China (HongKong)

နှစ်နိုင်ငံဆက်ဆံရေး အဆင်မပြေမှုကြောင့် ပြည်ပမှ နို့ထွက်ပစ္စည်းများ ရောင်းချမှုများ လျော့ကျလာခြင်း

Last Updated:

တရုတ်နိုင်ငံနှင့် ဩစတြေးလျနိုင်ငံတို့အကြား နှစ်နိုင်ငံဆက်ဆံမှု အဆင်မပြေမှုကြောင့် COVID-19 ကာလအတွင်း ပြည်ပနိုင်ငံများမှ နွားနို့ထုတ်လုပ်သူများ၏ ရောင်းချရမှုမှာ တရုတ်နိုင်ငံ၌ ကျဆင်းခဲ့ကြောင်း၊၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလမှ ဩဂုတ်လအတွင်း တရုတ်နိုင်ငံ၌နိုင်ငံခြား ကုန်အမှတ်တံဆိပ်နွားနို့များ ရောင်းချမှုလျော့ကျလျှက် ရှိကြောင်း၊ အွန်လိုင်းမှ ရောင်းချမှု ရှယ်ယာများမှာ ၂၀၁၆ ခုနှစ်တွင် (၅၂) ရာခိုင်နှုန်းနှင့် ၂၀၁၉ ခုနှစ်တွင် (၃၅) ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ COVID-19 ကာလအတွင်း တရုတ်နိုင်ငံတွင် နွားနို့သောက်သုံးမှု မြင့်တက်ခဲ့ သော်လည်း နိုင်ငံခြားကုန်အမှတ်တံဆိပ်နွားနို့များရောင်းချမှုလျော့ကျလျှက်ရှိကြောင်း၊ ဩစတြေးလျနိုင်ငံမှ နွားနို့ များ တင်သွင်းမှာ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လအတွင်း (၂၀) ရာခိုင်နှုန်းလျော့ကျခဲ့ကြောင်း၊ ဩစတြေးလျ နိုင်ငံမှအမဲသားနှင့် ဝိုင်များတင်သွင်းလာသည့် သင်္ဘောအား စစ်ဆေးမှုများပြုလုပ်ရန် တရုတ်နိုင်ငံ ဆိပ်ကမ်းတွင် စောင့်ဆိုင်းထားခိုင်းမှုများရှိခဲ့ကြောင်း၊ တရုတ်ကုမ္ပဏီဖြစ်သည့်  Mengniu Dairy အား ဩစတြေးလျနိုင်ငံ အစိုးရမှ နို့ထွက်ပစ္စည်းကုန်အမှတ်တံဆိပ် တစ်ချို့ဝယ်ယူမှုအား တားဆီး ပိတ်ပင်ခဲ့ကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေး အဆင်မပြေမှုကြောင့် နွားနို့၊ ဝိုင်နှင့် အမဲသားအစရှိသည့် အစားအစာကဏ္ဍရောင်းချမှုအပေါ် ထိခိုက်လျှက် ရှိကြောင်း၊  ၂၀၁၈ ခုနှစ်အတွင်း တရုတ်နိုင်ငံ၏ နွားနို့တင်သွင်းမှုမှာ (၁၅) ရာခိုင်နှုန်း၊ တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ (၁၀.၆၅) ဘီလီယံ မြင့်တက်ခဲ့ပြီး၊ နို့မှုန့်တင်သွင်းမှု (၇၀) ရာခိုင်နှုန်းရှိခဲ့ကြောင်း၊  ကမ္ဘာ့ကပ်ရောဂါ COVID-19 ကာလအတွင်း ပြည်သူများကျန်းမာကြံ့ခိုင်စေရန် အသိပညာပေးပြောကြားမှုများ အရတရုတ်နိုင်ငံ ၌  နွားနို့သောက်သုံးမှုနှုန်း မြင့်တက်ခဲ့ကြောင်း၊ တရုတ်နိုင်ငံမှ စားသုံးသူများသည် COVID-19 ကူးစက်မှုထိန်းချုပ် နေစဉ်ကာလအတွင်း အစားအစာများကို နေအိမ်တွင် ကိုယ်တိုင်ပြုလုပ်နိုင်ရန် ကြိုးစားလာကြောင်း၊ တရုတ်နိုင်ငံမှ ထုတ်လုပ်သည့် နွားနို့များတွင် မယ်လမင်းပါဝင်မှုကြောင့် ဒေသခံထုတ်လုပ်မှု လုပ်ငန်းများအပေါ် ယုံကြည်မှု လျော့နည်းလာပြီး နိုင်ငံခြားကုန်အမှတ်တံဆိပ် နွားနို့များတင်သွင်းရောင်းချမှုမှာ ကာလကြာရှည်အဆင် ပြေနေခဲ့ပြီး ဈေးဝယ်ရန်အတွက် ဟောင်ကောင်ဒေသသို့ အဓိကဦးစားပေး ခရီးထွက်ရန် ၎င်းတို့အား တွန်းအားပေးသကဲ့သို့ ဖြစ်စေကြောင်း၊ သို့သော်နိုင်ငံခြားကုန်အမှတ် တံဆိပ် နို့ထွက်ပစ္စည်းများ၏ ထုပ်ပိုးမှုပုံစံမှာ အခြေခံ လိုအပ်ချက်များ ဖြစ်သည့် သေးငယ်ပြီးအလွယ်တကူသယ်ယူနိုင်သည့် အနေအထားတွင်မရှိသော ကြောင့် အကျိုးအမြတ်ရရှိနိုင်မှုမှာ နည်းပါးလာကြောင်း၊ ၂၀၂၂ ခုနှစ်တွင် ကမ္ဘာ့အကြီးဆုံး နို့ထွက်ကုန်ပစ္စည်းများ ဈေးကွက်ဖြစ်လာရန် မျှော်မှန်း ထားသည့် တရုတ်နိုင်ငံ၌ စားသောက်ကုန်များ ရောင်းချရမှုများ ပိုမိုခိုင်မာလာအောင် ဆောင်ရွက်ရာတွင် နိုင်ငံရေး တင်းမာမှုများ အရှိန်မြင့်တက်လာမှုကြောင့် နို့ထွက်ကုန်ပစ္စည်းများအတွက် နိုင်ငံခြားသား ထုတ်လုပ်သူများ အနေဖြင့် ကုန်ကျ စရိတ်များပိုမိုကုန်ကျလာမည်ဖြစ်ကြောင်း၊နယူးဇီလန်နိုင်ငံအနေဖြင့် ၎င်း၏အဓိက ကုန်သွယ်ဖက် နိုင်ငံဖြင့် ကောင်းမွန်သည့် ဆက်ဆံရေးအခြေအနေများ ထိန်းသိမ်းထားနိုင်ရန်အလားအလာရှိကြောင်း ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌ Pearl Liu က “Foreign Milk Sales Fall As Ties Turn Sour” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

 

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: China (HongKong)