Thailand

ပို့ကုန်မြှင့်တင်ရန်အတွက် ထိုင်းဆန်မျိုးကွဲသစ်များ တန်းစီထားခြင်း

Last Updated:

ထိုင်းနိုင်ငံအနေဖြင့် ၂၀၂၄ ခုနှစ်တွင် ဆန်တင်ပို့မှု ယှဉ်ပြိုင်နိုင်စွမ်းမြှင့်တင်နိုင်ရန်အတွက် စီးပွားဖြစ်ထုတ်လုပ်နိုင်မည့် ဆန်မျိုးကွဲ သစ် (၁၂) မျိုးအား ဖွံ့ဖြိုးတိုးတက်စေရန် စီစဉ်နေကြောင်း သိရှိရပါသည်။

စီးပွားဖြစ်ထုတ်လုပ်နိုင်သည့်  ဆန်မျိုးကွဲသစ်များအား ဆုချီးမြှင့်သည့်အခမ်းအနားအပြီးတွင် ထိုင်းနိုင်ငံ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီးမစ္စတာဂျူရင်က ဝန်ကြီးဌာနအနေဖြင့်  ထိုင်းဆန်များ  ဖွံ့ဖြိုးတိုးတက်ရေးနှင့် လက်ရှိဈေးကွက် များနှင့်  ဈေးကွက်သစ်များသို့ တင်ပို့မှုတိုးတက်စေရေးတို့အတွက် လုပ်ငန်းအဖွဲ့ကို တည်ထောင်ထားကြောင်း ပြောကြားခဲ့ပါ သည်။

ဆန်အမျိုးအစားသစ် (၁၂) မျိုးအနက် လေးမျိုးမှာ ဆန်မာအမျိုးအစားဖြစ်ကြောင်း၊ အခြားလေးမျိုးမှာ ဆန်ပျော့အမျိုးအစားနှင့် နှစ်မျိုးမှာ ထိုင်းဆန်မွေးများဖြစ်ကြောင်း၊  ကျန်နှစ်မျိုးမှာမူ အာဟာရဓါတ်မြင့်မားသည့် ဆန်များဖြစ်ကြောင်း၊ အဆိုပါမျိုးကွဲသစ် များသည် ကမ္ဘာ့စားသုံးသူများ အကြားဝယ်လိုအားမြင့်မားသည့်ဆန်အမျိုးအစားများဖြစ်သည်ဟု ဝန်ကြီး မစ္စတာဂျူရင်က ပြော ကြားခဲ့ကြောင်း သိရှိရပါသည်။

ထိုင်းနိုင်ငံအနေဖြင့် အရည်အသွေးမီ ဆန်များထုတ်လုပ်ရာတွင် ဉီးဆောင်သူဖြစ်ရမည်ဟု ဝန်ကြီးမစ္စတာဂျူရင်က ပြောကြားခဲ့ပါ သည်။ မဟာဗျူဟာမှာ ပြဿနာနှစ်ခုကိုဖြေရှင်းရန် အဓိကဖြစ်ကြောင်း၊ ထိုင်းဆန်အနေဖြင့် ရေရှည်အတွက် ဈေးနှုန်းမယှဉ်ပြိုင် နိုင်ခြင်းနှင့် ဆန်မျိုးကွဲအနည်းငယ်သာရှိခြင်း ဖြစ်ပါသည်။

အမျိုးသားဆန်မဟာဗျူဟာတွင် ထုတ်လုပ်မှုကုန်ကျစရိတ်အား ယခုလက်ရှိ တစ်တန်လျှင် ဘတ် (,၀၀၀) ယခု () နှစ်အတွင်း   တစ်တန်လျှင် ပျှမ်းမျှ ဘတ် (,၀၀၀) သို့လျှော့ချရန်ဖြစ်ကြောင်း၊ အထွက်နှုန်းအားလက်ရှိမြေတစ်ရိုင် (Rai) လျှင် (၄၆၅) ကီလို ဂရမ်မှ ပျမ်းမျှ (၆၀၀) ကီလိုဂရမ်သို့  တိုးမြှင့်ရရှိနိုင်ရန်အတွက် တောင်းဆိုတိုက်တွန်းထားကြောင်း၊ အကယ်၍ ထိုကဲ့သို့ရရှိခဲ့ပါလျှင် ကမ္ဘာ့ဈေးကွက်တွင် တိုင်းပြည်၏ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း  သိရှိရပါသည်။

ထိုင်းနိုင်ငံအနေဖြင့် ယမန်နှစ်က  ပြည်ပသို့ ဆန်တန်ချိန် (.၁၁) သန်း  တင်ပို့ခဲ့ကြောင်း၊ ၎င်းမှာ ၂၀၂၀ ခုနှစ်တွင်  တင်ပို့ခဲ့သော ဆန်တန်ချိန် (.၇၃) သန်းထက်  (,၆၈%) ပိုမိုတိုးတက်ခဲ့ခြင်းဖြစ်ကြောင်း၊ ပို့ကုန်တန်ဖိုးအားဖြင့်ဆိုပါက ဘတ်ငွေ (၁၀၈) ဘီလီယံရှိပြီး ၎င်းမှာ ၂၀၂၀ ခုနှစ်တွင် ရရှိခဲ့သော တန်ဖိုးငွေဘတ် (၁၁၆) ဘီလီယံထက် (.၁၄%) နည်းပါးသွားခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ယမန်နှစ်က  တင်ပို့ခဲ့သော ဆန်များတွင် ဆန်ဖြူတန်ချိန် (.၃၅) သန်း (+၁၈.%) ထိုင်း ဟုမ်းမလိဆန်တန်ချိန် (.) သန်း (-.%) ပေါင်းဆန်တန်ချိန် (.) သန်း (+.%) ထိုင်းဆန်မွှေးတန်ချိန် (၅၅၀,၅၇၄)(.%)၊ ကောက်ညှင်းဆန်တန်ချိန် (၃၁၀,၈၇၈) (+၁၂.%) တို့ဖြစ်ကြောင်း သိရှိရပါသည်။            

ထိုင်း ပြည်ပဆန်တင်ပို့သူများအသင်းအနေဖြင့် ရေလုံလောက်စွာရရှိခဲ့မှုကြောင့် ယခု နှစ်အတွက် ပြည်ပဆန်တင်ပို့မှု (၁၄.%) တိုး တက်နိုင်ပြီး တန်ချိန် () သန်းရရှိနိုင်မည်ဟု ခန့်မှန်းထားကြောင်း၊ ကမ္ဘာ့စီးပွားရေး ပြန်လည်ဉီးမော့လာမှုကြောင့် ဝယ်လိုအားတိုး တက်လာမည်ဟု ခန့်မှန်းရကြောင်း၊ ကောင်းမွန်သောငွေလဲနှုန်းက အထောက်အကူဖြစ်စေသင့်ကြောင်း ထိုင်း ပြည်ပဆန် တင်ပို့သူ များအသင်းက ဆိုပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Source: Bangkok Post

Category: Thailand