China (HongKong)

နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့၏ အကဲဖြတ်အဆင့်နိမ့်ကျသော်လည်း ဟောင်ကောင်ဒေသ၏ စီးပွားရေးမှာ ပိုမိုကောင်းမွန်လာနိုင်ကြောင်း စီးပွားကူးသန်းဝန်ကြီးက ပြောကြားခြင်း

Last Updated:

နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (International Monetary Fund-IMF) ၏ အကဲဖြတ် အဆင့်တွင် ဟောင်ကောင်၏ဂျီဒီပီမှာ ယခင်နှစ်ထက် (၄.၈) ရာခိုင်နှုန်း ကျဆင်းနိုင်ပြီး အဆင့်မှာ နှစ်ပေါင်း (၂၀) အတွင်း စီးပွားရေးမှာ အနိမ့်ဆုံး ဖြစ်သွားနိုင်ကြောင်း ခန့်မှန်းထားသော်လည်း ဟောင်ကောင်ဒေသ၏စီးပွားရေးမှာ အနည်းငယ် ပိုမိုကောင်းမွန်လာကြောင်း၊ Covid-19 ဖြစ်ပွား မှုကြောင့် ဟောင်ကောင်အပါအဝင် ကမ္ဘာ့နိုင်ငံများ၏ စီးပွားရေးကျဆင်းမည်ဟု ကမ္ဘာအဖွဲ့အစည်းများမှ ခန့်မှန်းထားရှိကြောင်း၊ အသွားအလာကန့်သတ်တားမြစ်ထားသော မြို့များရှိပြီး လုပ်ငန်းကဏ္ဍများအားလုံးတွင် ပြင်းထန်စွာ ရိုက်ခတ်မှုများရှိနေကြောင်း၊ မိမိတို့အနေဖြင့် ကမ္ဘာ့ကပ်‌ရောဂါ Covid-19 အားထိန်းချုပ်နိုင်ရန်နှင့် စီးပွားရေးလုပ်ငန်းများကို ဆက်လက်ထိန်းသိမ်း ထားနိုင်ရန် အစရှိသည့် အခက်အခဲ (၂) ခုကို ရင်ဆိုင်နေရပြီး ဒုတိယအခက်အခဲကို မကျော်လွှား နိုင်ခင် ပထမအခက်အခဲကို အောင်မြင်စွာ ဖြတ်ကျေိာ်ရမည်ဖြစ်ကြောင်း၊ Covid-19 ကြောင့် ဟောင်ကောင်ဒေသ၏ စီးပွားရေးကို များစွာထိခိုက်လျက်ရှိရာ ဟောင်ကောင်ဒေသ၏ စီးပွားရေး မဏ္ဍိုင်များထဲမှ တစ်ခုဖြစ်သည့် ခရီးသွားလုပ်ငန်းမှာ (၉၉) ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကြောင်း၊ ဟောင်ကောင်ဒေသ၏ စီးပွားရေးမှာ ၂၀၂၀ ပြည့်နှစ်တွင် (၁.၅) ရာခိုင်နှုန်း လျော့ကျနိုင်သည်ဟု ခန့်မှန်းထားခဲ့သော်လည်း ၂၀၂၀ ပြည့်နှစ်၊ ဖေဖေါ်ဝါရီလတွင် IMF က (၄.၈) ရာခိုင်နှုန်း လျော့ကျ နိုင်သည်ဟုခန့်မှန်းခဲ့ရာ ၁၉၉၈ ခုနှစ် အာရှဒေသ ငွေကြေးအကျပ်အတည်း ဖြစ်ပွားပြီးနောက် အဆိုးရွားဆုံးဖြစ်ကြောင်း၊  သို့သော် အခြားဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများဖြစ်သည့် အမေရိကန်၊ ဗြိတိန်၊ ဂျာမနီနှင့် ဂျပန်နိုင်ငံတို့တွင် ယခင်နှစ်နှင့်နှိုင်းယှဉ်လျှင် ဂျီဒီပီ (၅) ရာခိုင်နှုန်း လျော့ကျနိုင် ကြောင်း IMF က ခန့်မှန်းထားရှိရာ ဟောင်ကောင်ဒေသ၏ စီးပွားရေးမှာ အဆိုပါဖွံ့ဖြိုးပြီးနိုင်ငံများထက် ပိုမိုကောင်းမွန်နိုင်ကြောင်း၊ ဟောင်ကောင်၏ အဓိကကုန်သွယ်ဖက်ဖြစ်သည့် တရုတ် ပြည်မကြီး၏ စီးပွားရေးမှာ ၂၀၂၀ ပြည့်နှစ်တွင် (၁.၂) ရာခိုင်နှုန်း မြင့်တက်နိုင်သည်ဟု ခန့်မှန်း ထားကြောင်း၊ Covid-19 ဖြစ်ပွားမှုကြောင့် သက်ရောက်မှုများ ခံနေရသည့် အကြောင်းအရာများ အပေါ်မူတည်၍ ငွေကြေးဈေးကွက်၊ ငွေကြေးမူဝါဒ၊ အထောက်အပံ့ပေးမှုများအစရှိသည့် ဆောင်ရွက်မှုများအပေါ် မူတည်၍ ၂၀၂၁ ခုနှစ်တွင် စီးပွားရေးမှာ အနည်းငယ်ပြန်လည်ကောင်းမွန်လာနိုင်ကြောင်း၊ ကမ္ဘာတစ်ဝန်းတွင် ခရီးသွားလာမှုများ ကန့်သတ်တားမြစ်ထားသော ကြောင့် ခရီးသွားလုပ်ငန်းမှာ လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာနိုင်ခြင်း မရှိကြောင်း၊ ဟောင်ကောင်ဒေသတွင် Covid-19 ကြောင့် ပြင်းထန်စွာ ရိုက်ခတ်မှုခံနေရသည့် စီးပွားရေးကဏ္ဍ (၁၆) ခုအတွက် ထောက်ပံ့ပေးနိုင်ရန် အလုပ်သမား (၁.၅) မီလီယံ၏ လစာ (၅၀) ရာခိုင်နှုန်းကို (၆) လစာပံ့ပိုးပေးရန် အစိုးရမှ စီစဉ်လျက်ရှိကြောင်း၊ ပထမအကြိမ်အဖြစ် ဟောင်ကောင်ဒေါ်လာ (၃၀) ဘီလီယံ ပံ့ပိုးမှုပေးခဲ့သော်လည်း ကာလတို သဘောတူညီမှုဖြင့် နေ့စား/ အချိန်ပိုင်းဖြင့် လုပ်ကိုင်သည့် အလုပ်သမားများမှာ အလုပ်မှထွက်ခဲ့ရကြောင်း၊ ပင်စင်ခံစားခွင့်မရှိသည့် ပြင်ပအလုပ်သမားများနေဖြင့် ထောက်ပံ့ငွေလစာဟောင်ကောင်ဒေါ်လာ (၇,၅၀၀) ရရှိရန် လူမှုဖူလုံရေး ထောက်ပံ့စရိတ် လျှောက်ထားနိုင်ကြောင်းနှင့် အမြဲတမ်း နေထိုင်သည့် အရွယ်ရောက်ပြီးသူများအား ဟောင်ကောင် ဒေါ်လာ (၁၀,၀၀၀) ထောက်ပံ့ ပေးမည်ဖြစ်ကြောင်း ၂၀၂၀ ပြည့်နှစ်၊ ဖေဖေါ်ဝါရီလက အစိုးရမှ ကြေညာခဲ့ကြောင်း၊ ဟောင်ကောင်ဒေသ၏ အနာဂတ်စီးပွားရေး အတွက် ကြိုတင်ပြင်ဆင်ရန် အွန်လိုင်းစနစ်ဖြင့် ပြောင်းလဲဆောင်ရွက်ရန် စီးပွားရေးလုပ်ငန်းများအား ပြောကြားခဲ့ကြောင်း၊ ဒေသအစိုးရမှ SMEs လုပ်ငန်းများအား အတိုးနှုန်းသက်သာစွာဖြင့် ဟောင်ကောင်ဒေါ်လာ (၁၂၃) ဘီလီယံ ချေးပေးမည်ဖြစ်ရာ အဆိုပါ ခေျးငွေအစီအစဉ်အား ကောင်းမွန်စွာအသုံးချရန် ကုမ္ပဏီများအား ဟောင်ကောင်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီး Mr. Edward Yau မှ တိုက်တွန်းပြောကြားခဲ့ကြောင်း ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၁၆ ရက် နေ့ထုတ် South China Morning Post  သတင်းစာ၌ Denise Tssang က “Hong Kong economy better off than most despite IMF downgrade, says commerce minister” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

(မြန်မာနိုင်ငံစီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: China (HongKong)