China(Nanning)

နန်နင်းတွင် တရုတ်တိုင်းရင်းဆေးထုတ်လုပ်သော လုပ်ငန်းအရေအတွက် အများဆုံးရှိလာ

Last Updated:

ကွမ်းရှီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် ရှေးယခင်ကတည်းက တရုတ်ရိုးရာတိုင်းရင်းဆေး ထုတ်လုပ်မှုလုပ်ငန်း၏ အရေးပါမှုအပေါ် အလေးထားလာခဲ့ပါသည်။ ကွမ်ရှီးစာရင်းအင်းအဖွဲ့၏ အချက်အလက်များအရ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင် ကွမ်ရှီးရှိ တရုတ်ရိုးရာတိုင်းရင်းဆေး ထုတ်လုပ်မှုလုပ်ငန်းကဏ္ဍ၌ လုပ်ငန်းအရွယ်အစား အဆင့်တစ်ခုအထက် လုပ်ငန်းပေါင်း (၁၀၉) ခု ရှိလာခဲ့ပြီး ၎င်းလုပ်ငန်းအဆင့်အထက် တိုင်းရင်းဆေးဝါးထုတ်လုပ်သော လုပ်ငန်းစုစုပေါင်း၏ ၇၃.၂% ပါဝင်ကြောင်း တွေ့ရှိရပါသည်။ ၎င်းပမာဏအရ ဒေသတစ်ခုလုံးတွင် နန်နင်း၌ အများဆုံး တည်ရှိကြောင်း တွေ့ရှိပါသည်။ 

       ကွမ်ရှီးဒေသတွင် တရုတ်တိုင်းရင်းဆေးကုန်ကြမ်းအမယ်ပေါင်း (၄၆၀၀) ကျော်ရှိသဖြင့် ထုတ်လုပ်မှုရင်းမြစ် ဒုတိယမြောက်အများဆုံးတည်ရှိသော နေရာဖြစ်သောကြောင့် တရုတ်တိုင်းရင်းဆေးထုတ်လုပ်သောလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ထူးခြားသော အကျိုးကျေးဇူးရှိသည့်နေရာဖြစ်ပါသည်။ ထို့ကြောင့် တရုတ်တိုင်းရင်းဆေးဝါး ထုတ်လုပ် သောလုပ်ငန်းများ ဖွံ့ဖြိုးလာရေးအတွက် ကွမ်ရှီးက တစိုက်မတ်မတ်ဆောင်ရွက်ခဲ့ဖြင်း ဖြစ်ပါသည်။

          အချက်အလက်များအရ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း ဆေးဝါးထုတ် လုပ်သောလုပ်ငန်းများ၏ ဝင်ငွေရရှိမှုမှာ ယွမ်ငွေ (၁၄.၅၇) ဘီလီယံရှိခဲ့ကာ ရိုးရာတိုင်းရင်းဆေး ထုတ်လုပ်သော လုပ်ငန်းများမှ ရရှိသောဝင်ငွေမှာ ယွမ်ငွေ (၁၀.၉၆) ဘီလီယံရှိခဲ့ကြောင်းနှင့် ယမန် နှစ်ကထက် ၄.၅ % တိုးတက်လာကြောင်း တွေ့ရှိပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: China(Nanning)