Thailand

ဗန်ကောက်တွင် (၆၅)ကြိမ်မြောက် ကျောက်မျက်နှင့်လက်ဝတ်ရတနာပြပွဲကျင်းပ

Last Updated:

(၆၅)ကြိမ်မြောက်ဗန်ကောက်ကျောက်မျက်နှင့်လက်ဝတ်ရတနာပြပွဲကို ၎င်းနှင့် အလားတူကုန်စည်ပြပွဲကို ဟောင်ကောင်တွင်မေလအထိ ရွေ့ဆိုင်းထားခဲ့သော်လည်း ဗန်ကောက်အနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကိုတွန်းလှန်ကာ ယမန်နေ့က စီစဉ် ထားသည့်အတိုင်း စတင်ကျင်းပခဲ့ပါသည်။

ရလဒ်အနေဖြင့်ဗန်ကောက်ကျောက်မျက်နှင့်လက်ဝတ်ရတနာပြပွဲမှာယခုအချိန်ခါ အတောအတွင်း အာရှတွင်ကျင်းပမည့်အကြီးဆုံးကျောက်မျက်နှင့် လက်ဝတ် ရတနာပြပွဲဖြစ်ကြောင်း၊ ယခုပြပွဲမှာ ကုန်ပစ္စည်းအရင်းအမြစ်များကိုရှာဖွေရန်၊ စီးပွားရေးကွန်ယက် (Business Networks) များကိုရှာဖွေရန် အတွက်နှင့် ပြည်ပမှ အလားအလာရှိသော ဝယ်ယူသူများကိုဆွဲဆောင်ရန်ဖြစ်ကြောင်း ကုန်သွယ်မှုမြှင့်တင်ရေးဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ်Somdet Susomboon ကပြောကြားခဲ့ ပါသည်။

ပုံမှန်အားဖြင့်ဗန်ကောက်ကျောက်မျက်နှင့်လက်ဝတ်ရတနာပြပွဲကို မတ်လအစောပိုင်းတွင် ဟောင်ကောင်လက်ဝတ်ရတနာပြပွဲနှင့်အပြိုင် ကျင်းပလေ့ရှိပါသည်။ ယခုနှစ်ပြပွဲကို ဖေဖေါ်ဝါရီလ (၂၅) ရက်နေ့မှ (၂၉) ရက်နေ့အထိ အင်းပက် မောင်းထောင်းဌာနီ(Impact Muang Thong Thani) တွင်ကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။

ရည်ရွယ်ချက်မှာ တိုင်းပြည်၏ကမ္ဘာ့ကျောက်မျက်ရတနာနှင့်လက်ဝတ်ရတနာ လုပ်ငန်း၏ အလားအလာနှင့် အားသာချက်များကို ပြသနိုင်ရန်ဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းမှ ဝယ်ယူသူများနှင့် တွေ့ဆုံရန်နှင့် ကုန်သွယ်မှု အခွင့်အလမ်းသစ်များကို ဖွင့်လှစ်နိုင်ရန်ဖြစ်ပါသည်။

ပြပွဲအားဧည့်သည် (၁၀,၀၀၀) ခန့်လာရောက်ကြမည်ဟု ခန့်မှန်းထားပြီးကုန်သွယ်မှုပမာဏ အားဖြင့်ဘတ်ငွေ(၂.၄)ဘီလီယံခန့်ရှိမည်ဟု ခန့်မှန်းထားပါသည်။ ကုန်စည်ပြပွဲအတွက် ရေဘူယျအားဖြင့် စိတ်ဓါတ်များ မျှော်မှန်းထားသည်ထက် ပိုမိုတက်ကြွစွာ ရှိနေမည်ဟု မျှော်မှန်းထားပြီး (Covid-19) ဗိုင်းရပ်စ် ရောဂါ ဖြစ်ပွား နေသော်လည်း ကြိုတင်စာရင်းပေးသွင်းထားသော နိုင်ငံခြားမှ ချမ်းသာကြွယ်ဝသည့် ဝယ်သူများနှင့် သွင်းကုန်တင်သွင်းသူများ (၂၅၀၀) မှာ ပြပွဲသို့ ချိတ်ဆက် တက်ရောက်နေ ကြဆဲဖြစ်သည်ဟု Mr. Somdet ကပြောကြားခဲ့ပါသည်။ တက်ရောက်လာကြသူအများစုမှာ အိန္ဒိယ၊ CLMV နိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်၊ အရှေ့အလယ်ပိုင်း၊ အမေရိကန်၊ တရုတ်နှင့်ဉရောပနိုင်ငံများမှ ဖြစ်ပါသည်။

Mr.Spmdet က ပြောကြားရာတွင် ကုန်သွယ်မှုမြှင့်တင်ရေးဉီးစီးဌာန အနေဖြင့် ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန၏ ရောဂါထိန်းချုပ်ရေးဉီးစီးဌာနနှင့် ဆက်စပ် ဌာနများနှင့် ပူးပေါင်းလျှက် ပြပွဲကျင်းပရာဧရိယာတွင် ဗိုင်းရပ်စ်ကာကွယ်ရေး အစီအမံများကို ပြုလုပ်ခဲ့သည်ဟု ပြောကြားခဲ့ပါသည်။ ၎င်းက ပြည်တွင်းကျောက်မျက်နှင့်လက်ဝတ်ရတနာများအနေဖြင့် ၎င်းတို့၏ လက်ရာကောင်းမွန်ခြင်း၊ ဒီဇိုင်းအရည်အသွေးနှင့် ပြည့်စုံကောင်းမွန်လှသည့် ထုတ်လုပ်မှုနည်းစဉ်များကြောင့် ဝယ်လိုအား ဆက်လက် ရှိနေဆဲဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ)

Source:Bangk Post          

Category: Thailand