Thailand

ထိုင်းအစိုးရအဖွဲ့မှ များပြားသော ငွေကြေးကူညီရန်သဘောတူ

Last Updated:

Covid-19 ၏ စီးပွားရေးအပေါ်သက်ရောက်မှုကြောင့် ထိခိုက်နစ်နာနေသော လယ်သမားအိမ်ထောင်စု (၁၀) သန်းအတွက် လာမည့် (၃) လအတွင်း တစ်လလျှင်ဘတ်ငွေ (၅,၀၀၀) စီ ထောက်ပံ့ကူညီပေးသွားမည်ဟု အစိုးရအဖွဲ့မှ ယမန်နေ့က အတည်ပြု ခဲ့ပါသည်။ အစိုးရပြောရေးဆိုခွင့်ရှိသူ နာရှုမွန် ပင်ရိုဆင်ဝပ်က ယခုထောက်ပံ့ငွေသည် ဘတ်ငွေ (၁၅၀) ဘီလီယံတန်ဖိုးရှိပြီး အစိုးရ ၏ Covid-19 စီးပွားရေးဆိုင်ရာ ကယ်ဆယ်ရေးအစီအစဉ်များအတွက် (၁) ထရီလီယံချေးငွေမှ ရရှိမှာဖြစ်ကြောင်း ပြောကြားခဲ့ ပါသည်။

Mr.Narumon ကပြောကြားရာတွင် ဘတ်ငွေ (၅,၀၀၀) အား လယ်ယာစိုက်ပျိုးရေးတိုးချဲ့မှုဉီးစီးဌာန၊ မွေးမြူရေးဉီးစီးဌာနနှင့် ငါးလုပ်ငန်းဉီးစီးဌာနတို့တွင် မှတ်ပုံတင်ထားကြသော မိသားစု (၈.၄၃) သန်းအား မေလမှ ဇူလိုင်လအထိ ရက်ပေါင်း (၃၀) လျှင် တစ်ကြိမ်အဖြစ် ဘတ်ငွေ (၅,၀၀၀) ထုတ်ပေးသွားမည်ဖြစ်ကြောင် းပြောကြားခဲ့ပါသည်။

သူမက အခြားသောလူဉီးရေ (၁.၅၇) သန်းရှိသေးကြောင်း ၊၎င်းတို့ အနေဖြင့်လည်း ထောက်ပံ့ငွေအား ရရှိမှာဖြစ်ကြောင်းထပ်မံအတည်ပြုပြောကြားခဲ့ပါသည်။ အစိုးရအဖွဲ့မှ အမျိုးသားစီးပွားရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးကောင်စီ၏ အဆိုပြုချက်အရ ဘတ်ငွေ (၅,၀၀၀) ကို မတ်လမှ ဇွန်လအထိ လူဉီး‌ရေ  (၁၄) သန်းမှနေ၍ လူဉီးရေ (၁၆) သန်းအထိ တိုးမြှင့်ပေးရန် အဆိုပြုချက်ကို အတည်ပြုပေးခဲ့ကြောင်း Ms.Narumon ကပြောကြားခဲ့ပါသည်။

၂၀၂၀ခုနှစ်ဘဏ္ဍာရေးနှစ် ဘတ်ဂျက်မှ ဘတ်ငွေ (၇၀) ဘီလီယံကယ်ဆယ်ရေးအစီအစဉ်ကို တိုးချဲ့ရန် စုစုပေါင်းဘတ်ငွေ (၂၄၀) ဘီလီယံလိုအပ်မည်ဖြစ်ပါသည်။ ဘတ်ငွေ (၁၇၀) ဘီလီယံမှာ ချေးငွေတစ်ဘတ်ထရီလီယံမှ ရရှိလုံလောက်စေမည်ဖြစ်ပါသည်။ ယခင်အပတ်က ပြည်သူ့ရေးရာ ကြွေးမြီစီမံခန့်ခွဲရေးဌာန၏ အကြီးအကဲ ပက်ထရစ်ရှာ မွန်ဟွန်ဗန်နစ်က အစိုးရသည် ပြည်တွင်း ဈေးကွက်မှ အနည်းဆုံး (၈၀%) ချေးယူမည်ဖြစ်ကြောင်း၊ နိုင်ငံတကာအေဂျင်စီများမှ ချေးငွေများကိုလည် းထည့်သွင်းစဉ်းစား လိမ့်မည်ဟု ပြောကြားခဲ့ပါသည်။ အစိုးရမှ ချေးငွေအတွက် အမိန့်ကိုလည်း ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။

စုစုပေါင်းပမာဏအနေဖြင့် ဘတ်ငွေ (၆၀၀) ဘီလီယံမှာ ကျန်းမာရေးနှင့်သက်ဆိုင်သည့် အစီအစဉ်များနှင့် ဘဏ္ဍာရေးဆိုင်ရာအထောက်အပံ့များအတွက် ဆောင်ရွက်သွားရန်ဖြစ်ပါသည်။ ၎င်းတွင် ဗိုင်းရပ်စ်ကြောင့် ထိခိုက်နစ်နာသူများဖြစ်သည့် ကိုယ်ပိုင် လုပ်ငန်းလုပ်ကိုင်သူများနှင့် အလုပ်ပြုတ်သူ (၁၆) သန်းအတွက် လစဉ်ဘတ်ငွေ (၅,၀၀၀) ထောက်ပံ့ပေးမည့်အစီအစဉ်လည်း ပါဝင်ပါသည်။

ကျန်ရှိသော ဘတ်ငွေ (၄၀၀) ဘီလီယံမှာ အလုပ်အကိုင်များဖန်တီးပေးခြင်း၊ ရပ်ရွာအခြေပြု အဖွဲ့အစည်းများအား ပိုမိုခိုင်မာအားကောင်းလာစေခြင်းနှင့် ပြည်တွင်းအခြေခံအဆောက်အဉီ တည်ဆောင်ရေးလုပ်ငန်းများဆောင်ရွက်ခြင်း စသည့်စီးပွားရေးနှင့် လူမှုပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းများအတွက် အသုံးပြုရန်ဖြစ်ပါသည်။

ဘဏ္ဍာရေးဝန်ကြီး ဉတ္တမ က လူဉီးရေ (၁၆) သန်းမှာ ပဏာမစစ်ဆေးမှုအပြီးတွင် စံသတ်မှတ်ချက်နှင့် ကိုက်ညီကြောင်းနှင့်လူဉီးရေ (၁၀.၆) သန်းမှာ အပြည့်အဝ အရည်အချင်းပြည့်မီကြောင်း ပြောကြားခဲ့ပါသည်။ ၎င်းက ဆက်လက်၍ လူဉီးရေ (၇.၅) သန်းမှာ ၎င်းတို့၏ ဝေစုများကို လက်ခံရရှိခဲ့ပြီးဖြစ်ကြောင်း၊ လူဉီးရေ (၄၈၀,၀၀၀) မှာ ယခုအပတ်တွင်ရရှိမည်ဖြစ်ကြောင်း ပြော ကြားခဲ့ပါသည်။

၎င်းက လာမည့်သီတင်းပတ်တွင် လူဉီးရေ (၂.၆) သန်းအနေဖြင့် နှစ်လစာငွေပေးချေမှုကို လက်ခံရရှိလိမ့်မည်ဟု ပြောကြားခဲ့ပါသည်။ ၎င်းက ဝန်ကြီးဌာနမှ တာဝန်ရှိသူများအနေဖြင့် လူမှုဖူလုံရေးဆိုင်ရာ စစ်ဆေးမှုများကို ခံယူပြီးနောက် အရည်အချင်းမပြည့်မီ၍ အယူခံဝင်ခဲ့ကြသည့်လူဉီးရေ (၃.၅) သန်း၏ အမှုများကို ကိုင်တွယ်ဖြေရှင်းနေကြောင်းပြောကြားခဲ့ပါသည်။

ထို့အပြင် ယမန်နေ့က အမျိုးသမီးတစ်ဉီးသည် ဌာန၏ ဂိတ်ဝင်ပေါက်တစ်ခု၏ရှေ့၌ လှဲကျခဲ့ရာ လူအများက ၎င်းကို သေဆုံးပြီဟုထင်မှတ်ကြပြီး ဌာနတွင် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပါသည်။ အဝတ်အထည်ရောင်းချသူ အသက် (၅၄) နှစ်ရှိ Wilai Chanpeng သည်သူမ၏ အယူခံမှုအတွက် ပထုန့်ဌာနီမှ ခရီးထွက်ခဲ့ခြင်းဖြစ်ပါသည်။ သူမအနေဖြင့် မတ်လ (၂၈) ရက်နေ့တွင် မှတ်ပုံတင်ခဲ့ပြီး သူမအား စီးပွားရေးလုပ်ငန်းရှင်အဖြစ် အသိအမှတ်ပြုခဲ့သော်လည်း ငြင်းပယ်ခြင်းခံခဲ့ရကြောင်း ဧပြီလ (၂၁) ရက်နေ့တွင် အယူခံဝင်ခဲ့ကြောင်း သူမကပြောကြားခဲ့ပါသည်။ သူမအနေဖြင့် အကဲဖြတ်ခံရန် စောင့်ဆိုင်းနေကြောင်း၊  ၎င်းအနေဖြင့် သူ့ကိုယ်သူတိုက်ခိုက်ရေးသမားတစ်ယောက်အဖြစ်ထင်မိကြောင်းနှင့် သူမအနေဖြင့် ကိုယ့်ဟာကိုယ်သတ်သေရန် မည်သည့်အခါမျှ မစဉ်းစားခဲ့ကြောင်း၊ သို့သော် သူမအနေဖြင့်ယခုအခါ မသေခြာတော့ကြောင်း သူမက ပြောကြားခဲ့ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ)

Source:Bangk Post                                                               

Category: Thailand