China (HongKong)

ပထမလေးလပတ်အတွင်း ဟိုတယ်အခန်းများသုံးပုံနှစ်ပုံ ငှားရမ်းရခြင်းမရှိသောကြောင့် လုပ်ငန်းများ ရပ်တည်နိုင်မှု ကျဆင်းလျက်ရှိခြင်း

Last Updated:

ဟောင်ကောင်ဒေသ၌ ပထမလေးလပတ်အတွင်း ဟိုတယ်များ၏ အခန်းသုံးပုံနှစ်ပုံ ငှားရမ်းရခြင်းမရှိသောကြောင့် ဟိုတယ်ငှားရမ်းနှုန်းမှာ (၄၁.၅) ရာခိုင်နှုန်းကျဆင်းခဲ့ရာ တစ်ချိန်တည်းတွင် ရှန်ဟိုင်း (၁၅) ရာခိုင်နှုန်းနှင့် အိုဆာကာ (၁၃.၃) ရာခိုင်နှုန်း အသီးသီးကျဆင်းမှုတို့ထက် ပိုများလျက်ရှိကြောင်း၊ COVID-19 ဖြစ်ပွားမှုကြောင့် ခရီးသွားလာမှုများနှင့် မြို့များအား အသွားအလာကန့်သတ်မှုများကြောင့် ကမ္ဘာလှည့်ခရီးသည်များနှင့် စီးပွားရေးလုပ်ငန်းရှင်များလာရောက်မှု လျော့ကျမှုကြောင့် အာရှရှိ ဝန်ဆောင်မှုလုပ်ငန်းတွင် ‌ငွေကြေးကဏ္ဍအချက်အချာကျသည့် နေရာတစ်ခုဖြစ်သည့် ဟောင်ကောင်ရှိ ဟိုတယ်လုပ်ငန်း၏ ဆုံးရှုံးမှုမှာ အများဆုံးဖြစ်ကြောင်း၊ ဟောင်ကောင်ဒေသ၌ ၂၀၁၉ ခုနှစ်၊ ဇွန်လက စတင်ဖြစ်ပွားခဲ့သည့် အစိုးရဆန့်ကျင်ဆန္ဒပြမှုများ ကြောင့် ခရီးသွားများကျဆင်းလျက်ရှိရာ ယင်းကဏ္ဍ၌ စိန်ခေါ်မှုများမှာ ၂၀၁၉ ခုနှစ်ကတည်းက ရင်ဆိုင်နေခဲ့ရပြီး ပထမလေးလပတ်အတွင်း အခန်းငှားရမ်းနှုန်းမှာ (၄၂.၁) ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ COVID-19 ကူးစက်ခံရသူ (၁၀၅၆) ဦးရှိပြီး (၄) ဦး သေဆုံးခဲ့ရာ ဆယ်စုနှစ်အတွင်း စီးပွားရေးကျဆင်းနေသည့် ဟောင်ကောင်ဒေသ၏ စီးပွားရေးကို အဆိုးရွားဆုံးဖြစ်စေခဲ့ကြောင်း၊ ထောင်ပေါင်းများစွာသော ပြပွဲများ၊ ဆွေးနွေးပွဲများနှင့် ကုန်စည်ပြပွဲများကို ပယ်ဖျက်ခဲ့ရပြီး  COVID-19 ကြောင့် ဟောင်ကောင်မာရသွန်ပွဲကိုလည်း ပယ်ဖျက်ခဲ့ရရာ ဟိုတယ်အခန်းငှားရမ်းမှု များလျော့ကျခဲ့ပြီး  SARS ရောဂါဖြစ်ပွားစဉ်ကထက် အခြေအနေပိုမိုဆိုးရွားကြောင်း၊ ဟောင်ကောင်ခရီးသွားလုပ်ငန်းအဖွဲ့၏ စာရင်းများအရ ၂၀၁၉ ခုနှစ် ကာလတူက ခရီးသွား ၅.၅၇ မီလီယံရှိခဲ့ပြီး ယခုနှစ် ဧပြီလတွင် (၄,၁၀၀) ဦးသာလာရောက်ခဲ့ကြောင်း၊ COVID-19 ကြောင့် ဟောင်ကောင်သို့ လာရောက်သူများအား (၁၄) ရက်ကြာ ကန့်သတ်စောင့်ကြည့်မှုများကြောင့် မေလအတွင်း အလုပ်သမားနေ့ အားလပ်ရက် (၅) ရက်တွင် တရုတ်ပြည်မကြီးမှ ခရီးသွားများလာရောက် ဈေးဝယ်မှုများ လျော့ကျခြင်းကြောင့် ဟောင်ကောင်၏ အသက်သွေးကြောလုပ်ငန်းများဖြစ်သည့် ဟိုတယ်လုပ်ငန်းနှင့် လက်လီအရောင်းဆိုင် ဝန်ဆောင်မှုလုပ်ငန်းများမှာ ကျဆင်းခဲ့ပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Source: South China Morning Post (22-5-2020)

Category: China (HongKong)