China(Nanning)

နိုင်ငံခြားကုန်သွယ်မှုအရည်အသွေး မြှင့်တင်သွားရန်ရှိသည့် တရုတ်နိုင်ငံ

Last Updated:

(၁၄) ကြိမ်မြောက် ငါးနှစ်စီမံကိန်း (၂၀၂၁-၂၀၂၅) ကာလအတွင်း နိုင်ငံခြားကုန်သွယ်မှုကို အရည်အသွေးမြှင့်တင်၍ အကောင်အထည်ဖော်ဆောင်သွားရန် နိုင်ငံတော် ကောင်စီက အတည်ပြုလိုက်ကြောင်း တရုတ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာလိုက်ပါသည်။

အဆိုပါစီမံကိန်းကို တရုတ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် အခြားဌာနများက အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး၊ လမ်းညွှန်ပေးမည့် အယူ အဆများ၊ အခြေခံမူများ၊ အဓိကရည်ရွယ်ချက်များ၊ လုပ်ငန်းတာဝန်များနှင့် ပံ့ပိုးပေးမည့် စီမံဆောင်ရွက်မှုများကို ဆက်လက်ချမှတ်သွားမည်ဟု သိရပါသည်။

စီမံကိန်း၌ နိုင်ငံခြားကုန်သွယ်ရေးတွင် တီထွင်ဆန်းသစ်မှုနှင့် အသွင်ပြောင်းလဲ ဖွံ့ဖြိုးဆောင်ရွက်မည့် ပုံစံတို့ကိုလည်းကောင်း၊ ကာဗွန်ထုတ်လွှတ်မှုနည်းပါးစေရန် အသွင်ပြောင်းလဲဆောင်ရွက်မှု၊ ဒစ်ဂျစ်တယ်အသွင်ပြောင်းလဲမှု၊ ထပ်မံ၍ တံခါးဖွင့်လှစ်ပေးမှုနှင့် ပိုမိုကောင်းမွန်သည့် ဆုံးရှုံးနိုင်ခြေထိန်းချုပ်ရေးတို့ကိုလည်းကောင်း အသားပေး၍ ဖော်ပြထားပါသည်။

အမျိုးအစား (၁၀) ရပ်အောက်တွင် အဓိကလုပ်ငန်းတာဝန် (၄၅) ခုတို့ကို စီမံကိန်း၌ ဖော်ပြထားပြီး၊ ၎င်းတို့တွင် ကုန်စည်ကုန်သွယ်မှုပုံစံ၊ ဝန်ဆောင်မှုကုန်သွယ်ရေး တီထွင်ဆန်းသစ်မှု၊ နိုင်ငံခြားကုန်သွယ်ရေးပုံစံအသစ်များ၊ ပိုမိုကောင်းမွန်သည့် ဆုံးရှုံးနိုင် ခြေ ထိန်းချုပ်ရေးစနစ်တို့လည်း ပါဝင်ပါသည်။

ယခုနှစ်ပထမ (၉) လအတွင်း တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်ရေးသည် ယခင်နှစ်ကထက် (၂၂.၇) ရာခိုင်နှုန်းတိုးတက်လာကာ ယွမ်ငွေ (၂၈.၃၃) ထရီလီယံ (အမေရိကန်ဒေါ်လာ ၄.၄၃ ထရီလီယံခန့်) ရှိခဲ့ပြီး၊ ဈေးကွက်မျှော်မှန်းချက်ထက် သာလွန်ခဲ့သည်ဟု သိရပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

ရင်းမြစ်၊ Xinhua (၂၄-၁၁-၂၀၂၁)

Category: China(Nanning)