China(Nanning)

နိုဝင်ဘာလ (၁) ရက်နေ့တွင် တရုတ်နိုင်ငံတစ်ဝှမ်း သတ္တမအကြိမ်မြောက် လူဉီးရေသန်းကောင်စာရင်း ကောက်ယူမည်ဖြစ်

Last Updated:

တရုတ်နိုင်ငံ၏ သတ္တမအကြိမ် လူဉီးရေသန်းကောင်စာရင်း ကောက်ယူမှုအား နိုဝင်ဘာလ (၁) ရက်နေ့မှ စတင်မည်ဖြစ်ပြီး မှတ်ပုံတင်လုပ်ငန်းအတွက် အိမ်များသို့ ဝန်ထမ်း (၇) သန်းခန့် စေလွှတ်မည်ဖြစ်ကြောင်း သိရပါသည်။

ပုဂ္ဂိုလ်ရေးရာနှင့် မိသားစုအချက်အလက်များကို ကြေငြာရန် ဆဲလ်ဖုန်းများကဲ့သို့သော မိုဘိုင်းလ်အထောက်အကူများကို အသုံးပြုရန် နေထိုင်သူများအား အားပေး သွားမည်ဖြစ်ပါသည်။

ယခုသန်းကောင်စာရင်းက တရုတ်နိုင်ငံသားများ၏ အမည်၊ သက်သေခံနံပတ် (ID number)၊ ကျား/မ၊ အိမ်ထောင်ရေးအခြေအနေ၊ ပညာရေး၊ အသက်မွေး ဝမ်းကျောင်းမှု နှင့် အခြားအချက်အလက်များကို ကောက်ယူသွားမည်ဖြစ်ပါသည်။

တရုတ်နိုင်ငံတွင် နိုင်ငံအဝှမ်း လူဉီးရေသန်းကောင်စာရင်း ကောက်ယူမှုအား (၁၀) နှစ်လျှင်တစ်ကြိမ်ပြုလုပ်ပြီး၊  နောက်ဆုံးအကြိမ်ပြုလုပ်ခဲ့စဉ်က ၎င်း၏ လူဉီးရေ (၁.၃၇) ဘီလီယံအထိ တိုးပွားလာကြောင်းတွေ့ရှိခဲ့ကာ ကမ္ဘာ့လူဉီးရေအများဆုံးနိုင်ငံ ဖြစ်လာခဲ့ပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

ရင်းမြစ်၊ Xinhua (၂၀-၉-၂၀၂၀)

Category: China(Nanning)