China(Nanning)

ပုလဲမြစ်အတွင်း ကုန်စည်စီးဆင်းမှုပမာဏ စံချိန်တင်မြင့်တက်ခဲ့

Last Updated:

            ၂၀၁၉ ခုနှစ်အတွင်း တရုတ်နိုင်ငံ တောင်ပိုင်းရှိ ပုလဲမြစ်အတွင်း ကုန်စည်စီးဆင်းမှု ပမာဏ မှာ တန်ချိန် (၁) ဘီလီယံကျော်လွန်ခဲ့သဖြင့် စံချိန်တင်ခဲ့ကာ၊ ရန်ဇီမြစ်အတွင်း ကုန်စည်စီးဆင်းမှု မှာ ဒုတိယနေရာတွင်ရှိခဲ့ကြောင်း တရားဝင်စာရင်းဇယားများအရ သိရပါသည်။

          ၂၀၁၉ ခုနှစ်အတွင်း ပုလဲမြစ်ကြေင်းတစ်လျှောက် ကုန်စည်ပို့ဆောင်ရေး ပမာဏမှာ (၅.၅.) ရာခိုင်နှုန်းမြင့်တက်ခဲ့ကာ ကမ္ဘာပေါ်တွင် ဒုတိယနေရာ၌ ရှိခဲ့ပါသည်။ မြစ်ကြောင်းတလျှောက် ပေ (၂၀) အရှည်ရှိသော ကွန်တိန်နာ ပို့ဆောင်မှုပေါင်း အလုံးရေ (၁၄) သန်းရှိခဲ့ပြီး ယခင်နှစ်က ထက်(၁၃.၄) ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း တွေ့ရပါသည်။

          ၂၀၁၉ ခုနှစ်အတွင်း ပုလဲမြစ်ပေါ်၌ ဆိပ်ကမ်းများ၊ သင်္ဘောသွားလာရေးလမ်းကြောင်းများ နှင့် အထောက်အကူများအပါအဝင် ရေကြောင်းသယ်ယူပို့ဆောင်ရေးစီမံကိန်း (၅၃) ခု တည် ဆောက်ခဲ့ပြီး စုစုပေါင်းရင်းနှီးမြှပ်နှံမှုပမာဏ (၆၂) ဘီလီယံ (အမေရိကန်ဒေါ်လာ ၈.၉၂ ဘီလီယံ ) ရှိခဲ့ပါသည်။

          ပုလဲမြစ် ရေကြောင်းပို့ဆောင်ရေးဖွံ့ဖြိုးမှုမှာ မြစ်ကြောင်းတလျှောက် စီးပွားရေးဖွံ့ဖြိုးတိုး တက်မှုအတွက် အခိုင်အမာပံ့ပိုးပေးကြောင်း စီးမံကိန်း အရာရှိ Wu Caiying  က ပြောကြားခဲ့ ပါသည်။

          ပန်-ပုလဲ မြစ်ဝှမ်းဒေသမှာ တရုတ်နိုင်ငံ၏ စီးပွားရေးအင်အားကြီးဒေသ တစ်ခုဖြစ်ကာ၊ ဖူကျန့်၊ ကျန်းရှီး၊ ဟူနန်၊ ကွမ်တုန်း၊ ကွမ်းရှီး၊ ဟိုင်နန်၊ စီချွမ်း၊ ကွမ်းကျိုးနှင့် ယူနန်တို့ ပါဝင်ကြပြီး၊ ဟောင်ကောင်နှင့် မကာအိုတို့မှာ အထူးစီမံအုပ်ချုပ်ခွင့်ရဒေသများဖြစ်ကြပါသည်။ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု ယန္တရားကို ၂၀၁၄ ခုနှစ်တွင် စတင်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: China(Nanning)