Thailand

ပြည်ပဆန်တင်ပို့မှုတန်ချိန် (၈) သန်းရှိမည်ဟု ခန့်မှန်းထားခြင်း

Last Updated:

ဘတ်ငွေအားနည်းခြင်း၊ ကမ္ဘာ့ဈေးကွက်ဝယ်လိုအား တိုးတက်လာခြင်းတို့ကြောင့် ယခုနှစ်အတွက် ထိုင်းနိုင်ငံ၏ ပြည်ပဆန်တင်ပို့မှု အနေဖြင့် တန်ချိန် (၈) သန်းကျော်ရှိလိမ့်မည်ဟု ခန့်မှန်းထားကြောင်း ဝါရင့်ကုန်သည် Chookiat Ophaswongse ၏ အဆိုအရ သိရှိ ရပါသည်။

ထိုင်း ပြည်ပဆန်တင်ပပို့သူများအသင်း ဂုဏ်ထူးဆောင်နာယကဖြစ်သူ Mr. Chookiat က ယခုနှစ် ပထမနှစ်လတွင် ထိုင်းဆန်တင်ပို့ မှုသည် တန်ချိန် (၁.၅) သန်းရှိခဲ့ပြီး ၂၀၂၁ ခုနှစ်ကာလတူက ရရှိခဲ့သော တန်ချိန် (၉၀၀,၀၀၀) နှင့်နှိုင်းယှဉ်ပါက ပိုမိုတိုးတက်များ ပြားကြောင်း ပြောကြားခဲ့ပါသည်။

အကယ်၍ ထိုင်းနိုင်ငံအနေဖြင့် တစ်လလျှင် ဆန်တန်ချိန် (၇၀၀,၀၀၀) ပျမ်းမျှတင်ပို့နိုင်မည်ဆိုပါက ယခုနှစ်အတွက် စုစုပေါင်း ဆန် တင်ပို့မှုအနေဖြင့် အနည်းဆုံးတန်ချိန် (၈) သန်းလောက်ရှိနိုင်ကြောင်း အသင်းမှ ခန့်မှန်းထားကြောင်း၊ တန်ဖိုးအားဖြင့်ဆိုပါက ဘတ်ငွေ (၁၃၀) ဘီလီယံခန့်ရှိနိုင်ကြောင်း၊ ၎င်းမှာ ယခင်နှစ်ကရရှိခဲ့သော ဘတ်ငွေ (၁၁၀) ဘီလီယံထက် ပိုမို၍တိုးတက်လာကြောင်း Mr. Chookiat က ပြောကြားခဲ့ပါသည်။

Mr. Chookiatက ဆက်လက်၍ လက်ရှိဖြစ်ပွားနေသော စစ်ပွဲကြောင့်နှင့် ထိုင်းဘတ်ငွေကျဆင်းသွားခြင်းတို့ကြောင့် ယခုအခါ ထိုင်းဆန်တင်ပို့မှုအနေဖြင့် ဈေးနှုန်းမှာ အပြိုင်အဆိုင်ဖြစ်နေကြောင်း၊ ထိုင်းဆန်ဈေးနှုန်းမှာ ဗီယက်နမ်ဆန်ဈေးနှုန်းနီးပါးဖြစ်နေ ကြောင်း ပြောကြားခဲ့ပါသည်။

ထိုင်းဆန်ဖြူ (၅%)  FOB ဈေးနှုန်းအနေဖြင့် တစ်တန်လျှင်  အမေရိကန်ဒေါ်လာ (၄၂၀) ဖြစ်ပြီး ဗီယက်နမ်ဆန်ဈေးနှုန်းနှင့် တူညီနေ ကြောင်း၊ အဆိုပါဈေးနှုန်းမှာ ယခုလအစတွင် မှတ်တမ်းတင်ထားသည့် တစ်တန်လျှင် အမေရိကန်ဒေါ်လာ (၄၀၀) ထက် ဒေါ်လာ (၂၀) ပိုများနေကြောင်း သိရှိရပါသည်။

ထိုင်း ဆန်ဈေးနှုန်းကို ဗီယက်နမ်ဆန်ဈေးနှုန်းနှင့် ချိန်ညိှသည့်အခါတိုင်း တူညီနေကြောင်း၊ ဖိလစ်ပိုင်၊ မလေးရှားနှင့် တရုတ်နိုင်ငံ တို့ကဲ့သို့သော အာရှနိုင်ငံများမှ ဆန်တင်သွင်းသူများအနေဖြင့် ထိုင်းဆန်ကိုဝယ်ယူကြကြောင်း၊ ပို၍အရေးကြီးသည်မှာ အီရန်၊ အီရတ် တို့ကဲ့သို့သော အရှေ့အလယ်ပိုင်းရှိ ပို့ကုန်ဈေးကွက်ဖြစ်ကြောင်း၊ ဆော်ဒီအာရေဗျမှာ ယခုနှစ်တွင်ဈေးကွက်ထဲ ပြန်လည်ရောက်ရှိ လာကြောင်း Mr. Chookiat ၏ အဆိုအရ သိရှိရပါသည်။

ဟောင်ကောင်၊ စင်္ကာပူတို့၌ ကိုဗစ်-၁၉ ဖြစ်ပွားမှုများအပြင် တရုတ်နိုင်ငံ Shenzhen တွင် lockdown ပိတ်ဆို့မှုများကြောင့် စားသုံး သူများအနေဖြင့် စူပါမားကက်များတွင် ထိုင်းဆန်များကို ဝယ်ယူနေကြကြောင်း၊ လက်ရှိဖြစ်ပွားနေသော စစ်ပွဲကြောင့် ဂျုံနှင့် ပြောင်း ဈေးများ မြင့်တက်ခြင်းကြောင့် ထိုင်းဆန်ဈေးကို ထိခိုက်စေပြီး အနည်းငယ်မြင့်တက်စေခဲ့ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။
မိမိတို့အနေဖြင့် ထိုင်းဆန်ဈေးမှာ (၅%) ခန့်တက်နိုင်သည်ဟု မျှော်မှန်းထားကြောင်း (သို့မဟုတ်) ယခုနှစ်ဒုတိယ (၃) လပတ်တွင် ဆန်တစ်တန်လျှင် ဒေါ်လာ (၂၀) ခန့်မြင့်တက်နိုင်သည်ဟု ခန့်မှန်းထားကြောင်း ၎င်းကပြောကြားခဲ့ပါသည်။
              

အိန္ဒိယတွင် ဆန်လက်ကျန် အဆမတန်များပြားနေကြောင်း၊ ထိုင်းနှင့် ဗီယက်နမ်တို့တွင် ယခုနှစ် ဆန်ပိုမိုထွက်ရှိမည်ဟု ခန့်မှန်းထား ကြောင်း ၎င်းကပြောကြားခဲ့ပါသည်။ ၂၀၂၁- ၂၀၂၂ ခုနှစ် သီးနှံရာသီအတွက် ထိုင်းဆန်စပါးထုတ်လုပ်မှုအနေဖြင့် စပါးတန်ချိန် (၃၀-၃၂) သန်းခန့်အထိ တိုးတက်ထွက်ရှိနိုင်သည်ဟု အသင်းမှ ခန့်မှန်းထားကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Source: Bangkok Post

Category: Thailand