China(Nanning)

နန်နင်းဒေသတွင် ကဏ္ဍ(၄)ရပ်ရှိ လုပ်ငန်းများ အလျင်မြန်ဆုံး ဖွံ့ဖြိုးလာလျက်ရှိ

Last Updated:

          ကွမ်ရှီးကျွမ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ စာရင်းအင်းအဖွဲ့မှ ထုတ်ပြန်ချက်အရ တရုတ် (ကွမ်ရှိး) လွတ်လပ်သော ကုန်သွယ်ရေးစမ်းသပ်ဇုန်၏ နန်နင်းနယ်မြေ၊ ချင်းကျိုးဆိပ်ကမ်း နယ်မြေနှင့် ချုံးကျိုနယ်မြေတို့ရှိ စက်မှုကုန်ထုတ်ကဏ္ဍ၊ အရည်အသွေးမီ ဆောက်လုပ်ရေးကဏ္ဍ၊ လက်လီလက်ကား၊ ဟိုတယ်နှင့် အစားအသောက် စီမံပြင်ဆင်ပေးသောကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍများရှိ လုပ်ငန်းအရွယ်အစား အဆင့်တစ်ခုအထက်လုပ်ငန်းများမှာ ဖွံ့ဖြိုးမှုလျင်မြန်လာပြီး၊ နန်နင်းဒေသမှာ ဖွံ့ဖြိုးမှု အလျင်မြန်ဆုံးဖြစ်လာကြောင်း သိရပါသည်။

          ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင် နန်နင်းဒေသရှိ အထက်ဖော်ပြပါ ကဏ္ဍ (၄) ခုရှိ အရွယ်အစား ပမာဏတစ်ခုအထက် လုပ်ငန်းပေါင်း (၁၅၂) ခုရှိလာပြီး ယခင်နှစ်ကထက် လုပ်ငန်း (၄၃) ခု ပိုမို လာကာ (၃၉.၄) ရာခိုင်နှုန်း တိုးတက်လာခြင်းဖြစ်ပါသည်။ တရုတ်(ကွမ်ရှီး) လွတ်လပ်သော ကုန်သွယ်ရေးစမ်းသပ်ဇုန်၏ ကဏ္ဍ (၄) ရပ်ရှိ လုပ်ငန်းအရွယ်အစား အဆင့်တစ်ခုအထက် လုပ်ငန်းများ၏ အချိုးအစားမှာ (၂.၈) ရာခိုင်းနှုန်း တိုးတက်လာခြင်း ဖြစ်ပါသည်။

          ထို့ပြင် နန်နင်းဒေသသည် ခေတ်မီဘဏ်လုပ်ငန်း၊ စမတ်နည်းပညာသုံး ကုန်စည်ထောက်ပံ့ ပို့ဆောင်ရေးနှင့် ဒစ်ဂျစ်တယ်စီးပွားရေးစသည့် ခေတ်မီဝန်ဆောင်မှုများ ဖွံ့ဖြိုးတိုးတက်ရေးကို အထူးအလေးထား ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင် လုပ်ငန်း အရွယ်အစားအဆင့် တစ်ခုအထက် စက်မှုကုန်ထုတ်လုပ်ငန်း (၄၇) ခုရှိခဲ့ပြီး၊ ဇုန်၏ (၄၅.၂) ရာခိုင်နှုန်း ရှိခဲ့ကာ ယခင်နှစ်ကထက် လုပ်ငန်း (၅) ခု တိုးတက်လာခြင်းဖြစ်ပါသည်။  ဆော့ဖ်ဝဲလ် နှင့် သတင်းအချက်အလက်နည်းပညာ ဝန်ဆောင်မှုကဏ္ဍတွင် လုပ်ငန်း (၄) ခုရှိလာကာ ယခင်နှစ် ကထက် (၄) ခု ပိုမိုလာခြင်းဖြစ်ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: China(Nanning)