Thailand

ထိုင်းနိုင်ငံ၏ ၂၀၂၀ ခုနှစ် ဇန်နဝါရီလအတွက် ပြည်ပပို့ကုန် (၉.၄၄ ရာခိုင်နှုန်း) ကျဆင်းမှု

Last Updated:

ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုသည် ကမ္ဘာ့စီးပွားရေးနှင့်    ထောက်ပံ့ပို့ဆောင်ရေးဝန်ဆောင်မှု လုပ်ငန်းများကိုထိခိုက်စေကြောင်း၊ အထူးသဖြင့်တရုတ်ပြည်တောင်ပိုင်းသို့ ထိခိုက်မှုကြောင့် ထိုင်းနိုင်ငံ၏ နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုသည် ယခုနှစ် ပထမလတွင် (၁၀.၈%) ကျဆင်းခဲ့ပါသည်။ ယမန်နေ့ (၂၇.၂.၂၀၂၀ရက်နေ့) က နိုင်ငံခြားကုန်သွယ်မှုဌာနမှ နယ်စပ်ဖြတ်ကျော် တစ်ဆင့်ဖြတ်သန်းကုန်သွယ်မှုအပါအဝင် နိုင်ငံ၏ နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုမှာ စုစုပေါင်း ဘတ်ငွေ (၈၆.၁) ဘီလီယံရှိခဲ့ကြောင်း၊ မလေးရှားနိုင်ငံမှာနယ်စပ်ကုန်သွယ်မှုတွင်အကြီးမားဆုံး ကုန်သွယ်ဖက်နိုင်ငံ ဖြစ်ကြောင်း အစီရင်ခံတင်ပြခဲ့ပါသည်။

နယ်စပ်ဖြတ်ကျော် တစ်ဆင့် ဖြတ်သန်းကုန်သွယ်မှုတွင် တစ်နိုင်ငံထက်ပိုသော နိုင်ငံများပါဝင်ကြပါသည်။ စုစုပေါင်းကိန်းဂဏန်းများအရ ထိုင်းနိုင်ငံမှ ပြည်ပတင်ပို့မှုမှာ စုစုပေါင်း ဘတ်ငွေ (၅၉.၅) ဘီလီယံရှိပြီး ယမန်နှစ်ဇန်နဝါရီလက ထက် (၉.၄၄%) ကျဆင်းသွားကြောင်း၊ သွင်းကုန် တင်သွင်းမှုမှာ (၁၃.၆%) ကျဆင်းသွားပြီး ဘတ်ငွေ (၂၆.၆) ဘီလီယံရှိကြောင်း၊ သို့ဖြစ်၍ ကုန်သွယ်မှု ပိုငွေဘတ် (၃၂.၉) ဘီလီယံရှိခဲ့ပါသည်။

အိမ်နီးချင်း(၄)နိုင်ငံနှင့်ထိုင်းနိုင်ငံ၏ နယ်စပ်ကုန်သွယ်မှုမှာ ဘတ်ငွေ (၈၆.၁) ဘီလီယံရှိခဲ့ပြီး ယမန်နှစ် ဇန်နဝါရီလက ကုန်သွယ်မှု တန်ဖိုးဘတ်ငေွ (၉၅.၁) ဘီလီယံထက်ထက် (၉.၄၉%) ကျဆင်းခဲ့ခြင်းဖြစ်ပါသည်။

စုစုပေါင်းကုန်သွယ်မှုတွင်မလေးရှားနိုင်ငံနှင့်နှစ်နိုင်ငံ အပြန်အလှန်ကုန်သွယ်မှုမှာ ဘတ်ငွေ (၃၁) ဘီလီယံရှိခဲ့ပြီး လာအိုနှင့် (၂၄.၁) ဘီလီယံ၊ ကမ္ဘောဒီးယားနှင့် (၁၆.၈) ဘီလီယံ၊ မြန်မာနှင့်(၁၄)ဘီလီယံရှိခဲ့ပါသည်။ စင်္ကာပူ၊ ဗီယက်နမ်၊ တရုတ်တောင်ပိုင်းနှင့် နယ်စပ်ဖြတ်ကျော်တစ်ဆင့်  ဖြတ်သန်းကုန်သွယ်မှု ကုန်သွယ်မှုပမာဏမှာ ဘတ်ငွေ (၂၅.၂) ဘီလီယံရှိခဲ့ပြီး ၂၀၁၉ ခုနှစ်က ပမာဏဖြစ်သော (၂၄.၄) ဘီလီယံထက် (၃.၃၆%) တိုးတက်ခဲ့ကြောင်း၊ တရုတ်ပြည်တောင်ပိုင်းနှင့် တစ်ဆင့် ဖြတ်သန်း ကုန်သွယ်မှု မှာ အမြင့်ဆုံးပမာဏတန်ဖိုး ဘတ်ငွေ (၁၅.၁) ဘီလီယံရှိခဲ့ပြီး ၎င်းနောက်တွင်စင်္ကာပူ (၆.၁၇ဘီလီယံ)၊ ဗီယက်နမ် (၃.၉၆ ဘီလီယံ)တို့ဖြစ်ပါသည်။

ဉီးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် Keerati Rushchano က ထိုင်းနိုင်ငံ၏ နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုသိသိသာသာကျဆင်းရခြင်းသည် များပြားလှသည့် အချက် များကြောင့်ဖြစ်ကြောင်း၊ အထူးသဖြင့် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့်ဖြစ်ပြီး ၎င်းက ထိုင်းနှင့်အိမ်နီးချင်းနိုင်ငံများ၏ ကုန်သွယ်မှုနှင့် ခရီးသွားကဏ္ဍ အပါအဝင် ကမ္ဘာ့စီးပွားရေးကိုဟန့်တားမှုကိုဖြစ်စေကြောင်း ပြောကြားခဲ့ပါသည်။

မစ္စတာကာရာတီကယခုလအတွင်း Narathiwat တွင် တောင်ပိုင်းနယ်စပ်ကုန်သွယ်မှုပြပွဲ ကို ကျင်းပခဲ့ပြီး Sa Kaeo ၊ Chiang Rai Nakhon Phanom Tak Yala စသည့်အခြားပြည်နယ်များတွင်လည်း အလားတူနယ်စပ်ကုန်သွယ်ရေးပြပွဲများကို ကျင်းပရန် စီစဉ်ထားကြောင်း ပြောကြားခဲ့ပါသည်။

ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် နယ်စပ်ကုန်သွယ်ရေးအတားအဆီးများကို ဖြေရှင်းရန် အစိုးရနှှင့်ပုဂ္ဂလိကကဏ္ဍတို့အကြား ပူးတွဲအစည်းအဝေးများ ပြုလုပ်သွားရန် လည်းစီစဉ်ထားပါသည်။ ၂၀၁၉ ခုနှစ်တွင် တစ်ဆင့်  ဖြတ်သန်းကုန်သွယ်မှု အပါအဝင် နိုင်ငံ၏ နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုမှာ (၁.၃၄) ထရီလီယံဖြစ်ပြီး စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ရည်မှန်းချက် Target ဖြစ်သော(၁.၆) ထရီလီယံထက်လျော့နည်းခဲ့ရပြီး ၂၀၁၈ခုနှစ်ကထက် (၃.၄%) ကျဆင်းခဲ့ခြင်းဖြစ်ပြီး ၎င်းမှာ ဘတ်ငွေတန်ဖိုးမြင့်တက်ခဲ့မှု၊ နိုင်ငံခြားငွေလဲနှုန်း မတည်ငြိမ်မှုနှင့်ကာလကြာရှည်ဖြစ်ပွားနေသော ကုန်သွယ်ရေးစစ်ပွဲတို့ကြောင့်လည်းဖြစ်ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ)

Source:Bangk Post     

Category: Thailand