြင်းနှင့် ဘတ်ငွေတန်ဖိုးမြင့်တက်ခြင်းတို့က ပို့ကုန်ကိုနှေးကွေးစေမှာ ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

Mr. Sanan က အစိုးရနှင့် သက်ဆိုင်သူများအား အမေရိကန်တစ်ဒေါ်လာလျှင် (၃၂) ဘတ်ဖြင့် ယှဉ်ပြိုင်နိုင်စွမ်းရှိစေရေး နိုင်ငံခြားငွေလဲနှုန်းကို ပြန်လည်ထိန်းချုပ်ရန် တိုက်တွန်းခဲ့ပါသည်။ ၎င်းကကုန်သည်ကြီးများအသင်းအနေဖြင့် ယခုနှစ်အတွက် လယ်ယာထွက်ကုန်တင်ပို့မှုသည် (၀.၉%) တန်ဖိုးအမေရိကန်ဒေါ်လာ (၄၀.၁) ဘီယီယံသို့ ကျဆင်းနိုင်သည်ဟု ခန့်မှန်းထားကြောင်း ၊ ရာဘာ၊ ပီလောပီနံထုတ်ကုန်နှင့် သကြားတို့ ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

ယခုနှစ်ရာဘာတင်ပို့မှုက (၅%) ကျဆင်းနိုင်ပြီးတန်ဖိုး အမေရိကန်ဒေါ်လာ (၃.၉၄) ဘီလီယံဖြစ်ကြောင်း ခန့်မှန်းထားပါသည်။ ပီလောပီနံ အနေဖြင့် (၁၅%) ကျဆင်း နိုင်ကြောင်း၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ (၂.၂၂) ဘီလီယံဖြစ်ကြောင်း၊ သကြားတင်ပို့မှု (၁၆.၃%) ကျဆင်းနိုင်ကြောင်း ၊ တန်ဖိုးအမေရိကန် ဒေါ်လာ (၂.၅) ဘီလီယံဖြစ်ပါသည်။

ဆန်တင်ပို့မှု အနေဖြင့် ယခုနှစ်အတွက်(၀.၁%) ကျဆင်းနိုင်ကြောင်း၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၄.၂၁) ဘီလီယံဖြစ်ကြောင်း၊ အစားအစာတင်ပို့မှု (၂.၆%) မြင့်တက်ကာတန်ဖိုးအမေရိကန်ဒေါ်လာ (၂၃.၃) ဘီလီယံအထိ ရောက်ရှိလာနိုင်ကြောင်း ခန့်မှန်းထားပါသည်။

စက်မှုပို့ကုန်များအနေဖြင့် (၂%) အမေရိကန်ဒေါ်လာ(၁၉၃)ဘီလီယံသို့ကျဆင်းသွားနိုင် ကြောင်း၊အထူးသဖြင့် အီလက်ထရောနစ်ပစ္စည်းများ (-၁%) အမေရိကန် ဒေါ်လာ (၃၅.၃)ဘီလီယံ၊မော်တော်ကားနှင့် အစိတ်အပိုင်းများ(-၄% အမေရိကန်ဒေါ်လာ၃၃.၉ ဘီလီယံ)၊ ပလပ်စတစ်  လုံးလေးများ (-၆.၂%အမေရိကန်‌ဒေါ်လာ ၁၂.၆ ဘီလီယံ)၊ ကျောက်မျက်ရတနာနှင့်ရွှေတင်ပို့မှု (-၂၁.၆% အမေရိကန် ဒေါ်လာ၁၂.၃ဘီလီယံ) တို့ ကျဆင်းနိုင်ကြောင်း ခန့်မှန်းထားပါသည်။

လျှပ်စစ်ပစ္စည်းများတင်ပို့မှုမှာ (၁.၁%)တိုးလာပြီး တန်ဖိုးအမေရိကန်‌ဒေါ်လာ (၂၄.၆ ဘီလီယံ ဖြစ်ကြောင်း၊ အထည်အလိပ်မှာ (၁.၅% အမေရိကန်ဒေါ်လာ ၇.၀၂ ဘီလီယံ) တိုးလာနိုင်ကြောင်း ခန့်မှန်းထားပါသည်။ ကမ္ဘာ့ဈေးကွက်နှင့်အာရှတွင်ဝယ်လိုအား နှေးကွေးကျဆင်းနေမှုကြောင့် တိုင်းပြည်အတွက် အဓိကဝင်ငွေပံ့ပိုးသည့်အပိုင်းများဖြစ်သည့် မော်တော်ကားနှင့် အစိတ်အပိုင်းများတင်ပို့မှုကျဆင်းနေကြောင်း၊တစ်ချိန်တည်းမှာပင်နည်းပညာဆိုင်ရာပြောင်းလဲမှု၊ နိုင်ငံခြားကုမ္ပဏီ များ၏ ထုတ်လုပ်မှု အခြေစိုက်စခန်းများရွှေ့ပြောင်းနေမှုကလည်း အီလက်ထရောနစ်နှင့် အစိတ်အပိုင်းကို ဆက်လက်ထိခိုက်စေကြောင်း ပြောကြားခဲ့ပါသည်။

ထိုင်းနိုင်ငံအနေဖြင့်ယမန်နှစ်က ပြည်ပပို့ကုန်တင်ပို့မှုသည် ၂၀၁၈ခုနှစ်ကထက် (၂.၇%) ကျဆင်းခဲ့ပါသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ၂၀၁၉ ခုနှစ်အတွက် အကောက်ခွန်ရှင်းလင်းပြီး စုစုပေါင်းပြည်ပတင်ပို့မှု တန်ဖိုး အမေရိကန် ဒေါ်လာ (၂၄၆) ဘီလီယံရှိခဲ့ကြောင်း၊ သွင်းကုန် တင်သွင်းမှုအနေဖြင့် (၄.၇%) ကျဆင်းခဲ့ပြီးတန်ဖိုး အမေရိကန်‌ဒေါ်လာ (၂၃၇) ဘီလီယံရှိခဲ့ကြောင်း၊ ကုန်သွယ်မှုပိုငွေအမေရိကန်ဒေါ်လာ (၉.၆) ဘီလီယံရှိခဲ့ကြောင်း သိရှိရပါသည်။၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွက် ပြည်ပသင်္ဘောတင်ပို့မှုမှာ ပဉ္စမမြောက်လအဖြစ်ကျဆင်းခဲ့ကြောင်း၊ သို့ရာတွင် နိုဝင်ဘာလ ကျဆင်းမှု (၇.၄%) ထက် တိုးတက်ခဲ့ခြင်းဖြစ်ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ)

Source:Bangk Post              

Category: Thailand