Thailand

ထိုင်းအစိုးရအနေဖြင့် အလားအလာရှိသော ထုတ်ကုန်များအပေါ် တွန်းအားပေးရန်လိုအပ်

Last Updated:

ကုန်ပစ္စည်းအမျိုးပေါင်း(၃၀)ခန့်မှာ ပြည်ပတင်ပို့ရန် အလားအလာကောင်းများရှိနေပြီး အစိုးရအနေဖြင့် တင်ပို့မှုတိုးမြှင့်ရေးအတွက် အထူးကြိုးပမ်းမှုများလိုအပ်ကြောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စီမံကိန်းဌာနမှပြောကြားခဲ့ပါ သည်။ ကုန်သွယ်မှုမူဝါဒနှင့် မဟာဗျူဟာရုံးညွှန်ကြားရေးမှူးချုပ် Pimchanok Vokorpon က လယ်ယာစိုက်ပျိုးရေး၊ အစားအစာနှင့် စက်မှုထုတ်ကုန်များအနေဖြင့် စုစုပေါင်းပို့ကုန်တန်ဖိုး၏ (၂၅%) ကို ထည့်ဝင်ပံ့ပိုးပေးလျှက်ရှိ ကြောင်းပြောကြားခဲ့ပါသည်။

ပြီးခဲ့သည့်နှစ်က ကမ္ဘာ့စီးပွားရေး နှေးကွေးမှုနှင့် ဆက်လက်ဖြစ်ပွားနေသော ကုန်သွယ်ရေးစစ်ပွဲတို့ဖြစ်နေခဲ့သော်လည်း အဆိုပါထုတ်ကုန်များအနေဖြင့် ပျှမ်းမျှ (၁၃ %) တိုးတက်ခဲ့ပါသည်။ Ms. Pimchanok Vonkorpon ၏ ပြောကြားချက်အရ အဆိုပါ ပစ္စည်းများတွင် လတ်ဆတ်၊ အေးခဲနှင့် သစ်သီးခြောက်များ အပါအဝင် လယ်ယာထုတ်ကုန်များ၊ အေးခဲကြက်သား၊ နို့နှင့်နို့ထွက်ပစ္စည်းများ၊ ဂျုံနှင့်အခြား အသင့်စား အစားအစာများ၊ ရာသီပေါ်စားသောက်ကုန်များပါဝင်ပါသည်။ ရေဒီယိုများ၊ တယ်လီဖုန်း များ၊ နာရီနှင့် အစိတ်အပိုင်းများ၊ မော်တော်ဆိုင်ကယ်နှင့် အစိတ်အပိုင်းများ၊ ဆပ်ပြာနှင့် အသားအရေဆိုင်ရာထုတ်ကုန်များ၊ အဝတ်အထည်များ၊ ပန်းကန်ခွက်ယောက်များ စသည့်စက်မှုထုတ်ကုန်များလည်းပါဝင်ပါသည်။

မိမိတို့အနေဖြင့် ၂၀၂၀ခုနှစ်တွင် အဆိုပါ ထုတ်ကုန်များအတွက် အလားအလာကောင်းများကို မျှော်မှန်းထားကြောင်း၊အကြောင်းမှာယခင်နှစ်က ကမ္ဘာ့စီးပွားရေး အားနည်းခဲ့သော်လည်း ထိုင်းနိုင်ငံ၏အဓိကကုန်သွယ်ဖက်နိုင်ငံများသာမက ကမ္ဘာသို့ အဆိုပါ ထုတ်ကုန်များ၏ တင်ပို့မှုမှာ ကောင်းမွန်ခဲ့ကြောင်း၊ ကုန်သွယ်ရေးစစ်ပွဲ၏ ရိုက်ခတ်မှုများလည်းရှိခဲ့ကြောင်းသူမက ပြောကြားခဲ့ပါသည်။ ၎င်းမှာ ထိုင်းနိုင်ငံအနေဖြင့် ကမ္ဘာ့ဈေးကွက်၏လိုအပ်ချက်နှင့်အညီ ထိုင်းထုတ်လုပ်သူများအနေဖြင့် လိုက်လျောညီထွေ ဖြစ်အောင် မြန်မြန်ဆန်ဆန် ထုတ်လုပ်နိုင်စွမ်းကို ထင်ဟပ်စေခဲ့တာဖြစ်ကြောင်း၊ အဆိုပါထုတ်ကုန်များသည်အစိုးရ၏ အထူးအားပေးမြှင့်တင်မှုကို ခံယူထိုက်ပါကြောင်း သူမက ပြောကြားခဲ့ပါသည်။

Ms. Pimchanoku ကပြောကြားရာတွင် သူမ၏ ရုံးအနေဖြင့် ယခုနှစ်တွင် ပြည်ပပို့ကုန် တိုးတက်လာမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ပါသည်။ အဓိကအားဖြင့် ကမ္ဘာ့စီးပွားရေး ပြန်လည်နာလန်ထူလာခြင်း၊ ကုန်စည်ဈေးနှုန်းများနှင့် ‌ရေနံဈေးနှုန်းများ မြင့်တက်လာခြင်း၊ ကုန်သွယ်ရေးစစ်ပွဲ ညိှနှိုင်းမှုအဆင်ပြေလာခြင်းနှင့် ဘတ်ငွေအားပျော့လာမှုတို့က အဓိကဖြစ်ကြောင်း သူမကပြောကြားခဲ့ပါသည်။

နောက်ဆုံးပေါ် သေစေနိုင်သောဗိုင်းရပ်စ်ဖြစ်ပွားမှုနှင့်ပတ်သက်၍ သူမက ရေတိုအတွက် သက်ရောက်မှု မရှိနိုင်ဟု ပြောကြားခဲ့ပါသည်။

ယခင်နှစ်က ပြည်ပတင်ပို့မှုသည် ၂၀၁၈ခုနှစ်ကထက် (၂.၇%) ကျဆင်းခဲ့ကြောင်း၊ ကမ္ဘာ့စီးပွားရေးကျဆင်းမှု၊ ရေနံနှင့်လယ်ယာထွက်ကုန်ဈေးနှုန်းကျဆင်းခြင်းနှင့် စက်မှုထုတ်ကုန်တင်ပို့မှုအားနည်းခြင်းတို့ကြောင့် ကျဆင်းခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ် အကောက်ခွန်ရှင်းလင်းပြီး ပြည်ပတင်ပို့မှုမှာ စုစုပေါင်း အမေရိကန်ဒေါ်လာ (၂၄၆) ဘီလီယံရှိခဲ့ကြောင်း၊ သွင်းကုန်တင်သွင်းမှု (၄.၇%) ကျဆင်းခဲ့ပြီး အမေရိကန်ဒေါ်လာ (၂၃၇) ဘီလီယံရှိခဲ့ကာ၊ ကုန်သွယ်မှုပိုငွေ အမေရိကန်‌ဒေါ်လာ(၉.၆) ဘီလီယံ ရရှိခဲ့ ပါသည်။

Ms. Pimchanok ကဝန်ကြီးဌာန အနေဖြင့် အမေရိကန်မှ ထိုင်းနိုင်ငံသို့ ကုန်သွယ်ရေးဆိုင်ရာ အထူးဉီးစားပေးမှုအစီအစဉ် (GSP) အား ရပ်ဆိုင်းခြင်းမှ ပို့ကုန်တင်ပို့ သူများအပေါ် သက်ရောက်မှုကိုလျှော့ချရန်သက်ဆိုင်သူများနှင့် နီးကပ်စွာ ဆောင်ရွက် လျှက်ရှိကြောင်း ပြောကြားခဲ့ပါသည်။ ယခင်နှစ် အောက်တိုဘာလ (၂၅) ရက်နေ့တွင် USTR အနေဖြင့်ထိုင်းနိုင်ငံအတွက် ဒေါ်လာ (၁.၃) ဘီလီယံတန်ဖိုးရှိ ကုန်သွယ်ရေးဆိုင်ရာ အထူးဉီးစားပေးသည့်အစီအစဉ် (GSP) ကို အလုပ်သမား အခွင့်အရေး အကာအကွယ်ပေးမှုဆိုင်ရာ ပျက်ကွက်မှုများကြောင့် ရပ်ဆိုင်းကြောင်း ကြေငြာခဲ့ပါသည်။

၂၀၂၀ ခုနှစ် ဧပြီလ (၂၅) ရက်နေ့တွင် စတင်သက်တမ်းတိုးရန် ဆိုင်းငံ့ထားမှုတွင် စုစုပေါင်းကုန်ပစ္စည်း (၅၇၃) မျိုး အကျုံးဝင်ပြီး အဆိုပါကုန်ပစ္စည်းများအနေဖြင့် ပိုမိုမြင့်မားသော သွင်းကုန်အခွန် (၄.၅%) နှင့် ရင်ဆိုင်ရလိမ့်ဖြစ်ကြောင်း ရုံးအနေဖြင့် အစောပိုင်းတည်းကပင် ပြောကြားခဲ့ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ)

Source:Bangk Post                  

Category: Thailand