Japan

နိုင်ငံတကာ လေကြောင်းခရီးစဉ်များအား ဂျပန်လေကြောင်းလိုင်းများက ပိုမိုလျှော့ချရန် ပြင်ဆင်နေ

Last Updated:

ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကမ္ဘာတစ်ဝန်းလုံးအတွက် ခရီးသွားလာမှုများနှင့် ပတ်သက်၍ မတ်လ ၂၅ ရက်နေ့က သတိပေးချက်ထုတ်ပြန်ခဲ့ပြီးနောက် ဂျပန်နိုင်ငံမှ နိုင်ငံတကာလေကြောင်းလိုင်းများသည်  ၎င်းတို့၏ လေကြောင်းခရီးစဉ်များကို ရပ်ဆိုင် ခြင်းနှင့် လျှော့ချခြင်းစသည်တို့ ပိုမိုတိုးမြှင့် လုပ်ဆောင်ရန် ဆောင်ရွက်လာကြပါသည်။

ဂျပန်ပြည်သူများအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားနေသည့်အတွက် မဖြစ်မနေ သွားရောက်ရမည့် နိုင်ငံခြားခရီးစဉ်များမှအပ  သွားလာခြင်းမပြုရန် တိုက်တွန်းခဲ့ပါသည်။ ဂျပန်လေကြောင်းလိုင်းများသည် တရုတ်၊ တောင်ကိုရီးယား၊ ဥရောပနှင့် အမေရိကန် ပြည်ထောင်စု အပါအဝင် နိုင်ငံတကာ ခရီးစဉ်အများအပြားကို ရပ်ဆိုင်း/ လျော့ချထားပြီး ဖြစ်ပါသည်။

Japan Airlines (JAL) က မူလ စီစဉ်ထားသည့် နိုင်ငံတကာ ခရီးစဉ်များ၏ ၇၁ % အထိ လျှော့ချထားပြီးဖြစ်ကာ All Nippon Airways (ANA) က ၎င်း၏ နိုင်ငံခြားခရီးဝန်ဆောင်မှုများကို ၆၅ရာခိုင်နှုန်းအထိ လျှော့ချထားပြီး ဖြစ်ကြောင်း သိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဂျပန်နိုင်ငံ)

 

 

Category: Japan