China(Beijing)

ပင်လယ်စာထွက်ကုန်များ နိုင်ငံအတွင်းသို့ တင်သွင်းမှုများအပေါ် တင်းကြပ်စွာ စစ်ဆေး လျက်ရှိခြင်း

Last Updated:

တရုတ်နိုင်ငံအနောက်မြောက်ပိုင်းဒေသရှိ လျောင်နင်းပြည်နယ်၊ Dalian ၌ (၁၀-၇-၂၀၂၀) ရက်နေ့တွင်  အီကွေဒေါနိုင်ငံမှ တင်သွင်းခဲ့သည့် အေးခဲပုဇွန်များအား ထုတ်ပိုးသည့်ပစ္စည်းများတွင် COVID-19 ရောဂါပိုး စမ်းသပ် တွေ့ရှိခဲ့ရပြီးနောက် (၂၂-၇-၂၀၂၀) ရက်နေ့တွင် အဆိုပါဒေသရှိ ပင်လယ်စာထွက်ကုန်များထုတ်လုပ်သည့်ကုမ္ပဏီ၌ အလုပ်လုပ်ကိုင်လျက်ရှိသည့် အလုပ်သမားတစ်ဉီး၌ COVID-19 ရောဂါပိုးရှိကြောင်း စမ်းသပ်တွေ့ရှိခဲ့ ကြောင်း၊ အဆိုပါရောဂါကူးစက်ခံရသူသည် ပြည်တွင်းကူးစက်မှုအသစ်အဖြစ် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး တရုတ်နိုင်ငံအနေဖြင့် မြို့တော်ပေကျင်းရှိ စားသောက်ကုန်လက္ကားဖြန့်ဖြူးသည့် ဈေးကြီးဖြစ်သည့် Xinfadi ဈေးရှိ ဆော်လမွန်ငါးများ ခုတ်ထစ်ရာ၌ အသုံးပြုသည့် စဉ့်နီတုံးတွင် COVID-19 ရောဂါပိုးစစ်ဆေးတွေ့ရှိသည့်အချိန်မှစတင်၍ နိုင်ငံအတွင်းသို့ တင်သွင်းလာမည့်စားသောက်ကုန်ပစ္စည်းများအား စစ်ဆေးမှုများတင်းကြပ်စွာ လုပ်ဆောင်လျက်ရှိကြောင်း သိရှိရပါသည်။

 

(စီးပွားရေးသံမှူး၊ပေကျင်း)

ရင်းမြစ်: https://www.globaltimes.cn/content/1195350.shtml
 

Category: China(Beijing)