Thailand

ပြည်ပတင်ပို့မှု တားမြစ်ပိတ်ပင်မှုအပေါ် ထိုင်းအစိုးရအဖွဲ့မှ အတည်ပြု

Last Updated:

အစိုးရအဖွဲ့အနေဖြင့် ပြည်တွင်းထောက်ပံ့မှု လုံလောက်စေရန် နှာခေါင်းစည်း (Face Mask)များအားပြည်ပတင်ပို့အပေါ်တားမြစ်ပိတ်ပင်သည့်အမိန့်ကို ယမန်နေ့ (၄.၃.၂၀၂၀ ရက်နေ့) က အတည်ပြုပေးခဲ့ပါသည်။ အစိုးရအဖွဲ့၏ ဒုတိယပြောရေးဆိုခွင့်ရှိသူ Rachada Dhnadirek က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက အဆိုပြုတင်ပြခဲ့သော အဆိုပါတားမြစ်ပိတ်ပင်မှုသည် စက်မှုလုပ်ငန်းစက်ရုံများနှင့် ကုန်အမှတ်တံဆိပ်ကန့်သတ်ချက်များနှင့် ထုတ်လုပ်သော နှာခေါင်းစည်းများအတွက်ကိုမူ ခြွင်းချက်ဖြစ်သည် ဟုပြောကြားခဲ့ပါသည်။

ဖေဖေါ်ဝါရီလ၉၂၁)ရက်နေ့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Mr. Jurinက နှာခေါင်းစည်းများတင်ပို့မှုနှင့်ပတ်သက်၍ ကုန်စည်နှင့်ဝန်ဆောင်မှု ဈေးနှုန်းဆိုင်ရာ ဗဟိုကော်မ၏  ကြေငြာချက်ကိုလက်မှတ်ရေးထိုးခဲ့ပါသည်။ မစ္စတာဂျူရင် ဉက္ကဌအဖြစ်ပါဝင်သည့် ဗဟိုကော်မတီသည် ဖေဖေါ်ဝါရီလ (၃) ရက်နေ့ တွင်နှာခေါင်းစည်းနှင့် အယ်ကိုဟော အခြေပြုလက်သန့်စင်ဆေးတို့အား ဈေးနှုန်းထိန်းချုပ်မှုစာရင်း (Price Control List) တွင်ထည့်သွင်းရန် အတည်ပြုပေးခဲ့ပါ သည်။

ဈေးနှုန်းထိန်းချုပ်မှုစာရင်းအရကုန်ပစ္စည်းထုတ်လုပ်သူများ (Manufacturers) ၊ ကုန်ပစ္စည်းဖြန့်ဝေသူများ (Distributors) ၊ ပြည်ပတင်ပို့သူများ(Exporters )၊ ပြည်ပမှကုန်ပစ္စည်းတင်သွင်းသူများ (Importers)အနေဖြင့် ထုတ်လုပ်မှုကုန်ကျစရိတ် (Production cost)၊ဈေးနှုန်းများ (prices)၊ ကုန်ထုတ်လုပ်သည့်ပမာဏ (production volume)၊ ကုန်ပစ္စည်းအဝင်အထွက်ဆိုင်ရာ အသေးစိတ်စာရင်းမှတ်တမ်း (Inventory) များကို ပြည်တွင်းကုန်သွယ်ရေးဉီးစီးဌာနသို့ အကြောင်းကြား ရမည်ဖြစ်ပါသည်။ ပြည်ပသို့ အခုရေ (၅၀၀) ကျော်တင်ပို့သူများအနေဖြင့် ဉီးစီးဌာနမှ ကြိုတင်ခွင့်ပြုချက်ရယူရန်လိုအပ်မည်ဖြစ်ပါသည်။

ပြည်တွင်းဝယ်လိုအားအတွက်လုံလောက်သော ပမာဏရှိနေသေးသဖြင့် ပြည်ပပို့ကုန် ပမာဏသန့်သတ်ချက်မှလွဲ၍ လက်သန့်စင်ဆေးရည်များကိုလည်းအလားတူ အစီအမံများ ပြု လုပ်သွားမည်ဖြစ်ပါသည်။ အဆိုပါဆုံးဖြတ်ချက်အား အစိုးရအဖွဲ့မှ ဖေဖေါ်ဝါရီလ(၁၁)ရက် နေ့တွင် အတည်ပြုချက်အားရရှိခဲ့ပြီးဖြစ်ပါသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ပြောကြားချက်အရဗိုင်းရပ်စ်ပိုးဖြစ် ပွားပေါ်ပေါက်ပြီးနောက်တစ်လလျှင်နှာခေါင်းစည်းအတွက် ပြည်တွင်း ဝယ်လိုအားမှာ ယခင်က တစ်လလျှင်သန်း (၃၀) သာ ရှိခဲ့ရာမှ ယခုအခါ တစ်လလျှင် (၄၀၅၀) သန်း အထိ မြင့်တက်လာခဲ့ကြောင်း သိရှိရပါသည်။

ပြည်ပသို့ အခုရေ (၅၀၀) ကျော်တင်ပို့သူများအနေဖြင့် ဉီးစီးဌာနမှ ကြိုတင်ခွင့်ပြုချက် ရယူရန်လိုအပ်မည်ဖြစ်ကြောင်းအမိန့်မှာ ဖေဖေါ်ဝါရီလ (၆) ရက်နေ့တွင် စတင်ခဲ့ပါသည်။ ဖေဖေါ်ဝါရီ လ(၇)ရက်နေ့မှ(၂၁)ရက်နေ့အကြား ပြည်ပတင်ပို့သူ (၁၀၀) ကျော်မှ အခုရေ(၃၂)သန်း အထိ ပြည်ပတင်ပို့ခွင့်အတွက် ခွင့်ပြုချက် တောင်းခံခဲ့သော်လည်း ဉီးစီးဌာနအနေဖြင့် မည်သူ့ကိုမျှ ခွင့်ပြုချက်မပေးခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။ တာဝန် ရှိသူများအနေဖြင့် အချို့သော ပြည်ပတင်ပို့သူများအနေဖြင့် တစ်ကြိမ်လျှင် အခုရေ (၅၀၀) အောက်ဖြင့် တစ်နေ့လျှင် အကြိမ်ရေများစွာ တင်ပို့သည်ကို တွေ့ရှိခဲ့ရ ပါသည်။

ထိုင်းနိုင်ငံအနေဖြင့် ၂၀၁၉ခုနှစ်တွင်ပြည်ပသို့ နှာခေါင်းစည်း (၂၂၆) သန်း တင်ပို့ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် တင်ပို့ခဲ့သော နှာခေါင်းစည်း (၇၁) သန်းထက် (၂၁၈%) မြင့်တက်ခဲ့ခြင်းဖြစ်ပါသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက နှာခေါင်းစည်း ထုတ်လုပ်သောစက်ရုံ (၁၁) ရုံမှ တစ်လလျှင် နှာခေါင်းစည်း (၃၆) သန်းထုတ်လုပ်လျှက်ရှိနေကြောင်း၊ ၎င်းတို့အနေဖြင့် ထုတ်လုပ်မှုကိုတစ်လလျှင်နှာခေါင်းစည်း (၃၈) သန်း ထုတ်လုပ်နိုင်ရေးမြှင့်တင်ဆောင်ရွက်နိုင်ကြောင်း အစိုးရအဖွဲ့သို့ အစီရင်ခံတင်ပြ ခဲ့ပါသည်။ နှာခေါင်းစည်းထုတ်လုပ်ရေးအတွက် အဓိက လိုအပ်သည့် ကုန်ကြမ်းမှာ စစ်ထုတ်သည့်ပစ္စည်း (Filter ) ဖြစ်ကြောင်း၊ ၎င်းကို အဓိကအားဖြင့် ထိုင်ဝမ်၊ တရုတ်၊ အင်ဒိုနီးရှားတို့မှ ထုတ်လုပ်ကြခြင်းဖြစ်ပါသည်။

Ms,. Rachada က အင်ဒိုနီးရှားရှိ ထုတ်လုပ်သူတစ်ချို့က စစ်ထုတ်သည့်ပစ္စည်း (Filter) များ၏ ဈေးနှုန်းကိုနှစ်ဆတိုးစေလိုကြောင်း၊ တရုတ်ပြည်မှ တင်သွင်းမှု ပြန်လည်စတင်ရန် လိုအပ်နေချိန်တွင် Filter များရှားပါးနေကြောင်း ပြောကြားခဲ့ပါသည်။ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့တို့အား ထုတ်လုပ်မှုတိုးမြှင့်ရေးအတွက် နှာခေါင်းစည်း ထုတ်လုပ်သူများအတွက် ဆွဲဆောင်မှု မက်လုံးအသစ်များ လေ့လာတင်ပြရန် ညွှန်ကြားခဲ့သည်ဟု သူမက ပြောကြားခဲ့ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ)

Source:Bangk Post      

Category: Thailand