India (Delhi)

ပဲစင်းငုံများ နောက်ဆုံးထားတင်သွင်းရမည့် နေ့ရက်အား ၃၁-၁၂-၂၀၂၀ နေ့ အထိ အိန္ဒိယအစိုးရက တိုးမြှင့်ခွင့်ပြုခြင်း

Last Updated:

အိန္ဒိယနိုင်ငံ၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် ပဲစင်းငုံတန်ချိန် ၄ သိန်းအား ပြည်တွင်းရှိ ပဲခွဲစက်လုပ်ငန်းရှင်များသို့ ကိုတာခွဲဝေပေးမှုနှင့်အတူ ၁၅-၁၁-၂၀၂၀ နေ့ နောက်ဆုံးထား၍ အိန္ဒိယဆိပ်ကမ်းသို့အရောက် တင်သွင်းရမည်ဖြစ်ကြောင်းကို အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနရှိ ပြည်ပကုန်သွယ်ရေးညွှန်ကြား မှုဦးစီးဌာန (DGFT) က ၁၃-၁၀-၂၀၂၀ နေ့တွင် ၎င်း၏ ဒေသဆိုင်ရာ DGFT ရုံးခွဲများသို့ အကြောင်းကြားစာထုတ်ပြန်ခဲ့ပါသည်။

သို့ရာတွင် မြန်မာနိုင်ငံ၌ အိန္ဒိယသို့တင်ပို့ရန် ပဲစင်းငုံတန်ချိန် ၅၀၀၀၀ ကျော် ကျန်ရှိနေပြီး ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ တားဆီးထိန်းချုပ်မှုများအား ဆောင်ရွက်နေချိန်၌  ၁ လတာကာလအတွင်း အိန္ဒိယနိုင်ငံရှိ ဆိပ်ကမ်းများသို့ အရောက်တင်ပို့နိုင်ရန်မှာ ထောက်ပံ့ပို့ဆောင်မှုဆိုင်ရာ ကန့်သတ်ချက်များကြောင့် ခက်ခဲမှုရှိသဖြင့် နေ့ရက်တိုး မြှင့်ပေးရန် မြန်မာနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အိန္ဒိယနိုင်ငံ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနသို့ မေတ္တာရပ်ခံ ညှိနှိုင်းခဲ့ပါ သည်။

ယခုအခါ အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန Directorate General of Foreign Trade (DGFT) က ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ကန့်သတ် တင်သွင်းခွင့်ပြုထားသည့် ပဲစင်းငုံတန်ချိန် ၄ သိန်းအား ၁၅-၁၁-၂၀၂၀ နေ့နောက်ဆုံးထား၍ အိန္ဒိယနိုင်ငံရှိ ဆိပ်ကမ်းများသို့ အရောက်တင်သွင်းရန် သတ်မှတ်ထားရာမှ ၃၁-၁၂-၂၀၂၀ နေ့အထိ တိုးမြှင့်ခွင့်ပြုလိုက်ကြောင်း ၂၆-၁၀-၂၀၂၀ နေ့တွင် အများပြည်သူဆိုင်ရာ အသိပေးချက်အမှတ် ၂၇/ ၂၀၁၅-၂၀၂၀ ကို ထုတ်ပြန်ကြေညာခဲ့ပါ သည်။

အဆိုပါကြေညာချက်အရ HS Code 70136000 အောက်ရှိ ပဲစင်းငုံ (Pigeon Peas) များအား နောက်ဆုံးထားတင်သွင်းရမည့်နေ့ရက်ကို တိုးမြှင့်မှုနှင့်အတူ ကုန်စည်များ ကူးသန်းရောင်းဝယ်ခြင်းအတွက် ငွေပေးချေမှု Irrevocable Commercial Letter of Credit (ICLC) ကိစ္စရပ်များကိုလည်း အဆိုပါ ၃၁-၁၂-၂၀၂၀ ရက်နေ့အတွင်း အပြီးဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရှိရပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Source:         Public Notice No. 27/2015-2020 dated 26th October 2020 of Directorate General of Foreign Trade, Ministry of Commerce and Industry of India

Category: India (Delhi)