China(Nanning)

နိုင်ငံတော်အဆင့် နှစ်ပတ်လည်ပွဲကြီး(၂)ရပ်ကျင်းပခဲ့သည့် တရုတ်နိုင်ငံ

Last Updated:

တရုတ်နိုင်ငံ၊ ဘေကျင်းမြို့တော်တွင် မေလ (၂၁) ရက်နေ့က နိုင်ငံတော်အဆင့် အကြီးဆုံးနိုင်ငံရေးဆိုင်ရာ နှစ်ပတ်လည်ပွဲကြီး (၂) ရပ်ကို ကျင်းပခဲ့သောကြောင့် တစ်ကမ္ဘာလုံးမှ အာရုံစိုက်ခြင်းခံလာရပြီး၊ ကျွမ်းကျင်သူများက COVID-19 ကပ်ရောဂါ ဖြစ်ပွား နေချိန်ဝယ် တရုတ်နိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးမှုအနေအထား၏ ဉီးတည်ရာကို ညွှန်ပြလိုက်ခြင်းဖြစ်ကြောင်း၊ တောက်ပခြင်းမရှိသည့် ကမ္ဘာ့စီးပွားရေးအတွင်း ယုံကြည်မှုထည့်ပေးလိုက်ခြင်းဖြစ်ကြောင်း သုံးသပ်လာကြပါသည်။

တရုတ်နိုင်ငံ၏ အမြင့်ဆုံး ဉပဒေပြုကွန်ဂရက်ဖြစ်သည့် National People’s Congress နှင့် Chinese People’s Political Consultative Conference ၏  အမျိုးသားအဆင့်ကော်မတီတို့၏  နှစ်ပတ်လည်အစည်းအဝေးများဖွင့်ပွဲအား ယခင်က မတ်လဆန်း ပိုင်းတွင် ကျင်းပရန် စီစဉ်ထားခဲ့သော်လည်း ကိုရိုနာကပ်ရောဂါဖြစ်ပွားမှုကြောင့် ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်ပါသည်။

ယခုကဲ့သို့ နှစ်ပတ်လည်အစည်းအဝေးများ စတင်ကျင်းပလိုက်ခြင်းက ကိုရိုနာကပ်ရောဂါအား တိုက်ဖျက်ရာတွင် တရုတ်နိုင်ငံ၏ အဓိကမဟာဗျူဟာကျ အောင်မြင်မှုများပြုလုပ်နိုင်ခဲ့မှု၊ ကပ်ရောဂါထိန်းချုပ်ရေးတွင် ပူးပေါင်းဆောင်ရွက်ရန် အားထုတ်ကြိုး ပမ်းမှုများနှင့်  လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုများကို ပြသနေကြောင်း တရုတ်လူမှုသိပ္ပံအကယ်ဒမီ၏ ကမ္ဘာ့စီးပွားရေးနှင့် နိုင်ငံရေးကျောင်းမှ ထိပ်တန်းသုတေသီတစ်ဉီးဖြစ်သူ Xu Xiujunက China Dailyသို့ ဖြေကြားခဲ့ပါသည်။

 

ဤကဲ့သို့ကျင်းပခြင်းမှာ ကပ်ရောဂါအားကျော်လွှားသွားနိုင်ပြီး၊ စီးပွားရေးပြန်လည်ဉီးမော့လာမည်ဟု တရုတ်နိုင်ငံ၏ ခိုင်မာသော ဖြေရှင်းမှုနှင့် ယုံကြည်မှုတို့ကို အပြည်ပြည်ဆိုင်ရာ အသိုက်အဝန်းသို့ ပြသလိုက်ခြင်းလည်းဖြစ်ပါသည်။ ဤနှစ်ပတ်လည် အစည်းအဝေးနှစ်ရပ်သို့ နိုင်ငံတဝှမ်းမှ ဉပဒေပြုသူပေါင်း (၃၀၀၀) ခန့် တက်ရော်ခဲ့ကြကာ အစိုးရလုပ်ငန်းအစီရင်ခံစာနှင့် နိုင်ငံတော်အဆင့် ဘတ်ဂျက်တို့ အပါအဝင် အဓိကလုပ်ငန်းအချို့အပေါ် ဆွေးနွေးခြင်းနှင့် အတည်ပြုခြင်းများ ပြုလုပ်ခဲ့ကြပါသည်။

ထို့ပြင် တရုတ်နိုင်ငံသည် ၎င်း၏ ပြည်တွင်း၌ ကပ်ရောဂါအား ထိန်းချုပ်နိုင်ပြီဖြစ်ကာ စီးပွားရေးပြန်လည်နာလန်ထူလာရန် ထိန်းထားနိုင်ပြီဖြစ်ပါသည်။ သို့ရာတွင် ၎င်း၏ အဓိကစီးပွားဖက်နိုင်ငံများဖြစ်သည့် အမေရိကနှင့် ဉရောပတို့တွင် ကပ်ရောဂါ၏ သက်ရောက်မှုများကြောင့် မသေချာမရေရာမှုများဖြစ်နေသေးသဖြင့် ရှုပ်ထွေးပြီး ပြောင်းလဲနေသော နိုင်ငံတကာမှ အခြေအနေများအား တန်ပြန်ဆောင်ရွက်ရန် အမျိုးသားကျန်းမာရေးလုံခြုံစိတ်ချရမှုအား မည်ကဲ့သို့ တိုးတက်ဆောင်ရွက်စေသင့်သည် ဟူသည့်အပေါ်တွင်လည်း အလေးထားဆွေးနွေးခဲ့ကြကာ ယခုနှစ်၏ စီးပွားရေးနှင့် လူမှှုရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဉီးစားပေးလုပ်ငန်းများ၊ ရည်မှန်းချက်များနှင့် တာဝန်များချမှတ်ခဲ့ကြပါသည်။

ကပ်ရောဂါဖြစ်ပွားမှုကြောင့် ယခုနှစ် ပထမသုံးလပတ်အတွင်း တရုတ်နိုင်ငံ၏ စီးပွားရေးမှာ ယခင်နှစ်များကထက် (၆.၈) ရာခိုင်နှုန်းကျုံ့သွားခဲ့ပါသည်။ တန်ဖိုးမြှင့်ကုန် ထုတ်လုပ်မှုလုပ်ငန်းများမှာ ဇန်နဝါရီနှင့် ဖေဖော်ဝါရီလများအတွင်း (၁၃.၅) ရာခိုင်နှုန်း နှင့် မတ်လအတွင်း (၁.၁) ရာခိုင်နှုန်း အသီးသီးကျဆင်းခဲ့သော်လည်း ဧပြီလအတွင်း၌ (၃.၉) ရာခိုင်နှုန်း ပြန်လည်တက်လာခဲ့ကြောင်း တရုတ်အမျိုးသားစာရင်းအင်းဗျူရို၏ စာရင်းများအရ သိရပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

ရင်းမြစ်၊ China Daily  (၂၀-၅-၂၀၂၀)

Category: China(Nanning)