China(Nanning)

နွေဦးရာသီပွဲတော်ကာလအတွင်း တရုတ်မြို့ငယ်များတွင် သွင်းကုန်ပစ္စည်းများရောင်ချမှုကို ပိုမို မြှင့်တင်နိုင်မည်

Last Updated:

         ယခုနှစ် ဇန်နဝါရီလ (၂၅) ရက်နေ့တွင် ကျရောက်မည့် တရုတ်နွေဦးရာသီပွဲတော်ကာလ အတွင်း မြို့ပြနှင့် အလှမ်းဝေးသည့် မြို့ငယ်များမှာ တရုတ်စားသုံးသးများအတွက် ဘယ်လ်ဂျီယံမှ ဘီယာ၊ ထိုင်းမှ ဆန်၊ အမေရိကန်မှ ပန်းသီး၊ နယူးဇီလန်မှ ကီဝီသီး၊ အမဲသားနှင့် နွားနို့၊ နော်ဝေမှ ဆာလ်မွန်ငါး၊ ကနေဒါ အာတိတ်ဒေသမှ ပုစွန်နှင့်ချီလီမှ ချယ်ရီသီးများစသည့် တို့မှာ ဈေးဝယ်ရန် စာရင်းတွင် ထည့်ထားကြသည့်များအနက် တစိတ်တပိုင်းဖြစ်ကြပါသည်။

တရုတ်၏ နွေဦးရာသီပွဲတော်ကာလတွင် မိသားစုများ ပြန်လည်စုဝေးကြရုံသာမက ဆွေမျိုးမိတ်ဆွေသူငယ်ချင်းများသို့လည်း လက်ဆောင်များပေးလေ့ရှိကြပါသည်။

          ယခုအခါ တရုတ်ပြည်သူများ၏ ဝင်ငွေမြင့်မားလာသောကြောင့် ပြည်ပမှ တင်သွင်းသော ကုန်ပစ္စည်းများမှာ ပထမနှင့် ဒုတိယတန်း မြို့တော်ကြီးများ၌သာမက တတိယမှ ပဉ္စမတန်း မြို့များအထိ စတိုးဆိုင်များနှင့် အွန်လိုင်းမှ ရောင်းချသောနေရာများမှတဆင့် ပျံနှံ့ရောက်ရှိသွားပြီ ဖြစ်ပါသည်။ သစ်သီးဝလံ၊ နို့၊ သကြားလုံးများနှင့် ချောကလက်များမှာ မြို့ငယ်များမှ ဝယ်လိုအား မြင့်မားသောကုန်ပစ္စည်းများ ဖြစ်ကြပါသည်။

          ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ (၂၈) ရက်နေ့မှ ဇန်နဝါရီလ (၅) ရက်နေ့ကြားကာလ၌ နွေဦး ရာသီပွဲတော် ဈေးရောင်းပွဲပြုလုပ်ခဲ့ရာ တတိယတန်းနှင့် အောက်အဆင့်မြို့များမှ စုစုပေါင်း ဝယ်ယူမှုမှာ ယခင်နှစ်ကထက် (၅.၆) ဆတိုးတက်လာခဲ့ပါသည်။ ပြည်ပမှ သွင်းကုန်တင်သွင်းမှုမှာ ယခင်နှစ်ကထက် (၉.၈) ဆပိုမိုလာခဲ့သည်ကို တွေ့ရပါသည်။

          ဖူးကျန့်ပြည်နယ်ရှိ Putiani ကျင်းစုပြည်နယ်ရှိ Jiangyini  ကွမ်တုန်းပြည်နယ်ရှိ Zhuhai  မြို့များအပါအဝင် မြို့ကြီးနှင့် ပိုမိုဝေးလံသော မြို့ငယ်အချို့တို့၌ ရောင်းချရမှုပမာဏမှာ ယမန်နှစ် ကထက် နှစ်ဆပိုမိုခဲ့ပါသည်။ တတိယတန်းနှင့်အောက် မြို့ငယ်များတွင် နွားနို့၊ နူးညံ့သောတစ်ရှူး စက္ကူနှင့် အခန်းအပူချိန်တွင်ထားရှိနိုင်သော ဒိန်ချဉ်များရောင်းချရမှုမှာ ထိပ်တန်းအဆင့် (၃) ဆင့် တွင်ရှိပါသည်။

          ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်း ပြည်ပမှတင်သွင်းသည့် သစ်သီးဝလံများ စားသုံးမှုမှာ ယခင်နှစ်ကထက် (၂.၂) ဆမြင့်တက်ခဲ့ပါသည်။ တင်သွင်းသည့် သစ်သီးဝလံများအနက် ငှက်ပျော သီး၊ ချီလီချယ်ရီသီးနှင့် တောကြက်မောက်သီးတို့မှာ အရောင်းရဆုံးဖြစ်ပါသည်။

          နွေဦးရာသီပွဲတော် ပိုမိုနီးကပ်လာချိန်တွင် သွင်းကုန်ပစ္စည်းများ ရောင်းချမှုမှာ ယမန်နှစ် ကထက် (၂.၃) ဆတိုးတက်ပြီး နို့မှုန်၊ အစေ့အဆန်နှင့် အဝတ်လျှော်ဆပ်ပြာမှုန့်များ ရောင်းချမှုမှာ (၃) ဆ အထက် ပိုမိုများပြားမည်ဟု ခန့်မှန်းထားပါသည်။ ထို့ပြင် သွားရည်စာအစားအစာများနှင့် ဘီစကစ်များ၊ အရက်များမှာလည်း ရောင်းအားကောင်းလေ့ရှိပါသည်။

          Amazon ဝက်ဘ်ဆိုဒ်က ၎င်း၏ အွန်လိုင်းအထူးဈေးပွဲတော်ကို ဇန်နဝါရီလ (၁၃) ရက်နေ့မှ စတင်ခဲ့ပါသည်။  Walmart China ကလည်း ၎င်း၏ စတိုးဆိုင်ပေါင်း (၄၀၀) ကျော်နှင့် အွန်လိုင်းဖြန့်ချိရေးလမ်းကြောင်းများမှ Lunar New Year Stree အရောင်မြှင့်တင်ရေးပွဲကို ကျင်းပနေပြီဖြစ်ပါသည်။ များသောအားဖြင့် နွေရာသီပွဲတော် ရောင်းချမှုတန်ဖိုး၏ (၆၆) ရာခိုင်နှုန်း မှာ တန်ဖိုးကြီးနှင့်တန်ဖိုးအလယ်အလတ်ရှိသော အရက်ယမကာများဖြစ်ပြီး၊ ငါးအရှင်၊ ကဏန်း၊ ပုဇွန်နှင့် အခြားပြည်ပမှ တင်သွင်းသည့် ပင်လယ်စာများရောင်းချမှုမှာလည်း ယမန်နှစ်ကထက် (၅၀) ရာခိုင်နှုန်း တိုးတက်လာပါသည်။

          ယခုအခါ e-Commerce ထိုးဖောက်ဝင်ရောက်မှုကြောင့် မြို့ငယ်များမှ စားသုံးသူများမှာ နိုင်ငံတကာမှ ကုန်စည်အမျိုးမျိုးကို ရွေးချယ်ဝယ်ယူနိုင်ကြပြီ ဖြစ်ပါသည်။ တရုတ်နိုင်ငံတွင် ပထမနှင့် ဒုတိယတန်းမြို့ကြီးများတွင် နေထိုင်သူဦးရေမှာ (၄၂၇) သန်းသာရှိပြီး၊ တတိယတန်းနှင့် အောက် မြို့ငယ်များတွင် မှီတင်းနေထိုင်သူဦးရေ (၉၅၃) သန်းကျော်ရှိသဖြင့် ၎င်းမြို့ငယ်များတွင် နေထိုင်သူများမှာ နွေဦးရာသီဈေးရောင်းပွဲတော်များအတွက် သွင်းကုန်ပစ္စည်းများကို ဝယ်ယူကြ မည့် ဖောက်သည်အသစ်များ ဖြစ်လာပါသည်။

          သွင်းကုန်ပစ္စည်းများနည်းတူ တရုတ်ကုန်အမှတ်တံဆိပ်ဖြင့် ထုတ်လုပ်ထားသော ပစ္စည်း များမှာလည်း လူကြိုက်များကြပါသည်။ နောက်နှစ်အတွက် တရုတ်ပြက္ခဒိန်၏ ကိုယ်စားပြုအရုပ် ဖြစ်သည့် ကြွက်ရုပ်ပါဝင်သည့် ပစ္စည်းများကိုလည်း လူကြိုက်များပါသည်။

          မြို့ငယ်များတွင် နေထိုင်သူများ၏ ဝယ်ယူမှုပမာဏမှာ ၂၀၁၇ ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၂.၃) ထရီလီယံရှိခဲ့ပြီး၊ ၂၀၃၀ ပြည့်နှစ်တွင် အမေရိကန်ဒေါ်လာ(၆.၉) ထရီလီယံ ရှိလာမည်ဖြစ် ကြောင်း၊ ၎င်းအချိန်ကာလတွင် တရုတ်နိုင်ငံတစ်ခုလုံး၏ ပုဂ္ဂိလိကစားသုံးမှုဈေးကွက်မှာ အမေရိကန်ဒေါ်လာ (၁၁.၈) ထရီလီယံ ရှိလာမည်ဟု တရုတ်စီးပွားရေးသုတေသီ Robin Xing ကခန့်မှန်းထားပါသည်။

          တရုတ်နိုင်ငံ၏ တတိယတန်းနှင့် အောက်မြို့များနှင့် ကျေးလကဒေသတွင် နေထိုင်သူဦးရေ မှာ စုစုပေါင်း လူဦးရေ၏ (၇၀) ရာခိုင်နှုန်းရှိပြီး၊ ၂၀၁၉ ခုနှစ် ပထမကိုးလအတွင်း ၎င်းနေထိုင်သူများ၏ ဝင်ငွေတိုးတက်မှုမှာ မြိုပြထက် ပိုမိုမြင့်မားခဲ့ကြောင်းသိရှိရပါသည်။

          တရုတ်နိုင်ငံတွင် ၂၀၂၀ ပြည့်နှစ် နွေဦးရာသီပွဲတော်ကို ဇန်နဝါရီလ (၂၄) ရက်နေ့မှ စတင်ကျင်းပသွားမည်ဖြစ်ပါသည်။

 

 

ရင်းမြစ်၊ China Daily

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့

 

Category: China(Nanning)